((( ကနူးလေးကိုလှော် )))

((( ကနူးလေးကိုလှော် )))

ရွေးကောက်ပွဲနီးလာတော့
ရာသီသံစဉ်များနဲ့ အသစ်စ ပျော်ရာ
သာယာမြူးကြွတဲ့စိတ်လှိုင်း ယဉ်သာနေ
အပြင်မှာ လူထုနဲ့ ချည်းကပ်ကာ
အနီးကပ်တွေ့အောင်လေ့လာ
ဘာတွေ လုပ်ပေးမလို့ ညာတွေ လုပ်ပေးမလို့
ကတိစကားတို့နဲ့ ပေးကာ
အခြေခံမေတ္တာကို စိုက်ပျိုးလျှက် ခရီးဆက်
ပြည်သူ့အပြုံးအားကို တက်နင်းပြီး
အာဏာရဲ့အစကို ဖက်တွယ်တက်သွားခဲ့သူ

ရွေးကောက်ပွဲ အပြီးမှာတော့
ပါလီမန်ဝင်များရဲ့ အဇ္ဈတ္တပေါ်လာ
အာဏာရူးကြတဲ့ အဆိပ်မှိုင်း ဝင်လာပေ
တမင်တကာ လူထုနဲ့ စည်းပြတ်စွာ
အပြီးသတ် ကွေ့ရှောင်မေ့ကာ
ဘာတွေ မဟုတ်သေးလို့ ညာတွေ မဟုတ်သေးလို့
ကတိတရားတို့နဲ့ ဝေးရာ
အသေခံသစ္စာကို ရိုက်ချိုးဖျက်ဆီးလျှက်
ပြည်သူ့နှလုံးသားကို ဖျက်ရှင်းပြီး
သာယာတဲ့ဘဝကို ဖျက်ပယ်လျှက်ထားခဲ့သူ
လိမ်ညာရေးများနဲ့ သွေးဆောင်ကြရာ ဘဝသစ်မှာ
အိမ်မှာမွေးထားတဲ့ခွေးကောင်ကသာ အမတ်ဖြစ်လာ
အယုတ်တရား စုရောထားတဲ့ မုသားထူထူ မူဝါဒအား
အလုပ်များဟု သဘောထားလျှက် စုထားသူ သူအသာရသွား
ရိုးသားသူအစစ်ဟာ ခင်ဗျားနဲ့ကျနော်ပါ
အဆိုးများပူဆင့်ကာ ကျွန်ဖြစ်ရတာ ပျော်တယ် မဟုတ်လား
ရိုးမသစ်မာများလို မြန်မာပြည်သားစစ်မှန်ရင်
လူတယောက်ရဲ့သစ်ပင်ရင်ခွင်ကို ထွင်းဆစ်ပူဇော်ထားစမ်း
သစ်ထွင်းလှေပေါ်မှာ ပေါက်ဆိန်တွေ စူးတွေ  ဆောက်တွေ
အာဏာရူး အရက်သောက်တမ်း ကစားဖို့။   ။
သုအိုင်စံ
၂၇-၀၈-၂၀၁၅

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ