((( တံလျှပ် )))

((( တံလျှပ် )))

ဖဲ ၂ ရွက် ပေါင်းကြည့်
ဘယ်နှပွင့်ရှိ--- ဆိုတာမျိုးပေါ့
ဘဝကတော့
တကယ့်ကို ရိုးရိုး လွယ်လွယ်လေးပါ
ဖဲ ၃ ရွက် ပေါင်းကြည့်
ဘယ်နှပွင့်ရှိ--- ဆိုတာမျိုးပေါ့
ဘဝကတော့
တကယ့်ကို ရိုးရိုး လွယ်လွယ်လေးပါ

ရှုပ်ထွေးခက်ခဲနေတာက
ဘယ်ဖဲ အတက်မှာ
ဘယ်လို လောင်းလိုက်တယ်
ဘယ်ဖဲ အထမှာ
ဘယ်လောက် လောင်းလိုက်တယ်
ဘယ် အခြေအနေမှာ
ဘယ် လောက်လောင်းလိုက်လို့
မနေ့ကတို့ကို
ဘယ်လောက် ကာမိပြီးတော့
မနက်ဖြန်တို့ကို
ဘယ်လောက် အမြတ်ကျန်တာဟေ့
ဒီနေ့ကို
လိုက်မလား ပြေးမလား
ပြေးရဲတာလည်း သတ္တိ ဖြစ်တယ်
ဒီနေ့ကို
ဆွဲမလား ပစ်မလား
လိုက်ရဲတာလည်း သတ္တိ ဖြစ်တယ်
၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁
သူလည်း ၇ ကွက်နဲ့ လူဖြစ်လာ
ဥာဏ်တွေမာယာတွေနဲ့ ကစား
ကိုယ်လည်း ၇ကွက်နဲ့ လူဖြစ်လာ
ဥာဏ်တွေမာယာတွေနဲ့ ကစား
တခါတခါ မပေါမရှား ဆောင့်တက်ခဲ့
ဖဲ၂ ရွက်နဲ့ Black Jack ဖြစ်သွားပြန်
အဲဒီ ကံ ဆိုတာ မျက်နှာ မလိုက်တတ်ပါ
ကံ ဟာ မျက်နှာပြောင် မတိုက်တတ်ပါ
ဖဲသမားဟာ ဖဲရိုက်တတ်ဖို့သာ လိုတယ်
ဆွဲဖဲတိုင်းသာ လွဲနေမယ်ဆို
ကိုယ်မွဲသွားတာ ကြာရောပေါ့ကွာ
စောင့်ဖဲတိုင်းသာ ရောက်လာမယ်ဆို
ကိုယ်နိုင်တာသွားတာ ကြာရောပေါ့ကွာ
ဘာဖဲ တက်မလဲ ဆိုတဲ့ အမေးကို ဖြေဆိုရန်
တက်ချင်တဲ့ဖဲ တက်မယ် ဆိုတာပဲ အဖြေမှန်
ကိုယ့် လက်ထဲက ဖဲချပ်တွေကို ကိုယ် ပိုင်ပေမဲ့
ကိုယ် ဆက်ဆွဲရမဲ့ ဖဲချပ်တွေကို ကိုယ် မပိုင်ပါ
ကိုယ့် လက်ထဲ မပိုင်တာကို ကိုယ် လုပ်မရတော့
ကိုယ့် လက်ထဲ ကိုယ် ပိုင်တာကို လုပ်ကြပေါ့ကွာ
ကိုယ့်လက်ထဲ ကိုယ် ပိုင်တာ လောင်းကြေးပဲ
ဖဲရိုက်တာ လောင်းကြေးကို ရိုက်ကစားတာပဲ
ဖဲရိုက်တာ လောင်းကြေးကို လိုက်မျှားတာပဲ
ဘဝဆိုတာဟာလည်း
ဖဲရိုက်ကစားခြင်းလို့ပဲ ရိုးရိုးသာ တွေးမြင်ခဲ့ကြောင်း
လောင်းကြေးဗျူဟာကို ဖွင့်ကစားရန် မတွေးကြံနိုင်
ငါတို့ဟာ ရှုံး ရှုံးပြီး ဘေးမှာ ထွက်ထိုင်ခဲ့ရ အချီချီ
ဖြစ်တည်မှုကို ဒိုင်ကိုင် ဖဲရိုက်တဲ့ ဘုရားသခင်ဟာ
သူ့ ဖဲရွက်တွေကို ကုလားဖန်ထိုးနေတယ် ဆိုရင်
ဖြစ်တည်မှုကို ထိုင်ထိုး ဖဲရိုက်တဲ့ လူသားသင်ဟာ
သင့် လောင်းကြေးတွေကို ကုလားဖန်ထိုးနေရမှာပဲ
ဘဝဆိုတာ ဖဲကို ရိုက်ကြတာ လုံးဝ မဟုတ်ဘူး
လောင်းကြေးကို လုံးသတ်ချုပ်ပူး ရိုက်ကြတာ
မိုက်တတ်ဖို့ လိုတယ်
ပါးနပ်ဖို့ လိုတယ်။ ။

သုအိုင်စံ
၂၃-၀၃-၂၀၁၅

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))