((( အသဲနှလုံးဗေဒ )))

((( အသဲနှလုံးဗေဒ )))

လူသားဟာ
သူရဲ့ ရင်ခွင်ထွက် နှလုံးသွေးတော်ကို
အတွေးအခေါ်နဲ့ သန့်စင်ယူလိုက်တယ်
ပြီးတော့
အရိုးခံစိတ်စစ်နဲ့ ပုံသွင်းထုဆစ်လိုက်တယ်
ပြီးတော့
ခေတ်သမာဓိနာရီနဲ့ အချိန်တိုက်လိုက်တယ်
ပြီးတော့
အဲဒါကို သူမအား ထာဝရစား ပေးလိုက်တယ်
သူမက
ဖတ်မရဘူး... ဘာတွေရေးထားတာလဲ..တဲ့
အဲဒါ ကဗျာ
သုံးထားတာက နှလုံးသားဘာသာစကား
ဘာသာပြန်ဖို့ တခြားဘာသာစကား မရှိ
ခံစားတတ်ချင်ရင် နှလုံးသားနဲ့ ဖတ်ကြည့်..တဲ့
အချိန်သမိုင်းရဲ့
တခုခုသော တနေနေ့ တရက်ရက်မှာ
လူဟာ လူရေးတဲ့ ကဗျာကို ဖတ်-တတ်-သွား
ချစ်ခြင်းကို မွေးဖွားတယ်။ ။

သုအိုင်စံ
၁၁-၀၉-၂၀၁၅

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ