((( ပုလင်းထဲကလူ )))

((( ပုလင်းထဲကလူ )))

အပေါက်ရှိမှ လေဝင်မယ်
လေဝင်မှ ရှင်သန်နိုင်မယ်

ငါ့ကိုယ်က ပုလင်းအတွင်းနံရံမှာ အမြဲကပ်ပြီး အကျဉ်းကျနေတယ်
ငါ့စိတ်က ပုလင်းအပြင်နံရံမှာ ခဏကပ်ပြီး လျှောက်သွားနေတယ်

ဗဟုသုတဟာ မြင်နေရခြင်းပဲ
ဗဟုသုတက ငါ့ကိုသတ်တယ်

ဒီပုလင်းနဲ့တူတဲ့ ဟိုပုလင်းကို မြင်နေရတယ်
ဟိုပုလင်းနဲ့တူတဲ့ တခြားပုလင်းကို မြင်နေရတယ်
ဟလို..ရောင်းရင်းတို့...

ကောင်းကင်ငေးရင်း
ကြယ်တစ်စင်းကြွေသွားတာကို မြင်ရင်
Amen လို့ ငါရွတ်တတ်တယ်
လေယာဉ်တစ်တစင်း ပျက်ကျသွားတာမြင်ရင်
Holy Shit ငါလန့်အော်ထွက်သွားမယ်
သူတို့မှာ ပုလင်းမရှိဘူးလား

ရေအောက်မှာ
ငါးကြီးက ငါးငယ်ကို ပြေးမြိုလိုက်လိုက်တဲ့အခါ
သူ့ပုလင်းဟာ ဘယ်ရောက်နေပါသလဲ

ဗဟုသုတက ငါ့ကို သတ်တယ်
လှောင်အိမ်က ငါ့ကို စောင့်ရှောက်တယ်

ငါဟာ အမြဲ ထွက်ဖို့ ကြိုးစားနေတဲ့ကောင်ပါ
ထောင်အရိပ်ဟာ လွပ်လပ်လိုစိတ်နဲ့ မဲမှောင်တယ်

လူ့အခွင့်အရေးဆိုတာ
လေဝင်ပေါက်ဖြစ်တယ်
အဲဒါကို လူထွက်ချင်လို့မရဘူး

ကမ္ဘာကို သစ်တောတွေခွာပြီး
နေပူထဲပစ်ထားကြည့်ပါလား
ပြာခဲကြီးဖြစ်သွားမယ်လို့ တွေးမိလား

ဘဝဟာ
ပုလင်းအပြည့်ရရင် တော်ပြီမဟုတ်လား
လျှံထွက်ချင်စိတ်များကို လျှော့ခဲ့ပါ

ပုလင်းအပြင်က
အာကာသတိုက်ပွဲတွေ သိပ်ကြည့်လို့ကောင်းတာပဲလား
ပုလင်းအထဲက
အမှိုက်များကို ရှင်းလိုက်ရင်လည်း လှလာနိုင်ပေတယ်

အရက်ဟာအရက်ဖြစ်ဖို့
ပုလင်းထဲထည့်ထားရတယ် လူတို့ရေ
သိပ်ပြီးပေမရှည်ချင်နဲ့
ကိုယ့်ချည်မျှင်က ကိုယ့်ကိုပြန်ချုပ်နှောင်ခဲ့တာ
ကို ဖြည်လှည့်ပါ။   ။

သုအိုင်စံ
၂၄-၀၅-၂၀၁၃

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))