((( ဖယ်ထားတဲ့ဖဲ )))

((( ဖယ်ထားတဲ့ဖဲ )))

အများကိုးကွယ်တိုင်းဟာလည်း
အမှန်တရားစစ် မဟုတ်သေးတာ လက်ခံဆဲ
မနက်ဖန်ဖဲမှာ
မရှုံးမဲ့အပွင့်အားဟာ
လိုနေနိုင်သလို၊ ပိုနေနိုင်တာပဲ၊
အလယ်ထဲလာလိုစိတ်နဲ့ လူက ဆွဲချ ပါအုန်းတဲ့
ဘူကျ လည်း ဘဝဟာ ရှုံးထွက် လို့မှမရပဲ
ပိုင်ဆိုင်ထားသောရှိသမျှများ ထုခွဲထုတ်ပေါင်ကာ
လူဖဲဟာ ဘဝထဲမှာ မထွက်ရအောင် လူရဲ စရိုက်ရဲ


စကားအတိုးအကျယ်တိုင်းမှာလည်း
အမှန်အမှားနှင့် ရှုပ်ထွေးကာ ဆက်မှန်ဆဲ
လက်ကျန်အသဲမှာ
နှလုံးရဲ့ညှစ်အားဟာ
လိုနေနိုင်သလို၊ ပိုနေနိုင်တာပဲ၊
တကယ်ပဲကျမ္မာလိုစိတ်နဲ့ လူက တွဲမ လာအုန်းတဲ့
မထူမတ်လည်း ဘဝဟာဆုံးပျက် လို့မှမရပဲ
ပိုင်နိုင်ထားသောရှိသမျှအား စုဆွဲချုပ်နှောင်ကာ
လူအသဲဟာ ဟပြဲစွာ အသက်ရအောင် ရှူ မြဲ ရှိုက်မြဲ

အများစုက အမှန်တရား လုပ်ချင်တဲ့
ဖဲသုံးစကားဟာ
အရက်အရမ်းသောက်လို့
အမြဲတမ်း အသဲခြောက်သေ၏

စကားတစ်ခုမှ အမှန်အမှား မရှုပ်ချင်တဲ့
အသဲနှလုံးကြားမှာ
အသက်လှမ်းလျှောက်ဖို့
အမြဲတမ်း ဖဲပျောက်နေ၏

အများစုသဘောက စကားစုပြောကြရဲ့
အများစုရဲ့စကားထုထဲမှာ
လူ့အရေပြားဟာ လူ့အခေါင်းခွံပါ ဆိုတာ
လူ့အရိုးဟာ လူ့အခေါင်းလုပ်ရန် ဆိုတာ
မပြောလာမိခဲ့ မကြားလာရ၊ အများမသိတဲ့ ဝေါဟာရတွေ၊

တစ်ခုစီဘဝက၊ ဘယ်သူ့ဆီကမှ၊
ကူဖဲမကျတဲ့ လူအသဲတစ်ချပ်ရဲ့
အသက်ကို ခေါ် ခေါ်ပြီး ရိုက်တဲ့အသံ
ရင်ခုန်နှုန်းလို သချိုင်းကုန်းသံ ညံနေတာပဲ
ဘာမှလည်း မကြားရဘူးကွာ။ ။

သုအိုင်စံ
၀၄-၀၃-၂၀၁၄

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ