((( အောက်ပိုင်းဖုံးထားတဲ့ကဗျာ )))

((( အောက်ပိုင်းဖုံးထားတဲ့ကဗျာ )))

(၁)
အပြင်ဘက်မှာပါးချိုင့်လေးလှေလှော်ခပ်သွားတယ်
မျက်တောင်ကော့ကော့တွေကိုယ်ဖော့လှိုင်းစီးနေတုန်း
နှုပ်ခမ်း(၄)လွာအလုံပိတ်အစည်းအဝေးခမ်းမထဲမှာ
စကားနှစ်ခွန်းသဘောတူညီချက်ရသွားပြီဖြစ်ကြောင်း
မျက်မြင်သက်သေသွားတက်လေးက
ထုတ်ပြန်ကြေညာသွားတာကို တိရိစ္ဆာန်တွေကြားလိုက်တယ်။
နေလို့ထိုင်လို့ကောင်းတဲ့ကမ်းခြေလို့ထင်ခဲ့တာတဲ့
အသက်ရှူကျပ်နေတာကိုသိလိုက်ကြမှပဲ
သဘာဝနှုပ်ခမ်းဆိုးဆေးနွံထဲရုန်းအထ
ပင်လယ်ကပင်လယ်ကိုနှစ်နှစ်လိုလိုပြုံးပြပြန်တယ်
ဒါနဲ့ပဲ
သွားနှင့်တော့လို့ ကမ၁ကြီးကိုလှမ်းတော့ပြောလိုက်သေးသတဲ့
(အဲဒီမှာတင်) သတင်းပြတ်တောက်သွားတော့တာပဲ။

(၂)
ဘယ်လောက်ကြာလို့ ဘာတွေဖြစ်ခဲ့မှန်းမသိရဘူး။

(၃)
နောက်ဆုံးလေ့လာတွက်ဆချက်အရ
ဆန္ဒ တွေလွပ်လပ်ရေးရစခေတ်မှာ
ပင်လယ်ကအကျီအ၀တ်အစားတွေကိုချွတ်ပြီး
ပင်လယ်ထဲဒိုင်ဗင်ထိုးချ
ရေကူးနည်းမျိုးစုံနဲ့ရေကူးကြသတဲ့
ငွေ၊ ဂုန်၊ ဓန၊ ပညာနဲ့ ပိုင်ဆိုင်မှုအားလုံး
သုံးစားလို၏့မရတော့ဘူးတဲ့(တချို့ကသုံးဖို့မေ့နေတာလို့ပြောတယ်)
ကာမကောင်ရေ( ရမက်၂ ခု)အားနဲ့ခုတ်မောင်းလည်ပတ်
ဓါတ်လိုက်နေတဲ့သွေးကြောမျှင်တွေထဲမှာ
အနမ်းပိုးလေးရှင်သန်လာခဲ့တာအခုထိပဲတဲ့
အချစ်ကိုသွေးစစ်ကြည့်လိုက်တော့
အဲဒီအနမ်းကောင်ကိုလတ်ဆတ်နုပျိုရင်ဖိုစွာတွေ့ရတယ်။

(၄)
မှတ်ချက်။ ။
အပိုဒ်(တစ်)ကို ဧဒင်ဥယျာဉ်ထဲကတွေ့ခဲ့ပြီး
အပိုဒ်(သုံး)ဟာ ခေတ်ပေါ်စုံတွဲနှစ်ဦးရဲ့
ပူးကပ်ယှဉ်ထပ်ထားတဲ့အသဲလွာပေါ်က ကဗျည်းစာဖြစ်တယ် တဲ့
အပိုဒ်(နှစ်)နဲ့ပါတ်သက်လို့ကတော့
ခေတ်ရဲ့ စာသားမဲ့အဖွဲ.အနွဲ့တွေပါလို့
လူတွေက ၀တ်ကျေတမ်းကျေ လောက်ပဲပြောပြကြတယ်
(သူတို့ကြည့်ရတာ နည်းနည်းရှက်နေသလိုပဲ)။ ။

သုအိုင်စံ
၂၀၀၀

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ