((( ဦးဆောင်လမ်းများ )))

((( ဦးဆောင်လမ်းများ )))

တစ်ယောက်က
ဟိုး..ဝေးဝေးက ကားလမ်းကတ္တရာပဲ။
တစ်ယောက်က
ဟိုး..ဝေးဝေးက နွားလမ်းဖြတ်ရာပဲ
နှစ်ယောက်စလုံးပဲ
အခြောက်ခြားဆုံး သုသာန်ဇရပ်ထဲ။

တစ်ပေါက်က
အကျည်းဆုံး ပြတင်းဘောင်ပဲ
တစ်ပေါက်က
အလင်းဆုံး အလင်းရောင်ပဲ
နှစ်ပေါက်စလုံးပဲ
အမှောင်မိုက်ဆုံး အကျဉ်းထောင်ထဲ

တွေ့ခဲ ဆုံခဲတဲ့ လောကထဲ
ရွေ့မြဲ စုန်မြဲ လောကသားတို့
လမ်းများဟာ လမ်းသွားလို့နေမြဲ
ဘယ်ကိုမှလဲ မရောက်တတ်တဲ့
ရာဇဝင်ရဲ့ ကွေ့တို့
အရာမထင်တဲ့ နေ့တို့
ဗလာအလျင်နဲ့ အရွေ့တို့
ရှေ့သို့ဟူသော မရေမရာမှာ
နေပျော်ခဲ့တာလား သေပျော်ခဲ့တာလား
လမ်းပေါ်မှာ အသားကျနေတဲ့ ခြေဗွေရာများ
တရားကျင့်စဉ်လိုလို အမှားဖြစ်စဉ်လိုလို
ဥဒဟိုကို လှမ်းလျှောက်သွားရင်း ရမ်းဖောက်သွားခဲ့
သူ့အလိုလို လမ်းလျှောက်သွားရင်း လမ်းပျောက်သွားခဲ့
တရားပျက် ဒေသနာတရားနဲ့ ကားစင်ထက်မှာ
အမှားနဲ့ အနေကြာသွားတဲ့ ဘုရားသခင်လက်ရာ
အမှားပြင်မှာ မဟုတ်ကြောင်း
ရုပ်ကောင်းများရဲ့ ပုတ်ဟောင်းသွားမဲ့ သုသာန်ထဲ
ဒီ လမ်းလည်း
မမှန်သလိုလို မလွဲသလိုလိုပဲ
ငရဲဆွဲကားနဲ့ နိဗာန်သွားယဉ်တော်အား
ကိုယ်တော်ဟာ ကစဥ့်ကလျား ပို့လွှတ်မှားခဲ့
ဖြစ်ချင်ရာဖြစ်ဝဋ်ကောင်များရဲ့ဦ
းဆောင်လမ်းများ
ရူးအောင်သွားခဲ့တဲ့ ခြေဝင်္ကဘာတလျှောက် ဆက် ကွေ့ခဲ့
မရောက်တဲ့ အရွေ့ရဲ့ တည်နေရာ
ဘယ်မှာလဲ ဘာလဲ။   ။

သုအိုင်စံ
၀၃-၀၇-၂၀၁၃
-
-

((( ဦးဆောင်လမ်းများ )))

တစ်ယောက်က
ဟိုး..ဝေးဝေးက ကားလမ်းကတ္တရာပဲ။
တစ်ယောက်က
ဟိုး..ဝေးဝေးက နွားလမ်းဖြတ်ရာပဲ
နှစ်ယောက်စလုံးပဲ
အခြောက်ခြားဆုံး သုသာန်ဇရပ်ထဲ။

တစ်ပေါက်က
အကျည်းဆုံး ပြတင်းဘောင်ပဲ
တစ်ပေါက်က
အလင်းဆုံး အလင်းရောင်ပဲ
နှစ်ပေါက်စလုံးပဲ
အမှောင်မိုက်ဆုံး အကျဉ်းထောင်ထဲ

တွေ့ခဲ ဆုံခဲတဲ့ လောကထဲ
ရွေ့မြဲ စုန်မြဲ လောကသားတို့
လမ်းများဟာ လမ်းသွားလို့နေမြဲ
ဘယ်ကိုမှလဲ မရောက်တတ်တဲ့
ရာဇဝင်ရဲ့ ကွေ့တို့
အရာမထင်တဲ့ နေ့တို့
ဗလာအလျင်နဲ့ အရွေ့တို့
ရှေ့သို့ဟူသော မရေမရာမှာ
နေပျော်ခဲ့တာလား သေပျော်ခဲ့တာလား
လမ်းပေါ်မှာ အသားကျနေတဲ့ ခြေဗွေရာများ
တရားကျင့်စဉ်လိုလို အမှားဖြစ်စဉ်လိုလို
ဥဒဟိုကို လှမ်းလျှောက်သွားရင်း ရမ်းဖောက်သွားခဲ့
သူ့အလိုလို လမ်းလျှောက်သွားရင်း လမ်းပျောက်သွားခဲ့
တရားပျက် ဒေသနာတရားနဲ့ ကားစင်ထက်မှာ
အမှားနဲ့ အနေကြာသွားတဲ့ ဘုရားသခင်လက်ရာ
အမှားပြင်မှာ မဟုတ်ကြောင်း
ရုပ်ကောင်းများရဲ့ ပုတ်ဟောင်းသွားမဲ့ သုသာန်ထဲ
ဒီ လမ်းလည်း
မမှန်သလိုလို မလွဲသလိုလိုပဲ
ငရဲဆွဲကားနဲ့ နိဗာန်သွားယဉ်တော်အား
ကိုယ်တော်ဟာ ကစဥ့်ကလျား ပို့လွှတ်မှားခဲ့
ဖြစ်ချင်ရာဖြစ်ဝဋ်ကောင်များရဲ့ဦးဆောင်လမ်းများ
ရူးအောင်သွားခဲ့တဲ့ ခြေဝင်္ကဘာတလျှောက် ဆက် ကွေ့ခဲ့
မရောက်တဲ့ အရွေ့ရဲ့ တည်နေရာ
ဘယ်မှာလဲ ဘာလဲ။   ။

သုအိုင်စံ
၀၃-၀၇-၂၀၁၃

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))