((( အလှူခံပုံး ပေါက်တဲ့ကိစ္စ )))
တောင်အောက်ကို ခဏ ဆင်းပေးပါ ကိုယ်တော်
တပည့်တော်တို့ရဲ့ သဒ္ဒါမေတ္တာရေ
အရှင်ဘုရားဆီကို စီးတက်လို့ မရဘူး ဖြစ်နေတယ်
ဆင်းပေးလို့ မရပါဘူး ဒကာတို့
ငါသည်ကား
အမြင့်မြတ်ဆုံး ဘာသာတရားဆင်းထုတော် ဖြစ်တယ်
လောကီသိပ္ပံရေစုပ်စက်နဲ့ မောင်းတင်ကြပါ
ရတာပေါ့ဘုရား
ဒီခေတ်ကြီးကိုက
အတောင်ပံမပါပဲနဲ့တောင်
တခြားဂြိုလ်တွေဆီကို ရောက်နိုင်သေးတာပဲ
ဟောဒီမှာ... သောက်တော်ရေစင် ကပ်တင်လိုက်ပါပြီဘုရား
ဟာ... ဒကာတို့ဟာက
သဒ္ဒါမေတ္တာရေမှ မဟုတ်ပဲ
အက်ဆစ်မိုးခါးရေတွေပါလား
မတတ်နိုင်ပါဘူးဘုရား
အဲဒါတွေဟာ
စိတ်ကြီးဝင်နေသော ဈာန်နဲ့ ကြွနေတဲ့
အရှင်ဘုရားဟောတဲ့ တရားတွေပဲ
ချိုသဒ္ဒါစိတ်အစစ်အား
ခါးသက်အဆိပ်ဖြစ်သွားစေသော
အလှူခံပုံးပေါက်ကြီးထဲမှာ
လူ့မေတ္တာအချစ်လည်း
သူ့ဥပေက္ခာမြစ်ထဲမှာ-- မျောသွား
အလှု နှင့် လှူခြင်းသဘောတရား။ ။
သုအိုင်စံ
၁၂-၀၈-၂၀၁၄
Comments
Post a Comment