((( ငါ---ကမ္ဘာ )))

((( ငါ---ကမ္ဘာ )))

နာမည်ရိုက်ထည့်ပြီး ရှာကြည့်လိုက်စမ်းပါ
Google Machine အမှိုက်ပုံထဲက
လူလည်စာရင်း စရိုက်စုံထဲမှာ
ခင်ဗျားပါနေပြီ

ကျောက်ဂူနဲ့ ကျောက်ခေတ်လက်နက်ကို
လူလည်ကျခဲ့တဲ့ ခင်ဗျားက
တောမီးပွားကို ခေတ်လည်ကျခဲ့တဲ့
နယူးကလီးယား-လို့လည်း အမည်ရရဲ့

လူဝယ်၊ လူရောင်းစားဈေးကွက်ကို
လူလည်၊ လူဟောင်းများအရေးတွက်
ဖွဲ့စည်းခဲ့တာလည်း ခင်ဗျားပဲ
လူလည်သူ ကောင်းစားရေးအတွက်
ဖျက်ဆီးခဲ့တာလည်း ခင်ဗျားပဲ

ပဒေသရာဇ်ရာဇာစရိုက်ဆိုးကို
မြေအသစ်မှာ လာ စိုက်ပျိုးတာလည်း ခင်ဗျားပဲ
ကိုလိုနီ၏ ပဒေသရာဇ် ငြင် စရိုက်ဆိုးကို
ငိုယိုသည်အထိ မြေသစ်တွင် ရိုက်ချိုးတာလည်း ခင်ဗျားပဲ
ပင်လယ်ဓါးပြပါးကွက်သား
ဆိုးမိုက်သူများရဲ့ အကြောက်မဲ့ ရန်ရှာစိတ်ကို လက်ကြွစေလျှက်
ကျင်လည်သမျှ ကျက်စား
ခိုးတိုက်ခိုက်ယူထားတဲ့ ကျောက်မျက်ဘဏ္ဍာအိပ်ကို
ဆက်သစေခဲ့တာလည်း ခင်ဗျားပဲ
အဲဒီ အဝေးရောက် စစ်သည်ရဲမက်
ခင်ဗျားလူရင်းတွေကပဲ ရက်စွာစွာ
တွေးကြောက် ယစ်မှီဝဲ ပျက်နေတဲ့ ခင်ဗျားကို
ဂူသွင်းကွက်မျက်ခဲ့တာပဲ

ကျွန်လူအဖြစ် နစ်ပြီး ပို ပါးချပ် ပိန်ငယ်လို့ လျှောကျ မသွားခဲ့အာင်
ကွန်မြူနစ်စနစ်ကို ကားလ်မတ်စ်၊ အိန်ဂျယ်တို့လို အတုမရှိလောက်နီးပါး
အနုပဋိလောမတရားကြီးနဲ့ သယ်ဆောင်ခဲ့တာလည်း ခင်ဗျားပဲ
သီးခြားတဲ့ဘဝနဲ့ တစ်ခု တစ်ကိုယ်စီ တွေးကြံလိုမြဲ နားအစုံက
စည်းထားတဲ့ဒသနရဲ့ လူ့ဗဟိုစည်တေးသံကိုလည်း ကြားပုံမရဘူးတဲ့၊
ဘုံဝါဒကို သတ်ခဲ့တာလည်း ခင်ဗျားပဲ

ငွေကြေးကို နေဆေးလုပ်ပြီး နေခဲ့တာလည်း ခင်ဗျားပဲ
ငွေကြေးက သေဆေးဖြစ်ပြီး သေခဲ့တာလည်း ခင်ဗျားပဲ
အရင်းရှင်စနစ်က ထမင်းအရင် ဖြစ်လာတာလည်း ခင်ဗျားပဲ
ထမင်းရှင်အစစ်က အရင်းရှင်ဖြစ်လာတာဟာလည်း ခင်ဗျားပဲ

ရှေ့က ရေတွက်ရင် ၀ ၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉
နောက်က ရေတွက်ရင် ၉ ၈ ၇ ၆ ၅ ၄ ၃ ၂ ၁ ဝ
ရှေ့ကလည်း မရေတွက်နဲ့၊ နောက်ကလည်း မရေတွက်နဲ့
ဒီလိုအဖြေညီသွားရရန်အတွက်၊
ဒေါင်လိုက်ဇယားပြန်ချ ရေတွက်ကာ
ဒီမိုကရေစီတရားက အမှန်-မဲ့၊ အချောင်လိုက်၊
အမှား-မှန်ရစေခဲ့လိုက်တာ
ကြိုက်လာခဲ့ပြီး ကိုးကွယ်လာတာကို
ရိုက်ကာဖျက်ပြီးချိုးဖယ်တာလည်း
ခင်ဗျားပဲ

ဘုရားကို ဖန်ဆင်းပြီး တန်ခိုးအပ်
လူ့ပြည်ကို ဝင်စေခဲ့တာလည်း ခင်ဗျားပဲ
တရားက ဖန်ဆင်းပြီး တန်ဖိုးဖြတ်
လူ့ပြည်က နှင်နေခဲ့တာလည်း ခင်ဗျားပဲ
ဘုရားကို စကားနဲ့ အပြစ်ယူသော် ပျက်စီးဖို့
မုသားအဖုံဖုံ တောင်းပန်တာလည်း ခင်ဗျားပဲ
တရားကို အမှားနဲ့ ယစ်ပူဇော်ဆက်ပြီးလို့
ဆုများအစုံစုံ တောင်းခံတာလည်း ခင်ဗျားပဲ
မမြဲဘုရားနဲ့ အမြဲတရားနဲ့
မကွဲပြားခဲ့တာလည်း
ခင်ဗျားပဲ

ရှိရှိကြီးနဲ့ စကားကို ပြင်ရမှာ ကြောက်တာနဲ့
သိသိကြီးနဲ့ အမှားကို မြင်ရမှာ ကြောက်တာနဲ့
ပထမကမ္ဘာစစ်ကြီးနောက်ကို လိုက်သွားတာလည်း ခင်ဗျားပဲ
ပထမကမ္ဘာစစ်ကြီးလို သေသွားခဲ့တာလည်း ခင်ဗျားပဲ
သူမိုက် ကိုယ်မိုက်
ဘယ်သူရိုက်တာကိုမှ မခံတဲ့ ခွေးခွေးချင်း--ကိုက်ပွဲ
ဒုတိယကမ္ဘာစစ်ကြီးလိုပဲ
ပြန်လည်ရှင်သန်လာခဲ့တာလည်း ခင်ဗျားပဲ
အခုတော့
ဝင်ကိုက်တာကို မခံဘူး၊ အရင်ကိုက်မယ်-- ဆိုတဲ့
ခင်ဗျားလို ခွေးပါးတွေချည်းပဲ
လူသားတစ်ယောက်စီဟာ
နယူးကလီးယားဗုံးကို ရင်ပိုက်၊ ဘုရားကို ဦးတိုက်၊
ကျမ်းစာအုပ်ကို အလွတ်ကျက်၊
တတိယကမ္ဘာပျက်စစ်ကြီးကို ခင်ဗျားလို
လိုက်ရှာနေခဲ့ပြီဆို--ယုံလိုက်..

လူရဲ့ နာရီအသစ်ဟာ I.T အစစ်ပညာနဲ့ လုပ်ထားပြီးပြီပဲ
Quote တစ်ခုဟာ Code အဖြစ်တောင် မသေချာတော့ဘူး
Cipher တစ်ခုဟာ Cyber ကမ္ဘာထဲမှာ အိမ်မဲ့အိုးမဲ့
အချိန်နဲ့၊ သူခိုးနဲ့၊ စာချုပ်မှာ လက်မှတ်ရေးထိုး
အချိန်နဲ့၊ သူခိုးနဲ့၊ ကမ္ဘာတစ်ရှုပ်စာ အကွက်ရရေးမျိုးအား
ငါးမျှားထွက်သည်
ခင်ဗျားရဲ့ ပင်လယ်ဟာလည်း
သူများရဲ့ ကျင်လည်ရာလိုပဲ
ကျဉ်းနည်းခဲ့ပြီ..စဉ်းလဲခဲ့ပြီ...ရင်းရဲခဲ့ပြီ..

ခင်ဗျားကမ္ဘာမှာ ခင်ဗျားဟာ ကမ္ဘာတဲ့
ကမ္ဘာဟာ အားလုံးကို စားသုံးနိုင်တဲ့ ခင်ဗျားပဲ
တချက်ပဲ
လူဟာ မညီခဲ့လေတော့
ဆူနာမီနဲ့သေပေါ့ ဆိုတဲ့အချက်ကို
ဝိနည်းရှောင် လူလည်ကျထားတာ
နာမည်သာ ရိုက်ထည့်ပြီး ရှာကြည့်လိုက်စမ်းပါ
Google Machine အမှိုက်ပုံထဲက
လူလည်စာရင်း စရိုက်စုံထဲမှာ
ခင်ဗျားလည်း ပါနေပြီ
I The World ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊
Bla bla bla, ဆိုတာမျိုးတွေ ပေါ့ဗျာ
( ခေတ်သစ်လူသားဟာ--
မွေးမွေးချင်း- နှဖားကြိုးထိုးခံထားရတယ်-ဆိုတာကို မမေ့နဲ့...)။ ။

သုအိုင်စံ
၀၇-၀၃-၂၀၁၄

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ