((( အန်ထုတ်ရမဲ့သွေး )))
((( အန်ထုတ်ရမဲ့သွေး )))
(၁) ဒါဟာ သာမန် သီးခြား စကားလုံး ၆ လုံး ဖြစ်တယ်
ရိုသေကိုင်းရှိုင်း
ရိုင်စိုင်းယုတ်မာ
လူကြီး
ခလေး
သင်ယူခြင်း
လက်အုပ်ချီမိုး ရှိခိုးခြင်း
(၂) စကားလုံး ၁ လုံးကို နောက် ၁ လုံးနဲ့ တွဲစပ်ကြည့်မယ်
(ရိုသေကိုင်းရှိုင်း) + (ခလေး) = (ရိုသေကိုင်းရှိုင်းသောခလေး)
(ရိုင်စိုင်းယုတ်မာ) + (လူကြီး) = (ရိုင်စိုင်းယုတ်မာသောလူကြီး)
(သင်ယူခြင်း) + (လက်အုပ်ချီမိုး ရှိခိုးခြင်း) = (သင်ယူခဲ့ရသလို လက်အုပ်ချီမိုး ရှိခိုး)
(၃) အားလုံးကိုတွဲဆက် ဝါကျဖွဲ့လိုက်မယ်
ရိုသေကိုင်းရှိုင်းသောခလေးဟာ
ရိုင်စိုင်းယုတ်မာသောလူကြီးကို
သင်ယူခဲ့ရသလို လက်အုပ်ချီမိုး ရှိခိုး
(၄) ဒီဝါကျကို ပြန်ဖတ်ပြီး ဆန်းစစ်ကြည့်မယ်
အဓိပ္ပါယ်အရ တိကျ ပြည့်စုံနေတယ်
ယုတ္တိဗေဒအရ လက်ခံနိုင်တယ်
ဒါပေမဲ့
လက်ခံနိုင်တာက (မတရားမှု ) ပါ။
(၅) ဒါကို လူမှုဗေဒထဲ ထည့်ပြီး စဉ်းစားတဲ့အခါ
ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာသမို င်းရာဇဝင်တိုင်းဟာ
သူ့သဘာဝနဂိုအရှိအတိုင်းတိုက်ရို က်အတိအကျ
အသင်ကြားခံရသင့်ပါသလား
ငရဲသားဟာ သင်္ကန်းခြုံ ပြီး ဓမ္မစာပေထဲမှာ တရားပေးလာတယ်လေ
ကျမ်းစာထဲက တချို့ဝါကျလွဲတွေ သေဒဏ်ကျသင့်တယ်လို့ မထင်ဘူးလား
လူကြီးများကိုရိုသေရမယ် ဘုန်ကြီးများကိုရှိခိုးရမယ် ဆိုတာတွေဟာ
အမြဲတမ်းမှာမှ မမှန်ကန်တော့တာ
ဘုရားရေမန်းပါ-လို့ လိမ်ညာပြီး အတင်းအတိုက်ခံရ သောက်ချခဲ့မိလို့
ဦးနှောက်ထဲရောက်သွားနှင့်ပြီး တဲ့ အဆိပ်အတောက်တွေကို ပြန်အန်ထုတ်ကြ
လူလုပ်ရတာ သိပ်မလွယ်ပါ။ ။
သုနိုင်ငံ
၁၃-၁၀-၂၀၁၃
Comments
Post a Comment