((( မိခင်မဟာကြယ် )))
((( မိခင်မဟာကြယ် )))
စက်ဝိုင်းရဲ့အလယ်မှာ
အဖွဲ့တိုင်းရဲ့ ကြယ်ပါတယ်
ဒါပေမဲ့
တိုင်းနဲ့ ပြည်နယ် ၁၅ ဖွဲ့ဝယ်
ကြယ်သေး ၁၅ ပွင့် ပတ်လည်ရံလို့
မိခင်မဟာကြယ်ကြီး တင့်တယ်ဖို့
မြန်မာကို
သစ်လှစေမဲ့ မဟာကြယ်
ကမ္ဘာကို
ဖွင့်ပြနေတဲ့ မဟာကြယ်
ဖက်ဒရယ်---
ဖက်ဒရယ်---
ညီညွတ်စည်းလုံးထားတဲ့
စက်ဝိုင်းစိတ် ၁၅ ခုအား
တနည်းနည်းနဲ့များ
ခွဲထွက်သွားတာ မလုပ်ကောင်းပါ
တွဲဖက်ထားကာ ခုတ်မောင်းပါစို့
ကျွနုပ်တို့၏နိုင်ငံတော်သစ်
မျိုးဆက်သစ်ရဲ့ သွေးထဲမှာ
အကုန် အမှန် ချစ်လာကြလို့ ယုံကြည်ကြလို့
တိုးတက်သစ်တဲ့ အတွေးထဲမှာ
ပုံသဏ္ဍာန် အနှစ်သာရတို့ ဂုဏ်-ပီသဖို့
လွပ်လပ်တဲ့ မြန်မာ့ကောင်းကင်မှာ
ကြီးမြတ်စွာ
မိခင်မဟာကြယ်တောက်ပလာဖို့ရာ
လိုအပ်နေတာ-ဖက်ဒရယ်စနစ်ဗျ
တရားမျှတမှုနဲ့ လူအခွင့်အရေးဟာ
တိုင်း နဲ့ ပြည်နယ် ဘယ်နေရာမှာ-မဆို ပွင့်ဖြာ
မဏ္ဍိုင်ဗဟိုမှာ လာ-ပူးတွဲ-ပေါင်းဆုံကြကာ
မိခင်မဟာကြယ်ရဲ့နှလုံးသားမှာ
နိုင်ငံတော်ရဲ့ ၁၀၀၁ ည အနာဂတ်ပုံပြင်တွေ
ရှိနေတယ်ဟေ့...သိနေတယ်ဟေ့...
ရှေ့သို့-- ဖက်ဒရယ်... ယုံကြည်တယ်။ ။
သုအိုင်စံ
၂၀၁၆
Comments
Post a Comment