((( သွေးထဲက တက်တူး )))

((( သွေးထဲက တက်တူး )))

လူ့ဦးနှောက်မှာ သူ့ ဗဟုသုတက
အတင်းခြံရံပြီး အမြစ်ကပ်တွယ်သလိုပါ
မင်းကို အမှန်အကန်ကြီး ချစ်ရတယ် ဆိုတာ
သွေးရှင်ရှင်စမ်းတွင်းထဲက ဆေးမှင်ကြောင်ပါပဲ
နေလောင်လို့လည်း မနွမ်း၊ မိုးကြမ်းလို့လည်း မဆွေး၊
ဆောင်းအေးလို့လည်း မတွန့်၊
အညွန့်ထောင် ထူမတ်၊ လှည့်ပတ်စီးခွေသူ၊
သွေးထဲက ချစ်သူတက်တူးလေးရေ..

ငါဟာ လိုအပ်သလောက် ပုံမှန်လေး
စားထည့်ပေးတယ် သွေးအားပြည့်ဖို့
သောက်ထည့်ပေးတယ် သွေးအားပြည့်ဖို့
အိပ်စက်ပေးတယ် သွေးအားပြည့်ဖို့
အလုပ်ဝင်ပေးတယ် သွေးအားပြည့်ဖို့
ပျင်းရိထုံထိုင်းပေးတယ် သွေးအားပြည့်ဖို့
အသက်ရှင်နေဖို့ပေါ့၊ သွေးသား လှည့်နေဖို့ပေါ့
စိတ်လှိုင်းတွေဟာ အရိပ်ကိုင်းဝေဖြာနေဖို့ပေါ့
မင်းကို ချစ်တဲ့ ငါ့ သက်တမ်း-ယန္တယား
သီချင်းဆိုဟစ်လျှက် ဆက်လှမ်း-လမ်းသွားဖို့ပေါ့
အိုကွာ...စောက်ကြီးစောက်ကျယ် ပြောကြတာပေါ့
ငါ့ သွေးထဲက ချစ်သူမင်းလေး ဆေးမှင်ကြောင်
သွေးလို နီကျံရဲပြီး၊ နေလျှံလို အရောင်တောက်နေဖို့လေ။

ဆေးရုံမှာ သေလု မျောပါး ရေးကြီးသုတ်ပြာနဲ့
AB သွေး အရေးပေါ် လိုအပ်နေတဲ့ လူနာတဦးကို
ကျမ္မာသန်စွမ်းတဲ့ သွေးတူငါက မလှူဒါန်းခဲ့ပါဘူး
ငါ့သွေးထဲက ဆာရီရယ်ချစ်မေတ္တာမင်းလေးတက်တူး
တပါးသူ သွေးထဲ ကူးစက်သွားမှာ စိုးကြောက်နေခဲ့တာ
ငါဟာ ကပ်စေးနဲတယောက်ပါ သွေးတက်တူးစ လေးရာ..

တချိန်မှာ ငါလေ သွေးကွန်ယက်ကြီး ရပ်ခမ်းရင် သေမယ်ကွဲ့
ခုချိန်မှာ ကဗျာတွေ အတွေးလွန်နက်ပြီး မှတ်တမ်းတင်နေရဲ့
တက်တူးဘာသာနဲ့ ရေးဖွဲ့ထားသော သွေးဝတ်ထားတဲ့ကဗျာတွေ
မင်းတယောက်တည်း နားလည်နေတာကတော့ တို့အချစ်ပဲလေ
အမေလိုလည်း ချစ်တဲ့ ငါ့ရဲ့ ဆေးမှင်ကြောင် သွေးရုပ်ခဲကြီးရေ...
ငါ့ သွေးယန္တယားမှာ သခင်လိုပဲ ဆက်လက် စိုးမိုးထားပါကွာ
ငါ့ အတွေးလမ်းများထဲမှာ အရင်လိုပဲ မရှက်နဲ့ ခိုးဆိုးသွားလာပါ
ငါ့နိုင်ငံတ်ာဆီ မင်းရထားတာ ရာသက်ပန်ဗီဇာ
ထာဝရ သေရာပါပဲ....။ ။

သုအိုင်စံ
၂၇-၀၉-၂၀၁၆
( ချစ်သူ- ဒီးသဲတော် မွေးနေ့အတွက် )

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))