((( အသေမွေးတဲ့ခေတ် )))

((( အသေမွေးတဲ့ခေတ် )))

သိပ်ချမ်းသာတဲ့နိုင်ငံတော်သည်
သယံဇာတ အရင်းအမြစ် ပေါများသည်
မျိုးဆက် ၁၀ခု လုံးလုံး စားမကုန်ဘူး

သိပ်ပျင်းရိတဲ့နိုင်ငံတော်သည်
ဥာဏ်ညာဏအရင်းအမြစ် ရှားပါးသည်
မျိုးဆက် ၁၀ခု လုံးလုံး စာမသင်ဘူး

သမ္မတမှသည် သူတောင်းစားအထိ
ရှိတဲ့ အရှိကို ရောင်းစားတယ်
မရှိတဲ့ အသိကို ကျောင်းမထားဘူး
သမ္မတမှသည် သူတောင်းစားအထိ

ထပ်တူးလို့မရတော့တဲ့ ရွှေတွင်းအို
ထပ်ခုတ်လို့မရတော့တဲ့ သစ်ငုတ်တို
ထပ်သုံးလို့မရတော့တဲ့ မြစ်ကျိုးအင်း
ထပ်စိုက်လို့မရတော့တဲ့ လယ်ပျက်ကွင်း
ထပ်နှိုက်လို့မရတော့တဲ့ ရေနံတိုက်
ထပ်စုပ်လို့မရတော့တဲ့ ဓါတ်ငွေ့သိုက်
မျိုးဆက် ၁၁ နဲ့ ထိပ်တိုက်တွေ့တယ်

ဒီခေတ်မှာ
သယံဇာတ သုံးစွဲနိုင်မှုက ဗလာ
ဥာဏ်ညာဏ သုံးစွဲနိုင်မှုက ဗလာ
ဒီခေတ်ရဲ့ မျိုးဆက် ၁၁ ဟာ
အဆိုးနဲ့ အသက် ဖြစ်လာ
ကလေးတွေ မွေးမွေးချင်း မသာပဲ။ ။

သုအိုင်စံ
၀၆-၀၆-၂၀၁၆

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))