((( တရားမဝင်တဲ့မှတ်တိုင်မဲ့စစ်သချိုင်းများ )))

((( တရားမဝင်တဲ့မှတ်တိုင်မဲ့စစ်သချိုင်းများ )))

အိုနာကျိုးပဲ့များကို ဗဟိုစစ်ရုံးဌာနချုပ်မှာ ရှိသမျှအား
လိုရာထိုးထည့်ထားတဲ့ စစ်ဘေးသင့်ရာဘဝဒုက္ခိတတွေကို
စစ်ရေးစစ်ရာဗလထုတ်ကြည့်လေမှ
ဗျူဟာကိုင်မဲ့ ဗိုလ်မှူးများ ငူကာငိုင်လျှက် ပိုမူးသွား
စစ်ဆင်ရေး မထွက်ခင်မှာ အကျင့်တွင် သွေးပျက်လာ
စစ်ပြင်ထားသော ခြေမြန်တပ်မနဲ့ စစ်ထွက်ရိက္ခာ ခဲယမ်းတို့အား
ထောက်ပို့မဲ့ စစ်ကြောင်း ပုံစံသဏ္ဍာန်မှာ
လွင့်စင်သွားသော ခြေကျန်ပြတ်ခဲ့ စစ်မက်စိတ်ဟာ ငရဲလမ်းသို့သွား
အရောက်ပို့မဲ့ အပြစ်ပေါင်းစုံခြံရံကာ
ရှေ့တန်း ပြန်မလာတော့မဲ့ နေ့ကြမ်းဒဏ်ရာရက်များဟာ
မရေးရသေးသော စစ်သားဒိုင်ယာရီစာရွက်တွေကြား
သူ့အား ပြောက်ကြားစစ်တွေနဲ့ စောင့်စားပစ်ချွေလေမဲ့
ယုတ်ကြမ်းတဲ့ သတ်ကွင်းဆီဘက် ဆုတ်လမ်းမဲ့ ဖြတ်ရင်းချီတက်
ပြန်မသယ်နိုင်ခဲ့သော ဖွဲစည်းပုံပျက်စစ်ကြောင်းရဲ့လူသေတွေက
ရိုးမတောင်ခြေတနေရာရဲ့မြစ်ထဲရှိ ပုတ်ပွဆိုးဝါးအလောင်းများ
အရိုးကျအောင် သေကာကျန်ခဲ့တဲ့စစ်ပွဲ၏ လုပ်ရပ်ဆိုးများအကြောင်းကား
ဘယ်သူကောင်းစားရေးမှ မဟုတ်သလို အကြောင်းပြချက်မဲ့စွာ
သူတောင်းစားလက္ခဏာပါတဲ့တိုင်းပြည်ရှိ ကြုံရာမြေမြှုပ်သင်းချိုင်းကုန်းများရဲ့
သမိုင်းအမုန်းအား မရှင်းထုတ်နိုင် အဖြေမရခဲ့တဲ့ တိုင်းရင်းသားတွေရဲ့
ဒေသထွက် မနုသထုတ်ကုန်အဆိုးအစုတ်နဲ့ မျိုးဆက်လူသားတွေက
ခြေအပြတ်နဲ့ အလုပ်မျိုးစုံလုပ်လျှက် တောင်ယာခုတ်စားနေတာ
ဒီသတင်း ဒီဘဝဟာ ပြည်တွင်း ပြည်မမှာ မကြားဖူးတဲ့ သမိုင်းမှန်ချက်
မြေမြုပ်မိုင်းဆန်ခဲ့၊ လူတိုင်းက ကြားတဲ့အခါ အသံဟာ ပြန်အန်ထွက်တယ်
တောနက်တောင်စွယ်ကြားက ခေတ်များရဲ့ နှစ်များရဲ့ အဖြစ်များနဲ့ ပစ်ထားခဲ့
မစိမ်းလန်းသေးရှာတဲ့ လမ်းဘေးခွေးနာလို ငြိမ်းချမ်းရေးကို သိပ်ဆာလှ
အစိုးရက မနိုးထသေးဘူး....
အဖူးသေဘဝတွေ ဆက်ကြွေကျနေတယ်။   ။

သုအိုင်စံ
၀၂-၁၁-၂၀၁၆

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))