((( ရင်မြိုက်မီး )))

((( ရင်မြိုက်မီး )))

ပစ်ချလိုက်ရင်
တတောလုံး လိုက်လောင်မယ်

တကိုယ်စာပဲ
ဖြေးဖြေးလေး-လှောင်ပိုက်ထားရင်
ကိုယ်သာပဲ
အေးအေးလေး-လောင်မြိုက်သွားမယ်

ဒီ ပတ်သက်နေတဲ့-ခရီးကို-ကိုယ်-ယိုင်ကာနဲ့စွာနဲ့
ဒီ ဘဝဖျက်နေတဲ့-မီးကို-ကိုယ်-ကိုင်လာခဲ့ပါရဲ့

ဘဝကိုယ်-ပြာကျတဲ့အခါ
ငါ့ကို-မသာချလှည့်ပါ

ဒီတခုသာ အတည်ပြုကာ ကိုယ်တောင်းဆိုခဲ့ပါရဲ့
ကိုယ့်အလောင်းကို ကိုယ်ပတ်သက်လို့
မရတော့လို့ပါ...လူတို့ရယ်...။

သုအိုင်စံ
၁၆-၀၄-၂၀၁၆
-
-
 
((( ရင်မြိုက်မီး )))

ပစ်ချလိုက်ရင်
တတောလုံး လိုက်လောင်မယ်

တကိုယ်စာပဲ
ဖြေးဖြေးလေး-လှောင်ပိုက်ထားရင်
ကိုယ်သာပဲ
အေးအေးလေး-လောင်မြိုက်သွားမယ်

ဒီ ပတ်သက်နေတဲ့-ခရီးကို-ကိုယ်-ယိုင်ကာနဲ့စွာနဲ့
ဒီ ဘဝဖျက်နေတဲ့-မီးကို-ကိုယ်-ကိုင်လာခဲ့ပါရဲ့

ဘဝကိုယ်-ပြာကျတဲ့အခါ
ငါ့ကို-မသာချလှည့်ပါ

ဒီတခုသာ အတည်ပြုကာ ကိုယ်တောင်းဆိုခဲ့ပါရဲ့
ကိုယ့်အလောင်းကို ကိုယ်ပတ်သက်လို့
မရတော့လို့ပါ...လူတို့ရယ်...။

သုအိုင်စံ
၁၆-၀၄-၂၀၁၆

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ