((( လွှတ်တော်ထဲမှာ ဖြေရှင်းပေးပါ )))

((( လွှတ်တော်ထဲမှာ ဖြေရှင်းပေးပါ )))

အခြေခံဥပဒေကို အသေခံလုနေရတယ်
ဘာကြောင့်လဲ

လူဟာ...ရဲရဲကြီးပေါက်ဖွားလာတယ်
သူဟာ....ရဲရဲကြီးလျှောက်သွားရမယ်

ဖွဲ့စည်းပုံကို ကိုယ်တိုင် မရေးနိုင်လို့
ထွက်ပြီး အကုန် ငိုမှိုင် ဘေးထိုင်နေလို့ မရဘူးဟေ့
ဟောဒီဘဝ အသက်စည်းစိမ် ရာဇဝင်သွေးဆက်အစိုင်အခဲ
လောကီအလှ ဘွဲ့မီးအိမ် စာတင်ရေးဖွဲ့ အနိုင်ကြဲ
မယိုင်မလဲ ခိုင်မြဲ အပိုင်နွှဲရမယ်

အမျိုးသားရေးစိတ်စွမ်းအင်နဲ့လက်တွဲနေတာ
ခိုးထားပေးတဲ့ ထိပ်တန်းဘုရင်ဝှက်ဖဲတွေကို ဖြဲလိုက်ပါ
ပြည်ထောင်စုဆိုတာ
ဒီကောင်အခုချမ်းသာနေပြီး ဟိုကောင်အခုလမ်းမှာနေလို့ မရဘူး
မျှမျှတတ အတူကျင့်ကြံဟေ့
လှလှပပ လူအပွင့်သန်မယ်
ဂဃနဏ မူအစစ်အမှန်နဲ့

အမျိုးသားရေးရာ ဂုဏ်ဒြပ်များ
အဖိုးများပေးကာ ပုံထပ်ထားတယ်

ရိုးသား ရဲရင့်တဲ့ သစ္စာနဲ့
ကြိုးစား ပွဲတင့်လျှက် ဖြစ်လာတဲ့ တန်ဖိုး
ရန်ဆိုးကိုရှင်းတယ်

နိုင်ငံတော့် ဖွဲ့စည်းပုံရဲ့ ဦးတည်ချက်
နိုင်ငံသား အသက်စည်းစိမ်ဂုဏ်နဲ့ တစ်ဦးစီအတွက်
ဖြစ်ရမယ်..ဖြစ်ကို ဖြစ်ရမယ်

လုပ်ပိုင်ခွင့်ရှိတဲ့သင်တို့ရဲ့ စိတ်ဓါတ်တွေ ညစ်စွန်းနေလို့
အငုတ်ယိုင်အဖြစ်နဲ့ အကြည့်မဲ့ ငါတို့ရဲ့ ကိစ္စတွေ နစ်မွန်းနေတာလား

သို့ ...ဗဟိုအစိုးရ
လက်ငင်း လိုအပ်နေတဲ့ တိုင်းရင်းသားရေးရာ
ချက်ချင်း အပိုဆ အဖြေတွက် ဝိုင်းစဉ်းစားပေးပါ။    ။

သုအိုင်စံ
၀၄.၀၈.၂၀၁၂

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ