((( နေရာလဲမလား...ချစ်သား )))

((( နေရာလဲမလား...ချစ်သား )))

ဟလို... အသဲ ဒီး ချစ်နှမတော်
တကယ်ကို Merry Christmas နော်

သနားကြင်နာတတ်သော
ဘုရားသခင်က ဟောထားတော်မူတဲ့
ပထမအချက်မှာ
သွေးတူသူချင်း ပေးလှူ / ယူရင်း

မဲရီးခရစ္စမတ်သီချင်းကို သီဆိုပါ
ငါ့ကိုလာမလှူကြနဲ့  ငါ့ကို လာအပူမကပ်နဲ့ 

သွေးကျွမ်းသူချင်း ပေးကမ်း / ယူရင်း
နှစ်ကူးနှစ်သစ်ကြိုသီချင်းကို သီဆိုပါ
ငါ့ကိုလာပေးမဆက်ကြနဲ့  ငါ့ကိုလာဈေးမဖျက်ကြနဲ့ 

သနားကြင်နာတတ်သော
ဘုရားသခင်က ဟောထားတော်မူတဲ့
ဒုတိယအချက်မှာ
သွေးမတူသူချင်း ပေးလှူ / ယူရင်း
မဲရီးခရစ္စမတ်သီချင်းကိုသီဆိုပါ
ငါ့ကိုလာမလှူကြနဲ့  ငါ့ကို လာအပူမကပ်နဲ့ 

သွေးမကျွမ်းသူချင်း ပေးကမ်း / ယူရင်း
နှစ်ကူးနှစ်သစ်ကြိုသီချင်းကို သီဆိုပါ
ငါ့ကိုလာမပေးဆပ်ကြနဲ့  ငါ့ကို လာဈေးမဖျက်ကြနဲ့ 

ဒီကမ္ဘာရဲ့ ခရစ္စမတ်ဒီဇင်ဘာဆိုတာ
တချို့ နေရာမှာ ရေကြီးနှင်းထူလို့ 
တချို့ နေရာမှာ နေမီးပြင်းပူလို့ 
ငါတို့ ဟာ
နေကြမ်းတဲ့ အပူဓါတ်ဒဏ်အား
ရေဖြန်းလျှက် ကူသတ်ရန် မအားလပ်
မဲရီးခရစ္စမတ်ကြတယ် ရင်ဝယ်နစ်စွဲ
ဟက်ပီးနယူးရီးယားကြတယ် ရင်ဝယ်နစ်စွဲ
ငါကလည်း
ကမ္ဘာ့ငရဲဇတ်ထုတ်ပဲ ဆက်ကြည့်နေခဲ့ရာ
ဘာမှလည်း ထမလုပ်ပဲ ဆက်ရှိနေခဲ့တာ
လက်ဝါးကပ်တိုင်ထက်မှာ ငိုင်ဆွေးပူကျွမ်း
ငါ့ကို လာမပေးကမ်းကြနဲ့  ငါ့ကို လာမလှူဒါန်းကြနဲ့ 
လူလူချင်းပေးကမ်းကာ လူလူချင်းလှူဒါန်းပြီး
မဲရီးခရစ္စမတ်ပါ နယူးရီးယားပါ
လက်ဝါးကပ်တိုင်ပေါ်-
ငါမပျော်တာ-ကြာမြင့်ခဲ့ပြီပဲ
ငါ နေရာလဲသင့်ပြီလို့ များ
တခါတရံ ဘာသာတရားဆန်ဆန်
ထင်ကြံမိကြသလား ချစ်သားတို့ 
သုနိုင်ငံ
၂၄.၁၂.၂၀၁၅

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))