((( မျောနေတဲ့မြစ် )))

((( မျောနေတဲ့မြစ် )))

တောင်ကျချောင်းတွေကိုကောက်သင်းကောက်ရင်း
ပင်လယ်နောက်တကောက်ကောက်လိုက်ရင်
စုန်ခြင်းဆန်ခြင်းများရဲ့
ပုံသွင်းဖန်ဆင်းထားတဲ့အတတ်တွေနဲ့
ရောက်လေရာရွာတည်ခဲ့။

တခုသော
နုံးတင်မြေနုပေါ်ကအမှားအယွင်းတွေနဲ့
ကိုယ်ဝန်ဆောင်ထားရတဲ့ထွက်သက်ကြာ
ပြတ်သားတဲ့မြစ်က
သူ.ကိုယ်သူ တာတမံဖြစ်ပစ်လိုက်တယ်။

သမုဒ်ဒရာတစ်စင်းဈာန်ရသွားခြင်းအတွက်
ကဘာ မြေရဲ့ခံစားချက်က
ယပ်တောင်လေးတခပ်ခပ်နဲ့
သနပ်ခါးပြင်အက်ရုံလေးပဲပြုံးပြနိုင်ခဲ့ပေါ့။

သစ်ပင်ပေါ်ကတိမ်တွေကိုရဖို့
သစ်မြစ်ဟာ
အေးဆေးတည်ငြိမ်တဲ့လောဘတွေကိုအသုံးချခဲ့
ဒီလိုစောင့်ရကျိုးနပ်ခဲ့တဲ့သေချာမှုတွေက
မြစ်ကိုအစာထပ်ကျွေးလိုက်ရော.......

အဆုံးမသတ်ခင်လေးမှာ
အသုံးကျချင်သေးတဲ့မြစ်က
တောင်တွေကိုပတ်စီးဆင်း
မြောင်တွေကိုဖြတ်စီးရင်း
ပြီးတော့၊
လုပ်ပိုင်ခွင့်မရှိတော့တဲ့စိုက်ခင်းကြီးကိုခေါင်းပေါ်တင်လို့။ ။

သုအိုင်စံ
၂၀၀၀

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))