((( အလောင်းအစား )))

((( အလောင်းအစား )))

ကိုယ့် သေနတ်ခလုပ်ကွင်းထဲက လက်ညိုးဟာ
သွေးတိုးပြီး တဆတ်ဆတ် တုန်ခါနေတယ်
ကိုယ့် စစ်ခမောက်အောက်က နားထင်မှာ
ဇောပြန်ကာ ချွေးပေါက်တွေ တဒီးဒီးကျနေတယ်
လက်ညိုးတံအား ဆ ညှစ်ကွေးလိုက်ရမလား
ဆက်တိုးရန်အနားကပ် ခွင့်ပေးလိုက်ရမလား
ဝတ်ရုံဖားလျှားရဲ့ အောက်ကအရာဟာ အသေခံဗုံးလား
ဝတ်ရုံဖားလျှားနဲ့ လျှောက်ကပ်လာတာ နယ်မြေခံများလား
ရန်သူလား ပြည်သူလား ခွဲခြားမရတဲ့ ဒီ တဒင်္ဂဂ
ပစ်ရမယ် မပစ်ရဘူး ကြားမှာ ရူးသွားတဲ့ သတိစိတ်
တဒိတ်ဒိတ်ဟိန်း ခုန်နေတဲ့ ချပ်ဝတ်ကာ ကိုယ့် ရင်အုံ
ဒီနေရာမှာ ဆုံနေကြသော အသေခံဗုံးနဲ့ သောက်ရေပုံး
ကပ်လာသူဟာ ပြည်သူဆို ဘယ်လို အပြုံးနဲ့ ပြသရမလဲ
ကပ်လာသူဟာ ရန်သူဆို ဘယ်လို စကားလုံးနဲ့ ရပ်ရမလဲ
ရပ်ပါလို့ ပြောရမလား ကပ်မလာနဲ့လို့ ပြောရမလား
ဝတ်ရုံဖားလျှားက ဖောင်းကြွ ယိမ်းယိုင် ဘယ်ညာ
တခုခု ဝှက်သယ်လာသလို ဖက်တွယ်လာသလိုလို
လက်နဲ့လူ ဗလာလိုလို အသက်ဆက်ယူလာသလိုလို
ကိုယ်ဘယ်လို ကိုင်ရမလဲ ကိုယ်ဘယ်လို လုပ်ရမလဲ
မလုပ်တတ်လည်း လုပ်ရမြဲ မလုပ်ချင်လည်း လုပ်ရမြဲ
ကိုယ့်စစ်မြေကန္တာရထဲ ကိုယ်ဗိုလ်မှူးပဲ ကိုယ်တပ်သားပဲ
ရွာသားတွေလည်း ဖြတ်သွားဖြတ်လာ နေ့စဉ်ပြသနာရှိ
စစ်မိန့် တာဝန်ပိနေသော လူ့နှလုံးသားအသေကောင်
နှစ်ဖက်အမုန်းဒဏ်ကန္တာရတို့၏ သဲမြေပူ အလယ်ခေါင်
အသက်ဆုံးခံ ပြန်လာရဖို့ မသိ၊ ငရဲတွေယူ သယ်ဆောင်
ကိုယ်တစ်ကောင်တည်း တပ်ခွဲလိုက်ကြီး အထီးကျန်ခဲ့
ကိုယ့်တပ်ခွဲလိုက်ကြီး တစ်ကောင်တည်း သည်းခံလျှက်
မရင်းတပ်ခွဲဟာ အသေခံဗုံးတို့ရဲ့ ငွေစုဘဏ် ဖြစ်ခဲ့တယ်


ကျနော်ဟာ ရိုးရိုး သာမာန် အရပ်သားပါလို့ ပြောလာလို့
အနားကပ်လို့ အနီးကပ် လျှောက်လာဖို့ ခွင့်ပြု ပြန်တော့
အနားရောက်မှ အသေခံဗုံးခွဲ သတ်ဖြတ် လုပ်ကြံသွားခဲ့
တွက်ရ ချက်ရ ခက်တဲ့ ရိုးရိုး ရှင်းရှင်း ဘဝညီမျှခြင်းတစ်ခု

တခါတခါ သေနတ်ကို အရမ်းကြောက်သူ၊ လမ်းလျှောက်မူပျက်
ဝတ်ရုံဖားလျှားနဲ့ထိုလူ မျက်နှာတွေပျက် လက်ခါနေတဲ့ ဟန်ပုံလွဲ
ကိုယ့် စိတ်ထဲမှာတော့ ဒါဟာ အသေခံ ဆူဆိုဒ်တဲ့ အရပ်သားပါ
အဖြေမှန် ယူလိုက်လျှက် ပြတ်သားစွာ အတွဲလိုက် သွန်ပစ်ချစဉ်
ဒီဟာ အမှန်လို့ ကိုယ်တွက်ထင်ထားတာ ( လျှပ်တပျက်) လွဲနေ
ကျည်လာမှန်လို့ ထိုအသက်အရှင်များစွာ ( ဘဝအပျက်) လဲသေ
ပြသနာတွေပဲ ထပ်လာနေမြဲ နေ့စဉ်အမျှ တွေ့မြင်ရ အနိဌာရုံနဲ့
တွက်ရ ချက်ရခက်တဲ့ ရိုးရိုး ရှင်းရှင်း ဘဝညီမျှခြင်းတစ်ခု

မင်္ဂလာနံနက်ခင်းပါ အရှေ့အလယ်ပိုင်း ဒီနေ့ရဲ့ အာရပ်မြေ
ဒီနေ့ ထပ်သေမှာ အမေရိကန် စစ်သားလား ရိုးရိုရွာခံလား
ဆက်ဆွဲချသွားရမဲ့ အသက်ဖဲတစ်ချပ်၊ မရဲလည်းဆွဲ ရဲလည်းဆွဲ
မလောင်းမစားလည်း အကြောင်းတရားထဲ အလောင်းအစားပဲ
ဗုံးမှန်ထိတဲ့ အမေရိကန်တပ်သား အလောင်းများကိုတော့
လေယာဉ်နဲ့ အပြတ်ထုပ်ပိုးကာ တင်ဆောင်ဖို့ လုပ်ကြတယ်
သေနတ်မှန်ထိတဲ့ နယ်ခံ အရပ်သား အလောင်းများကိုတော့
မြေပြင်ထက် လဒသုတ်ထိုးကာ ယင်ကောင်တို့နဲ့ ပုတ်ပွတယ်
ဒီကန္တာရမြေမှာ သဲတွေဟာ အားလုံး ညီတူလျှက်သာ ဖြူနေကြရဲ့
ဒီကန္တာရမြေမှာ ငရဲတွေဟာ အခါးဆုံး ဆီဆူပွက်ကာ ပူနေကြရဲ့
အမှားဆုံးနဲ့ မတော်တဆ ထိခိုက် သေတဲ့ မသာတွေကလွဲရင်ပေါ့
ငရဲဝင်ရာ လမ်းကြောင်းကား မသာအလောင်း၊ အတန်းအစား၊
ခွဲခြားပြီး ဆက်ဆံနေ၊ လာဒ်ပေးလာဒ်ယူတွေနဲ့ လုပ်စားနေကြ၊
မသေခင် ကိုယ့် အကုသိုလ်ကို အာမခံ လုပ်သွားကြဖို့ လိုအပ်
ဘယ်လိုသတ်လို့ပဲ သေသေပါ ဘယ်သူသတ်လို့ပဲ သေသေပါ
လူငမွဲသေတာ အပူငရဲပြည်မှာ အသေအချာ တာဝန်ယူထားပေရဲ့
အဖူးကြွေတွေဟာ လူအပင်ရဲ့ အောက်ခြေမှာ လူးသေနေခဲ့တယ်။ ။

သုအိုင်စံ
၁၄-၀၂-၂၀၁၄

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))