((( ကောင်း၏/ မှန်သားပဲ/ လူ-မဆန်တာက လွဲရင် )))

((( ကောင်း၏/ မှန်သားပဲ/
လူ-မဆန်တာက လွဲရင် )))

ဥပဒေအရ
အခုမှ မွေးလာတဲ့ ခလေးက
ဒီနိုင်ငံမှာ နေခွင့်ရပြီး
ဥပဒေအရ
အခုမှ ခလေးမွေးပြီးတဲ့ အမေက
ဒီနိုင်ငံက ထွက်ပေးရမယ်-တဲ့

ဥပဒေအရ လူဆိုတာ
တဦးနဲ့တဦး
ဘာမှ မတော်ကြတဲ့သူတွေပါလား

ဟား ဟား ဟား ဟား ဟား ဟေ့ရောင်...
မင်းစောက်ရူးလား...ဟားတိုက်ရယ်နေတာ
တရားဓမ္မတော်အရ
လူဆိုတာ တဦးနဲ့တဦး
ဘာမှ မတော်ကြဘူးကွ-- မှတ်တား
သုံးစားလို့မရတဲ့ ဘုရားစကား။ ။

သုအိုင်စံ
၁၃-၀၃-၂၀၁၃

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ