((( သူပုန်တက်တူး )))

((( သူပုန်တက်တူး )))

ခံယူချက် သွေးလွှာပြင်ထက်
သွေးနီရောင်နဲ့ စိတ်ဓါတ်အပ်ဆူးနဲ့
အတွေးအခေါ်နဲ့ ဆေးကူးတင်လျှက်
ယုံကြည်ချက် ဆေးမှင်ပန်းချီကား
နောက်ခံထားတာက ပြည်သူတွေ
ကြယ်ဖြူ ကို ခွပ်ဒေါင်းက ဆွတ်ခူး
ဘုံ လွတ်မြောက်ရေး အလင်းဦးဆီ
သွေးချင်းတိုင်း၊ ဇုံတိုင်း၊ နယ်တိုင်းမှာ
ကိုယ့်အပင်ကိုယ် ရှင်သန်နိုင်ရေး
ကိုယ့်အကိုင်းကိုယ် ထိုးထွက်နိုင်ရန်
ကိုယ့်အပွင့်ကိုယ် ဖြာဝေနိုင်ရန်
ကိုယ့်အသီးကိုယ် မျိုးဆက်နိုင်ရန်
လူအဆန်ဆုံး ထိုးချယ်ထားတယ်
ဘယ်တော့မှ ဆေးမပျယ်ဘူးဟေ့။ ။

သုအိုင်စံ
၁၆-၀၃-၂၀၁၄

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ