((( ဖတ်လို့ကောင်းတဲ့မေတ္တာ )))

((( ဖတ်လို့ကောင်းတဲ့မေတ္တာ )))

ချစ်သူက တစ်နေ့နှင်းဆီတစ်ဖူးပန်တယ်
ကျနော်က တစ်နေ့ စီးကရက်တစ်ဘူးသောက်တယ်
ကျနော်တို့ရဲ့ စုဗူးတွေ အသံတိတ်သွားတဲ့နေ့မှာ
အမေ့ ပိုက်ဆံအိပ် ခြေရာလက်ရာ စပျက်ခဲ့တာပါ။

အမေက ကျနော့်လက်ချက်မှန်း သိတဲ့အခါ
ပိုက်ဆံအိတ်ကို ဖွင့်ထားပေးတယ်ဗျာ
ပွင့်နေတဲ့ ပိုက်ဆံအိတ်ထဲက ခိုးရတာ
ကိုယ့်အရည်အချင်းကိုယ် စော်ကားသလိုပါပဲ
အဲဒါနဲ့...
ကျနော် စီးကရက်ဖြတ်ပြီး နှင်းဆီစိုက်ဖို့လုပ်တယ်
ချစ်သူက နှင်းဆီအစား ဘ၀တစ်ခုကိုပဲ ပန်တော့မယ်လို့ပြောတယ်
ကျနော့် ဘ၀ကို ရဲရဲကြီး ချစိုက်ပေးလိုက်တယ်

အဲဒါတောင် အမေ့ပိုက်ဆံအိတ်က ပွင့်နေတုန်းပဲ။ ။

သုအိုင်စံ

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ