((( နားမလည်ပေမဲ့ လူကြိုက်များတဲ့စာအုပ် )))

အကြောင်းအရာအပြောင်းမှာ အကြောင်းအရာပေါ်လာတယ်
အကြောင်းအရာအပေါ်မှာ အကြောင်းအရာပြောင်းသွားတယ်

ခက်ခဲကြမ်းတမ်းတဲ့ ရေးသူ အမည်မဲ့ ဘဝတစ်ခုအားအကြောင်းအရာအပြောင်းမှာ အကြောင်းအရာပေါ်လာတယ်
အကြောင်းအရာအပေါ်မှာ အကြောင်းအရာပြောင်းသွားတယ်
အကြောင်းအရာအပေါ်မှာ အကြောင်းအရာပြောင်းသွားတယ်
အကြောင်းအရာအပြောင်းမှာ အကြောင်းအရာပေါ်လာတယ်
ခေတ်ကာလထဲမှာ ဖြတ်သန်းရင်းပဲ အတူတွဲသွားလျှက် ဘာလုပ်နေတာလဲ
ကိုယ်တိုင်ဘာလုပ်နေမှန်းကို သဘောမပေါက်တဲ့ ကမ္ဘာမြေမသိတဲ့ ကမ္ဘာ၏အမှိုက်ခဲများ
လူဖြစ်ခဲ့တဲ့ ဖြစ်တည်မှုရယ်--သူပြုခဲ့တဲ့ အူတူတူ အတတ စာအုပ်ရယ်
လေးထောင့်ပုံးထဲက လူ့ အလောင်းစာပေ--
သူ့ အကြောင်းအရာတွေ ပုတ်နံ့တွေ တဝေဝေ ညှီလို့
အကြောင်းအရာအပေါ်မှာ အကြောင်းအရာပြောင်းသွားတယ်
အကြောင်းအရာအပြောင်းမှာ အကြောင်းအရာပေါ်လာတယ်
အကြောင်းအရာအပြောင်းမှာ အကြောင်းအရာပေါ်လာတယ်
အကြောင်းအရာအပေါ်မှာ အကြောင်းအရာပြောင်းသွားတယ်
အဟောင်းဟာလည်း အလောင်း ဖြစ်သွားတယ်
ဘာဖြစ်လဲ ဘာဖြစ်လဲ ဘာဖြစ်သေးလဲကွာ
သြော်...လက်စသတ်တော့ အမည်မဲ့စာရေးဆရာဆိုတာ ဘုရားသခင်ဆိုတဲ့ ကောင်ကိုး
(ဆိုးပါတယ်...ဖြစ်တည်ခဲ့မှုရယ်)
Comments
Post a Comment