((( သက်တန့်ပန်းချီ )))
((( သက်တန့်ပန်းချီ )))
နေရဲ့ ရောင်ပြန်ချက်နဲ့
ရေရဲ့ တောင်ပံရွက်နဲ့
တွဲယှက် အလင်းရောင်စုံသီ
သက်တန့်ပန်းချီဟာ အချစ်ပဲ
သက်တန့်ဟာ
နေမရှိလို့လည်း မဖြစ်ဘူး
ရေမရှိလို့လည်း မဖြစ်ဘူး
အချစ်မှာ
ငါမရှိလို့လည်း မဖြစ်ဘူး
မင်းမရှိလို့လည်း မဖြစ်ဘူး
လူတွေမှာ
သက်တန့်ကို မုန်းကြသူ မရှိဘူး
ချစ်သူတိုင်းမှာ
သက်တန့်တစင်းတော့ ရှိဖြစ်ခဲ့ဘူး
အချစ်ဟာ
နှစ်ဦးပြုထားတဲ့ဗိသုကာပေါ့
သက်တန့်ကို အမွေခွဲကြည့်တော့
မေတ္တာဟာဗလာထက်လျော့နေ
နေနဲ့ရေ ပြိုင်တူ ထွက် ပြေးတွေ့မည်
မင်းနဲ့ငါပြိုင်တူ ဖက် ထွေးပွေ့ချီ
အချစ်သည် သက်တန့်ပန်းချီကား
မေတ္တာသည်လှပခမ်းနားလွန်းစွ
ရေ-မင်းကို၊ နေ-ငါက
နမ်းနမ်းပြီးသောက်ပစ်တဲ့အခါ
သက်တန့်ပန်းချီဖြစ်တာ---ယုံ။ ။
သုအိုင်စံ
၂၇-၀၉-၂၀၁၆
ချစ်သူမွေးနေ့အတွက် နောက်တပုဒ်
Comments
Post a Comment