((( စာမူကဗျာများ )))
( ၀၀၁ )
((( ပြည်ထောင်စုဂီတ )))
အပင်ရင်း အမြစ်ဖြတ်ခံရတဲ့ မျိုးဖျက်ကင်ဆာမှန်းမသိ
ရွှေရရင် ငွေရမယ် ဆိုတာပဲသိတဲ့ ခလေးတွေ
ရွှေကျင်ကြတယ်။
ရွာအပြင် ချောင်းဖျားက ထွက်တဲ့အရာ
သယံဇာတဆိုတာ ရောင်းစားဖို့ပဲလေ လို့
အစဉ်အလာနဲ့ သဘောပေါက်ထားတော့
နဂိုပိုင်သည့် ရွှေပေါများတဲ့ အောက်ခြေနက် ရှိဆဲရွှေတွင်းထက်
လူ့ လောဘဟာ တကယ် ပို တွင်းနက်မှန်း မသိရှိခဲ့ကြသလို။
စာသင်ကျောင်း သွားမတက်ကြတဲ့အခါ
ဥာဏ်ဥာဏဆိုတာ ခေါင်းပါးလို့ မွဲတေလို့
ပညာမဲ့ တောပျောက်သွားတော့
ကိုယ်ပိုင်အသိတွေဘဘောတရားမဲ့ နေတဲ့ အသိမွဲနေခြင်းထက်
လူ့ လောကဟာ တကယ် ပို ကျဉ်းခဲ့မှန်း သတိမရှိခဲ့ကြပေ။
လူကြီးတွေလည်း နက်နက်တူးနေတယ်
ခလေးတွေလည်း ဆက်ဆက်တူးနေတယ်
အရင်းအနှီး အဆုံးမရှိဘူး
တွင်း အပြီး အဆုံးထိ တူးမယ်
လွယ်လှတဲ့ဒီလမ်းမှာ
ကြွယ်ဝမဲ့ချမ်းသာနည်းဟာ
ဘွဲ့ပညာရပ် တခု မလိုတော့လည်း။
ရွှေကျင်တဲ့အခါ
မြေအပေါ်ယံထက်က မြေသားဟာ
မြေဖျော်ကန်စက်ထဲမှာ ရေစားသွားပြီး
မြေဆီမြေနှစ်ဟာလည်း ရေနီရေညစ်ထဲ မျောပါသွားတယ်
အပေါ်ကို တူးဆွလို့ တက်လာတဲ့ မြေအောက်သားက
ရာသီပေါ်သီးရွက်သီးနှံတောင် ယာယီ စိုက်စားလို့မရပါ
ရေနီရေညစ်ဟာ မြစ်ရိုးတလျှောက်မှာ အဆိပ်ဖြစ်
ငါးတွေ ဖားတွေ ရေနေကောင်တွေ စိတ်ညစ်ရပြီ
ဒီမြစ်ကမ်းတလျှောက်က ရွာသူရွာသားတွေဟာ
ဒီထုံးနောက် မြစ်ရေနီနဲ့ပဲ ထမင်းချက်စားရ
ဒါဟာ...အဆိပ်ကို ဖြေးဖြေးချင်း မျိုချနေကြပါလားလို့
ရွှေတူးသမားတို့ မစဉ်းစားနိုင် အရေးမထားအား
ကျင်ခွက်အလယ်မှာ ရွှေသား အနယ်ထိုင်နေတာပဲ မြင်ချင်ခဲ့
လောဘက အကန့်အသတ်မဲ့တယ်။
သိပ်မကြာလိုက်ပေ
မြေတွေကုန်သွား
ရွှေတွေကုန်သွား
မြစ် ပျက်စီးသွား
ဖားတွေ ငါးတွေ ရေနေကောင်တွေ နယ်ပြောင်းသွား
မြေကလည်း ဟင်းသီးဟင်းရွက် စိုက်စားမရ
ရှိထားတဲ့ရွှေတွေကိုပဲ ရောင်းစားနေကြပြီ
ခဏကြာတော့
ရှိထားတဲ့ရွှေတွေပါ ထပ်၍ ကုန်သွားသည်။
ခလေးတွေ လူကြီးဖြစ်လာခဲ့ပြီ
ဦးနှောက်ထဲမှာ အသိဥာဏ်ပညာ မရှိ
ဂိုထောင်ထဲမှာ ရိက္ခာဝမ်းစာ မရှိ
လုပ်စားဖို့ရာ အတတ်ပညာ မရှိ
ဤ ရွာ၏ ၁၀၉/၁၁၀ ဝေလေလေများ
ရွာလယ် ဘုန်းကြီးကျောင်းမှာ လာစုဆုံမိကြ
တရားနာကြ ဗေဒင်ကြည့်ကြ ချဲတွက်ကြ
ဗုဒ္ဒကျွေးတဲ့ နေ့လယ်စာကလည်း၊ သူ့မေတ္တာ ရေစီးသန်ဆဲပါပဲ။
သယံဇာတအရင်းအနှီးဆိုတာ တရက်စာ ဖြစ်ကြောင်း
ဥာဏ်ဥာဏအရင်းအနှီးဆိုတာ တသက်စာ ဖြစ်ကြောင်း
ဒီ ဘုန်းကြီးကျောင်းသားအတုတွေကို ရှင်းပြလို့ နားမလည်နိုင်ပေမဲ့
မျိုးဆက်တွေကိုတော့ လက်ခံနိုင်လာအောာင် သင်ကြားပေးရမှာပဲ
တို့ရွာရဲ့ စာသင်ကျောင်းလေးထဲ
ကိုယ့်ဦးနှောက်ကိုယ် ဖွင့်ဆောင်းပြီး ဝင်လာခဲ့ပါ ခလေးတို့ရေ...
ရွှေသိပ်ထွက်တဲ့ အဲဒီရွာလိုပဲ
ရွှေသိပ်ထွက်တဲ့ မြန်မာပြည်ကြီး မမွဲခင်
မြန်မာပြည်သားဆိုတာ
စာမြန်မြန် သင်ပေးရမဲ့ကောင်တွေပေါ့ဗျာ။ ။
သုအိုင်စံ
၁၉-၁၀-၂၀၁၃
-
-
((( ပြည်ထောင်စုဂီတ )))
ခင်ဗျားတို့သူပုန်တွေရဲ့ လွတ်မြောက်ရေးသံစဉ်ထဲက
သေနတ်ပေါက်သံရှည်တွေကို ဖြုတ်ပစ်ပေးပါ
ကျုပ်တို့အစိုးရရဲ့ နိုင်ငံတော်သီချင်းဟောင်းထဲက
ကြီးနိုင်ငယ်ညှင်းစာသားတွေကို ဖြုတ်ထုတ်ပေးမယ်
ပြီးရင်
တိုင်းရင်းသားတွေအားလုံး လိုက်ဆိုနိုင်မဲ့ Key တခုကိုရှာမယ်
အဲဒီထဲမှာ ဒီသံစဉ်ကို အားလုံးပါဝင်ပူးပေါင်း ယက်လုပ်မယ်
စာသားကိုတော့ မြန်မာဘာသာစကားနဲ့ ဆိုတာ အဖြစ်သင့်ဆုံးပါပဲ
ခင်ဗျားက မြန်မာလိုမတတ်ရင်လည်း သံစဉ်ကို လိုက်ဝါးနေလိုက်ပေါ့
အဲဒီအတွက်ကြောင့်တော့
ခင်ဗျားဟာ မြန်ပြည်သားအဖြစ်က တပြားမှ မလျော့သွားစေရပါဘူး
ခင်ဗျားတို့ တိုင်းရင်းသားအားလုံးရဲ့
စိတ်ကူးတွေနဲ့ ဖြစ်ချင်တာတွေကို ဒီစာသားထဲ လာပစ်ထည့်ပါ ဝိုင်းစဉ်းစားမယ်

ဒီသီချင်းမှာ အဓိက မဖြစ်မနေ အားလုံး လိုက်နာရမှာ တချက်ပဲရှိတယ်
ဒီသီချင်းဟာ
(၁) ဓမ္မစကြာရွတ်သံတွေနဲ့ ကင်းဝေးနေရမယ်
(၁) ဗလီထဲက ဝဋ်ပြုသံတွေနဲ့ ကင်းဝေးနေရမယ်
(၃) ဘုရားကျောင်းထဲက ခေါင်းလောင်းသံတွေနဲ့ ကင်းဝေးနေရမယ်
(၄) ဟိန္ဒူ မီးနင်းပွဲက ဆိတ်သားရေဗုံရိုက်သံတွေနဲ့ ကင်းဝေးနေရမယ်
(၅) နောက်ဆုံးဗျာ---
----မိစ္ဆာဒိဌိတွေရဲ့ ကမ္ဘာပျက်တေးသံတွေနဲ့လည်း ကင်းဝေးနေရမယ်
ဒါဟာ အတွေးအခေါ်သစ်ရဲ့ ညီညွတ်ရေးသော့ချက်ပဲ
လက်ကို လက်ခံနိုင်ရမယ်၊ လက်ခံမှလည်း ရှေ့ဆက်လို့ရမယ်
ကျုပ်တို့အားလုံးဟာ
ဘုရားမုန်းခိုင်းခဲ့တဲ့ အမုန်းတရားအားလုံးကို မေ့ပစ်ရတော့မှာပဲ

ဒီသံစဉ်ရဲ့ Notes တိုင်းမှာ အဓိက ခပ်ဖွဖွလေးတီးမဲ့ နောက်ခံကျောရိုးကို
အစကနေ အဆုံးအထိ
ကျုပ်တို့က ဧရာဝတီမြစ်ကြီးရဲ့ ရေစီးသံကို ဗဟိုလိုင်းမှာ ဖြန့်ခင်းချင်တယ်
ဝေးဝေးက ရှမ်းအိုစည်ပုတ်တီးသံကို ဘယ်ဘက်ဘေးလိုင်းမှာ ကပ်ပူးထည့်မယ်
တောင်ဟိန်းသံပါတဲ့ ဖားစည်ရိုက်သံကို ညာဘက်ဘေးလိုင်းမှာ ကပ်ပူးထည့်မယ်
ခင်ဗျားတို့ တိုင်းရင်းသားအားလုံးရဲ့ တူရိယာတွေကို ယူလာကြပါ
ပတ္တလားသံနဲ့ စောင်းသံဟာ Intro မှာ သုံးနိုင်သလို
ကျွဲချိုမှုတ်သံနဲ့ ချင်းတွေရဲ့ နှာခေါင်းပုလွေမှုတ်သံလည်း Solo မှာ သုံးနိုင်တာပဲ
မွန်တွေရဲ့ မိချောင်းတူရိယာသံကိုလည်း ထည့်ရမယ်
ရခိုင်တွေရဲ့ ဗျောစည်ရှည်ရိုက်သံကိုလည်း ထဲ့ရမယ်
ဂျိန်းဖောတွေရဲ့ ခေါင်ရည်သောက်ပြီးနတ်ခေါ်တဲ့တီးလုံးကိုလည်း ထည့်ရမယ်
ပအိုဂ့်တွေရဲ့ ထုံထိန်းအိုးစည် ပိုက်ပြီးတီးသံကိုလည်း ထည့်ရမယ်
စပါးပင်တွေကို လေဖြတ်တိုးတဲ့အသံတွေလည်း ထဲ့ရမယ်
ချယ်ရီပန်းတွေ ဝတ်မှုန်ကူးကြတဲ့အသံတွေလည်း ထဲ့ရမယ်
ချင်းတောင်တန်းက ဇလပ်ပန်းတွေ ကျောက်မြေပေါ် ကြွေကျသံကိုလည်း ထဲည့်ရမယ်
သဇင်ပန်းခိုင်တွေ အချင်းချင်း အလှပြိုင်အသံတွေလည်း ထည့်ရမယ်
ဟင်္သာတွေ တောင်ပံရိုက်ခတ်သံတွေလည်း ထည့်ရမယ်
အောက်ချင်းငှက်တွေ ချစ်တင်းနှောသံတွေလည်း ထည့်ရမှာပဲ
ရွှေတြိဂံက ဘိန်းခင်းတွေထဲ လေပြေဝင်တိုက်သံတွေတော့ ထည့်လို့ မဖြစ်ဘူးဗျ
(ဒါကိုတော့ သက်ဆိုင်သူတွေ နားလည်မှုပေးနိုင်ရမယ်)
အစကနေ အဆုံးအထိ
ကျုပ်တို့က ဧရာဝတီမြစ်ကြီးရဲ့ ရေစီးသံကို ဗဟိုလိုင်းမှာ ဖြန့်ခင်းချင်တယ်
ဝေးဝေးက ရှမ်းအိုစည်ပုတ်တီးသံကို ဘယ်ဘက်ဘေးလိုင်းမှာ ကပ်ပူးထည့်မယ်
တောင်ဟိန်းသံပါတဲ့ ဖားစည်ရိုက်သံကို ညာဘက်ဘေးလိုင်းမှာ ကပ်ပူးထည့်မယ်
ခင်ဗျားတို့ တိုင်းရင်းသားအားလုံးရဲ့ တူရိယာတွေကို ယူလာကြပါ
ပတ္တလားသံနဲ့ စောင်းသံဟာ Intro မှာ သုံးနိုင်သလို
ကျွဲချိုမှုတ်သံနဲ့ ချင်းတွေရဲ့ နှာခေါင်းပုလွေမှုတ်သံလည်း Solo မှာ သုံးနိုင်တာပဲ
မွန်တွေရဲ့ မိချောင်းတူရိယာသံကိုလည်း ထည့်ရမယ်
ရခိုင်တွေရဲ့ ဗျောစည်ရှည်ရိုက်သံကိုလည်း ထဲ့ရမယ်
ဂျိန်းဖောတွေရဲ့ ခေါင်ရည်သောက်ပြီးနတ်ခေါ်တဲ့တီးလုံ
ပအိုဂ့်တွေရဲ့ ထုံထိန်းအိုးစည် ပိုက်ပြီးတီးသံကိုလည်း ထည့်ရမယ်
စပါးပင်တွေကို လေဖြတ်တိုးတဲ့အသံတွေလည်း ထဲ့ရမယ်
ချယ်ရီပန်းတွေ ဝတ်မှုန်ကူးကြတဲ့အသံတွေလည်း ထဲ့ရမယ်
ချင်းတောင်တန်းက ဇလပ်ပန်းတွေ ကျောက်မြေပေါ် ကြွေကျသံကိုလည်း ထဲည့်ရမယ်
သဇင်ပန်းခိုင်တွေ အချင်းချင်း အလှပြိုင်အသံတွေလည်း ထည့်ရမယ်
ဟင်္သာတွေ တောင်ပံရိုက်ခတ်သံတွေလည်း ထည့်ရမယ်
အောက်ချင်းငှက်တွေ ချစ်တင်းနှောသံတွေလည်း ထည့်ရမှာပဲ
ရွှေတြိဂံက ဘိန်းခင်းတွေထဲ လေပြေဝင်တိုက်သံတွေတော့ ထည့်လို့ မဖြစ်ဘူးဗျ
(ဒါကိုတော့ သက်ဆိုင်သူတွေ နားလည်မှုပေးနိုင်ရမယ်)
ဒီသီချင်းဟာ ငြိမ်းချမ်းရေးသံစဉ် ဖြစ်လို့
ဂစ်တာကို ဓါးပြတိုက်တီးတဲ့ နားမုဒိန်းကျင့်တီးလုံးတွေကို လုံးဝ လက်မခံဘူး
(ဒါကိုလည်း လူငယ်တွေက နားလည်ပေးနိုင်ရမယ်)
ညီညွတ်ရေးသီချင်းမို့ သပ်ရပ်တဲ့ ဟာမိုနီ များများ ထပ်ပေးနိုင်ရင် ပိုကောင်းတယ်
မတူတဲ့ ဟာမိုနီလိုင်းတွေကို တိုင်းရင်းသားစကားတွေနဲ့ ဝင်ဆိုမယ် မကောင်းဘူးလား
မြန်မာ့ဂီတလို သံစဉ်ကို နှဲတလက်တည်းနဲ့ ထိန်းချုပ်ထားတာမျိုးကို မလုပ်ရဘူး
လိုအပ်ရင် Chorus အပိုဒ်ကို ပတ်မကြီးနဲ့ ဝင် ဝင်အုပ်ပေးမယ်
ဒရမ်ကို ရှိရှိသမျှ တိုင်းရင်းသားဗုံတွေနဲ့ ဝိုင်းရံပြီး တီးမယ်ဗျာ
လွယ်လွယ်တီးလို့ရတဲ့ ဟော်လိုဂစ်တာ ၁၃၅ လက်နဲ့ သံစဉ်ကို ရင်ဖွင့်ထားလိုက်မယ်
ကဲ... ဘာတွေကျန်သေးလဲ ဘာတွေလိုအပ်သေးလဲ
မြန်မြန်ဆန်ဆန် ဆွဲတင်ပြီး ငြိမ်းချမ်းရေး ရထားပေါ်တက်ခဲ့ပါ

တိုင်းရင်းသားအားလုံး
ရန်ကုန်ကိုလာပါ
အဲဒီမှာ အောင်ဆန်းကွင်းကို မိုးလုံလေလုံ ပိတ်ပြီး သီချင်းတိုက်ကြမယ်
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အမှီပေါ့...။ ။
ရန်ကုန်ကိုလာပါ
အဲဒီမှာ အောင်ဆန်းကွင်းကို မိုးလုံလေလုံ ပိတ်ပြီး သီချင်းတိုက်ကြမယ်
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အမှီပေါ့...။ ။
သုအိုင်စံ
၁၇-၁၀-၂၀၁၃
၁၇-၁၀-၂၀၁၃
-
-
( ၀၀၂ )
((( ချော့တေး )))
ချစ်သူရေ...
ငါ့ ရင်ခွင်ထဲက ပဲခူးရိုးမကြီးထဲမှာ
နင် ဦးဆောင်ထားတဲ့ ကွန်မြူ နစ်တွေ
ခြေကုတ်ယူ တပ်စွဲထားကြပြီ။
ငါ့ ရင်ခွင်ထဲက ပဲခူးရိုးမကြီးထဲမှာ
နင် ဦးဆောင်ထားတဲ့ ကွန်မြူ နစ်တွေ
ခြေကုတ်ယူ တပ်စွဲထားကြပြီ။
ဗဟိုအစိုးရလို
တပ်မတွေကို တသုတ်ပြီးတသုတ်ပို့
နင် ယုံကြည်လို့လျှောက်တဲ့ လက်ဝဲလမ်းစဉ်ကို
တပင် တငုတ် မကျန်အောင်
ငါ အမြစ်ပြုတ် မတိုက်ထုတ်လိုဘူး။
တပ်မတွေကို တသုတ်ပြီးတသုတ်ပို့
နင် ယုံကြည်လို့လျှောက်တဲ့ လက်ဝဲလမ်းစဉ်ကို
တပင် တငုတ် မကျန်အောင်
ငါ အမြစ်ပြုတ် မတိုက်ထုတ်လိုဘူး။
နင့် ရင်ခွင်ထဲ
ခဲယမ်းလက်နက်အစုံ၊ အသံလွှင့်ရုံတရုံနဲ့
တရုတ်တွေ အပြုံလိုက် ပြို ကျလာမှာကို
ငါ မလိုလားဘူး။
ခဲယမ်းလက်နက်အစုံ၊ အသံလွှင့်ရုံတရုံနဲ့
တရုတ်တွေ အပြုံလိုက် ပြို ကျလာမှာကို
ငါ မလိုလားဘူး။
ငါတို့ရဲ့ ချစ်ခြင်းမှာ မတည်ငြိမ် ဆူပွက်လာတိုင်း
ငါကပဲ ရိုင်းစိုင်းစွာ စစ်အာဏာသိမ်းမှာ မဟုတ်သလို
နင့်ကိုလည်း
ဗဟိုအစိုးရ ဘာတွေကိုပဲ ကောင်းတာ လုပ်လုပ်
အမြဲ ကန့်ကွက်စာချည်းပဲထုတ် မရှုံ့ချစေလိုပါ
ငါတို့ဟာ အတူတကွ
လွပ်လပ်ရေးတခုကို တိုက်ယူခဲ့ဖူးကြတာကို မမေ့နဲ့
တော်လှန်ရေးတခုထဲ တိုက်ရဲခဲ့ဖူးကြတာကို မမေ့နဲ
မြန်မာပြည်ဆိုတာ
ရဲဘော် ၃ ကျိပ်တွေ့ရှိခဲ့တဲ့ မြောက်အမေရိကပါ
ဒီရေလမ်းမှာ နင်နဲ့ငါ အားစွမ်းညီညာ ရွက်တိုက်ခဲ့တာလေ။

နင့်ဘက်က လွန်ဆွဲချက်နဲ့
ငါ့ဘက်က လွန်ဆွဲချက် ကြားမှာ
စာကျက်ပျက်နေကြတဲ့ သားသမီးတွေက
မနက်ဖန်ကို အောင်မှတ် ရပါ့မလား။
ငါ့ဘက်က လွန်ဆွဲချက် ကြားမှာ
စာကျက်ပျက်နေကြတဲ့ သားသမီးတွေက
မနက်ဖန်ကို အောင်မှတ် ရပါ့မလား။
နင်နဲ့ ငါနဲ့ သမီးနဲ့ သားနဲ့
လက်ချင်းဆုံလျှက်
အတူ လက်တွဲစားမှ အရသာကောင်းလေမဲ့ ထမင်းစားပွဲမှာ
ဆက်ငြင်းခုန်မဲ့
မတူတဲ့ ကွဲပြားချက် ပြသနာဟောင်းတွေကို မစဉ်းစားပဲ
ဝမ်းမနည်းကြေး ရဲရဲသာ ဘေးဖယ်ထားပါ
ခလေးငယ်များမှာ ရွေးချယ်သွားစရာ
စိတ်ချင်းတွဲဖက်ညီတဲ့ မိဘမျိုးရဲ့ မေတ္တာတရားပဲ ဖြစ်အပ်ပါတယ်
စိတ်ရင်းကွဲတဲ့ ပြည်ဖျက်ပဋိပက္ခဆိုးရဲ့ အပြစ်အနာများ မဟုတ်ဘူး
ဘဝကို လက်ခုပ်သံဂီတနဲ့ ကခုန်ပျော်မြူးဖို့ရာ
လက်နှစ်ဖက်ကို ရိုက်ပုတ်ပူးကပ် သံစဉ်များ ထွက်ရသတဲ့
အာဃာတဖက် အမှားနစ်နေတဲ့ မာန်မာနမိုက်ဟာ
အနာဂတ်အတွက် မထားသင့်လေတဲ့ သယံဇာတသိုက်ပဲ
မိုက်ရဲစွာ ရိုက်ခွဲကာ ရောင်းထုတ်ပစ်ကြရမယ်။

ချစ်သူရေ...မသေမချင်း မှတ်ထား
"ချစ်ခြင်း" တဲ့
အာဏာသိမ်းလို့ကောင်းတဲ့အရာ မဟုတ်သလို
ခွဲထွက်ခွင့်ဆိုတာလည်း မတောင်းဆိုအပ်ဘူး
(အနည်းဆုံးတော့) ၂ ဦး ညီဖို့ လိုတယ်
နင်ရယ်(ဗကပ ရယ်) ငါရယ်(မဆလ ရယ်)
ဘယ်လဲ ဘာလဲ
ဒီ ၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲလေးလည်း မပျက်စေချင်။ ။
"ချစ်ခြင်း" တဲ့
အာဏာသိမ်းလို့ကောင်းတဲ့အရာ မဟုတ်သလို
ခွဲထွက်ခွင့်ဆိုတာလည်း မတောင်းဆိုအပ်ဘူး
(အနည်းဆုံးတော့) ၂ ဦး ညီဖို့ လိုတယ်
နင်ရယ်(ဗကပ ရယ်) ငါရယ်(မဆလ ရယ်)
ဘယ်လဲ ဘာလဲ
ဒီ ၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲလေးလည်
သုနိုင်ငံ
၁၉၉၆
၁၉၉၆
-
-
( ၀၀၃ )
((( မြေကိုစမ်းမယ်၊ အနာဂတ်ကိုပျိုးမယ်၊ ဖက်ဒရယ်နဲ့ )))
ပြည်နယ်ပေါင်းဆုံ (ပေါင်း+ဆုံ) ပြည်ထောင်စု မဟုတ်တော့
သစ်ခုတ်ရောင်းရငွေကို၊ ကျောက်စိမ်းထုတ်ရောင်းရငွေကို၊
ဓါတ်ငွေ့ထုတ်ရောင်းရငွေကို၊ ရေနံထုတ်ရောင်းရငွေကို၊
လျှပ်စစ်ထုတ်ရောင်းရငွေကို၊ ကြေးနီထုတ်ရောင်းရငွေကို၊
ဗဟိုအစိုးရကို ရာခိုင်နှုန်းနဲ့ပေးမလား၊ ပြည်နယ်အစိုးရကပဲ စားမလား
ဒါတွေ---ဒါတွေဟာ---မကွဲပြား မသေချာပေမဲ့
ပြည်သူတွေ မစားရတာက သေချာနေခဲ့

နှစ်စဉ်နှစ်တိုင်းပေါ့ နိုင်ငံတော် အစိုးရဘတ်ချက် ခွဲခြမ်းချမှတ်ရင်
ဘယ်တိုင်းရဲ့ လိုအပ်မှုကိုမှ မမြင်၊ ဘယ်ပြည်နယ်ရဲ့ လိုမှုကိုမှ မမြင်
စစ်ခေါင်းစဉ်နဲ့ လုပ်လိုက်ပေရဲ့၊ စစ်တပ်ထဲ စီးဝင်သွားတဲ့ဘဏ္ဍာငွေ
ဒါတွေ---ဒါတွေဟာ--စစ်တပ်ကြီး-တိုးတက်/မတက် မသေချာပေမဲ့...
စစ်သားတွေ မစားခဲ့တာ သေချာနေရဲ့

ပြည်နယ်ပေါင်းဆုံ (ပေါင်း+ဆုံ) ပြည်ထောင်စု မဟုတ်ရင်
ပြည်နယ်ပေါင်းစုံပြည်ထောင်အကြွဲ ကီး-လို့ -ဆိုကြပါစို့လား...
မင်းတို့ နဲ့ ငါတို့ အနှစ် ၆၀ ကျော် စစ်မီး ဆော့ကစားခဲ့တာ
ဖြစ်သင့်သော-စစ်ကို အမြစ်ဖြုတ်ချင်လို့လည်း မဟုတ်ဘူး
ဖြစ်သင့်သော-ခေတ်ကို အသစ်လုပ်ချင်လို့လည်း မဟုတ်ဘူး
အတူ-လုပ်ကြံကာ-ဖူးညွန့်ထားတဲ့-စ စ်ထွက်ကုန်စည်ရဲ့-အကျိုးအမြတ်များကို
အတူ-ဟုတ်မှန်စွာ-ခူးဆွတ်စားမဲ့- နှစ်သက်ပုံအညီနဲ့-အချိုးကျ ဖြတ်စားဖို့
ပြည်သူတို့-မသိနိုင်ရန်-တကွက်ချ န်ထားခဲ့တဲ့ နှစ်ဘက်လက်နက်ကိုင်များ
ပြည်နယ်ပေါင်းစုံပြည်ထောင်အကြွဲ
မင်းတို့ နဲ့ ငါတို့ အနှစ် ၆၀ ကျော် စစ်မီး ဆော့ကစားခဲ့တာ
ဖြစ်သင့်သော-စစ်ကို အမြစ်ဖြုတ်ချင်လို့လည်း မဟုတ်ဘူး
ဖြစ်သင့်သော-ခေတ်ကို အသစ်လုပ်ချင်လို့လည်း မဟုတ်ဘူး
အတူ-လုပ်ကြံကာ-ဖူးညွန့်ထားတဲ့-စ
အတူ-ဟုတ်မှန်စွာ-ခူးဆွတ်စားမဲ့-
ပြည်သူတို့-မသိနိုင်ရန်-တကွက်ချ
ဒီနယ်မြေမှာ တောင်တတောင် သစ်ပင်တွေ ပြောင်စင်သွားတယ်
ဒီနယ်မြေမှာ ကျောင်းတဆောင် အသစ်ဝင် တည်ထောင်မလာဘူး
ဒီနယ်မြေမှာ မြစ်တစင်း ပျက်စီးတိမ်ကော လမ်းပျောက်သွားတယ်
ဒီနယ်မြေမှာ အရေးကြီးတဲ့ဆေးပေးခန်းတခု ပေါ်ပေါက် မလာဘူး
ဆူးစူးပြည်တည်နာနဲ့လှမ်းရွေ့နေရ တဲ့ နေသားတကျ လူထုဘဝတွေ
ဒီနယ်မြေမှာ ကျောင်းတဆောင် အသစ်ဝင် တည်ထောင်မလာဘူး
ဒီနယ်မြေမှာ မြစ်တစင်း ပျက်စီးတိမ်ကော လမ်းပျောက်သွားတယ်
ဒီနယ်မြေမှာ အရေးကြီးတဲ့ဆေးပေးခန်းတခု ပေါ်ပေါက် မလာဘူး
ဆူးစူးပြည်တည်နာနဲ့လှမ်းရွေ့နေရ
အိမ်ပေါ်မှာ ထမင်းချက်တဲ့ ထင်းမီး-မသေရန် ဆက်တိုက် ဂရုစိုက်နေရ
အိမ်ဘေးက ပြည်ပပို့ကုန် ဂက်စ်ပိုက်ကြီး စီးနေတာ သတ္ထုရောင်လက်ပပ
မြို့ထဲမှာ ရပ်ကွက်ရဲ့လမ်းမီးတွေမှိန်၊ အရင်လိုပဲ အလင်းရောင်က မဝတဝ
မြို့ပြင်မှာ ပြည်ပပို့ကုန် လျှပ်စစ်လမ်းကြောင်းကြီး စီးနေတာ သပ်သပ်ရပ်ရပ်
ဆူးစူးပြည်တည်နာနဲ့လှမ်းရွေ့နေရ တဲ့ နေသားတကျ လူထုဘဝတွေ
အိမ်ဘေးက ပြည်ပပို့ကုန် ဂက်စ်ပိုက်ကြီး စီးနေတာ သတ္ထုရောင်လက်ပပ
မြို့ထဲမှာ ရပ်ကွက်ရဲ့လမ်းမီးတွေမှိန်၊ အရင်လိုပဲ အလင်းရောင်က မဝတဝ
မြို့ပြင်မှာ ပြည်ပပို့ကုန် လျှပ်စစ်လမ်းကြောင်းကြီး စီးနေတာ သပ်သပ်ရပ်ရပ်
ဆူးစူးပြည်တည်နာနဲ့လှမ်းရွေ့နေရ
နိုင်ငံခြား ကုမ္ပဏီတွေ လျှောက်ဝင်လာဆဲ... နိုင်ငံခြားဝင်ငွေကြေးတွေ ဝင်လာနေဆဲ
နိုင်ငံသားတွေဆီ၊ ဘုံဘဝတွေဆီ ရောက်မလာပဲ... နိုင်ငံသားတွေ အကြွေး တင်နေဆဲ
ပြည်နယ်ပေါင်းစုံပြည်ထောင်အကြွဲ ကီး-က- ဘယ်လိုမှ-အလုပ်မဖြစ်တာ-အထင်အရှားပဲ
စစ်ပွဲအတုတွေကို ရပ်စဲလေ.. ငြိမ်းချမ်းရေးအစစ်ကို ပျိုးကြဲလေ..လူထုကြီးက မျှော်နေဆဲ
နိုင်ငံသားတွေဆီ၊ ဘုံဘဝတွေဆီ ရောက်မလာပဲ... နိုင်ငံသားတွေ အကြွေး တင်နေဆဲ
ပြည်နယ်ပေါင်းစုံပြည်ထောင်အကြွဲ
စစ်ပွဲအတုတွေကို ရပ်စဲလေ.. ငြိမ်းချမ်းရေးအစစ်ကို ပျိုးကြဲလေ..လူထုကြီးက မျှော်နေဆဲ
ပြည်နယ်ပေါင်းစုံပြည်ထောင်အကြွဲ ကီး-သည်- မဲပြာလုံချည် အလုပ်မဖြစ်မှတော့
ပြည်နယ်ပေါင်းဆုံ (ပေါင်း+ဆုံ) ပြည်ထောင်စုသစ်ကို- စမ်းကြည့်ရတော့မယ်
ဖက်ဒရယ်---ဆိုတာကို--လေ့လာစို့. ..
ဒီမှာ....လေ့လာတာတို့သည်--တွေ့လာဖို့လည်း လိုသည်..
သို့- / ဒေါ်---တောင်-တန်း-ဆု-ရည်။ ။
ပြည်နယ်ပေါင်းဆုံ (ပေါင်း+ဆုံ) ပြည်ထောင်စုသစ်ကို- စမ်းကြည့်ရတော့မယ်
ဖက်ဒရယ်---ဆိုတာကို--လေ့လာစို့.
ဒီမှာ....လေ့လာတာတို့သည်--တွေ့လ
သို့- / ဒေါ်---တောင်-တန်း-ဆု-ရည်။ ။
သုအိုင်စံ
၁၀-၁၂-၂၀၁၆
၁၀-၁၂-၂၀၁၆
-
-
( ၀၀၄ )
((( စစ်ကားမောင်းသူ )))
လူ ဆီ သည်
အရက်နီ တလုံး
ကား ဆီ သည်
ဓါတ် ဆီ တပုံး
လူ ဆီ ထည့်တာ များရင်
အမှားတွေနဲ့  နီးပေမည်
ကား ဆီ ထည့်တာ များရင်
သွားနေတဲ့ ခရီး ရှည်မည်
ဆိုင်တကာကို ထွက်ဝင်လျှက်
အရက်မူးလာနဲ့ ဒရိုင်ဘာ စွမ်းအားနဲ့ 
နိုင်ငံတကာကို ယှဉ်တက်လျှက်
လက်ဦးစွာနဲ့ ပြိုင်လာတဲ့ လမ်းများထက်
နိုင်ငံကောင်းစားရေးတွေအတွက်
လမ်းစဉ်ဟောင်းနဲ့ ဆက်ဆဲ စစ်ကားဟာ ရွေ့နေ
ဒိုင်ခံမောင်းသွားပြေးနေတဲ့
လမ်းတွင်မောင်းဆက် အခက်ခဲသစ်များစွာ တွေ့နေ
တိုးတက်ခြင်း အနာဂတ် နေ့ ရက်များသို့ 
ပန်းဝင်သွားတဲ့ ရည်ရွယ်ခေါင်းစဉ်များဟာ ပြီးကာ ရောက်သွားမလား
ကျိုးပျက်ရင်း ဗလာပြ၍ ပျက်သွားလို့ 
လမ်းတွင်ကားပျက် ချီသယ်မောင်းနှင်မှားကာ ခရီးမှာ မှောက်သွားမလား
စစ်ကားမောင်းနေတဲ့ ဗိုလ်ချုပ်တွေရဲ့ 
အုပ်ချုပ်ရေးတွေနဲ့  စစ်ဗျူဟာဝါဒတွေနဲ့ 
တိုင်းပြည် ယိုင်သွားလျှက် ရွေ့ ခဲ့တဲ့ ခေတ်များ
အပြစ်များကြောင်းတွေနဲ့ ဗိုလ်ချုပ်တွေရဲ့ 
ရှုပ်ထုပ်ထွေးတွေနဲ့ အပြစ်ထူလာလေတဲ့
သမိုင်းသည် မနိုင်အားနဲ့  ရှေ့ ဆက်တဲ့နှစ်များ
စစ်ခေါင်းဆောင်တွေ
တယောက်လဲလို့  တဦးလာဝင် ပြောင်းသွားခဲ့
ဒိုင်ခံမောင်းသွားရေးနဲ့  ရောက်သွားတဲ့ တဝက်ခရီးသေ၏
ချောက်ထဲသို့  မူးလာစဉ် မောင်းသွားတဲ့
နိုင်ငံကောင်းစားရေး မှောက်သွားတဲ့ အပျက်အစီးတွေအပြည့်
စစ်ကားရဲ့ နေ့ရက်များဟာ ရှေ့ဆက်မောင်းသွားလျှက်
အပြစ်များနဲ့ ဆက်၍သွားလာ အကွေ့အတက်အစောင်းများနဲ့
ချောက်ထဲကျ လူထုအလောင်းအား မကောက်သယ်တင်နိုင်ခဲ့ခြင်းများ
ဆိုးဆိုးပျက်ပျက်လမ်းစဉ် စစ်သားနိုင်ငံရေး စောက်ရမ်းတွေနဲ့
ပိုးစိုးပက်စက်လမ်းတွင် ပစ်ထားတဲ့ နိုင်ငံသွေးတွေ ခြောက်ခမ်းနေခဲ့
လှောက်လှမ်းနေတဲ့ မြန်မာမာ့နည်းမြန်မာ့တိုင်းဟန်စ စ်သုံးဒီမိုကရေစီ
လူညီသောချိုင်းကုန်းဆီလား ။ ။
သုအိုင်စံ
၀၁-၁၁-၂၀၁၆
-
-
-
-
( ၀၀၅ )
ဝါးရုံတစ်ရုံ ပေါက်လာတယ်
ကယန်းကလေးငယ်တယောက်ဟာ
ဝါးရုံရှိရာမှာ မျှစ်သွားချိုးတယ်
လောပိတဓါတ်တိုင်အောက်မှာ
တပ်မတော်က မိုင်းထောင်ခဲ့တယ်
ဂျိန်းကနဲ ထကွဲကာ
လူမျှစ်တငုတ်ဟာလည်း
မှိုးချိုးမျှစ်ချိုးပဲ ပေါင် ထက်ပိုင်း ကျိုးပြတ်
စိုင်းခမ်းလိပ် သီချင်းထဲမှာ ရေးစပ်ခဲ့သလိုပေါ့
လောပိတကတော့
လောပိတကို အခုထိ ကောင်းကျိုးမပေးသေးဘူး
မျှစ်ခူးချင်ရင် ပေါင်ကျိုးတတ်တယ်---တဲ့--
ဒီလို--ကျုပ်တို့--ကကန်းကျေးလက် လူထုတွေ
ဗဟိုအစိုးရရဲ့ မှိုးချိုးမျှစ်ချိုး စိုက်ပျိုးခံနေခဲ့ရ
အခုတော့ ငါ ကြီးလာကြပြီ
ဟိုး--- ဝေးဝေးက ဓါတ်တိုင်ကို လှမ်းမြင်မိပါတိုင်း
ခန္ဒာက ကျုပ် ပေါင်ပြတ်ပိုင်းကို ပြန်ပြန် စမ်းနေမိရဲ့
------------------------------ ------------
ဟိုတုန်းက အစိုးရတပ်သားတွေက
ဦးနှောက် ပို နည်းတယ်
လောပိတဓါတ်တိုင်ကို မိုင်းတွေ ထောင် ထောင် ခဲ့တယ်
ကျိုးတယ်ပြတ်တယ်ဆိုတာ
တခါတည်း ဝေဒနာ ကင်းမဲ့သွားတာ မဟုတ်ဘူးဗျ
သချိုင်းကုန်းကြီးကို တသက်လုံး သယ်သွားနေရတာ
မယုံရင် နေပြည်တော်မှာ မိုင်းထောင်ကြည့်ပါလား
------------------------------ ------------------------
ဒီမှာ ကျုပ်က ရွာသား၊
ကျုပ်ကို မွေးဖွားတဲ့ ဒီ-လောပိတရွာလေးကလေးလိုပဲ
ကိုယ့်သွေး ဘယ်သူ သောက်မှန်းနေမှန်းလည်း မသိတဲ့ ရွာသား
စောက်ကြီးစောက်ကြယ်များလည်း မတောင်းဆိုတတ်ဘူးဗျာ
အဲဒီ ဓါတ်တိုင်အောက်က မိုင်းတွေ ပြန်ရုပ် သိမ်းပေးစမ်းပါ
ခုတလောမှာ ကျုပ်နွားတွေ
အဲဒီတိုင်အောက်မှာ မြက်ကောင်းလို့ သွား သွား စားနေကြတယ်
တနေ့နေ့မှာ
၃ ချောင်းထောက် နွားတွေများ ကျုပ် မြင်ရလေမလားလို့
ကျုပ်-နွားကျောင်းရင်း-ရင် ထိပ် ထိပ် နေရပါရဲ့
ဓါတ်တိုင်က ကျုပ်ခြေထောက်တဖက်ကို ရိတ်ဖြတ်ခဲ့သလိုမျိုး
သိပ်ဆိုးဝါးတဲ့ သွေးချင်းချင်း ဆိတ်တဲ့ နာကျင်မှုနဲ့ဗျာ။ ။
သုအိုင်စံ
၂၅-၀၉-၂၀၁၆
-
-
((( မှိုချိုးမျှစ်ချိုး စိုက်ပျိုးခံရတဲ့စိုက်ခင်းများ )))
ဟိုတုန်းက သူပုန်တွေတပ်သားက
ဦးနှောက်နည်းတယ်
ဟိုတုန်းက သူပုန်တွေတပ်သားက
ဦးနှောက်နည်းတယ်
လောပိတဓါတ်တိုင်ကို မိုင်း သွား သွား ခွဲခဲ့တယ်
------------------------------ ------
လောပိတဓါတ်တိုင်အောက်မှာ
လောပိတဓါတ်တိုင်အောက်မှာ
မှိုးချိုးမျှစ်ချိုးပဲ ပေါင် ထက်ပိုင်း ကျိုးပြတ်
လောပိတကို အခုထိ ကောင်းကျိုးမပေးသေးဘူး
ဟိုး--- ဝေးဝေးက ဓါတ်တိုင်ကို လှမ်းမြင်မိပါတိုင်း
------------------------------
ဟိုတုန်းက အစိုးရတပ်သားတွေက
ဦးနှောက် ပို နည်းတယ်
လောပိတဓါတ်တိုင်ကို မိုင်းတွေ ထောင် ထောင် ခဲ့တယ်
ကျိုးတယ်ပြတ်တယ်ဆိုတာ
တခါတည်း ဝေဒနာ ကင်းမဲ့သွားတာ မဟုတ်ဘူးဗျ
သချိုင်းကုန်းကြီးကို တသက်လုံး သယ်သွားနေရတာ
မယုံရင် နေပြည်တော်မှာ မိုင်းထောင်ကြည့်ပါလား
------------------------------
ဒီမှာ ကျုပ်က ရွာသား၊
ကျုပ်ကို မွေးဖွားတဲ့ ဒီ-လောပိတရွာလေးကလေးလိုပဲ
ကိုယ့်သွေး ဘယ်သူ သောက်မှန်းနေမှန်းလည်း မသိတဲ့ ရွာသား
စောက်ကြီးစောက်ကြယ်များလည်း မတောင်းဆိုတတ်ဘူးဗျာ
အဲဒီ ဓါတ်တိုင်အောက်က မိုင်းတွေ ပြန်ရုပ် သိမ်းပေးစမ်းပါ
ခုတလောမှာ ကျုပ်နွားတွေ
အဲဒီတိုင်အောက်မှာ မြက်ကောင်းလို့ သွား သွား စားနေကြတယ်
တနေ့နေ့မှာ
၃ ချောင်းထောက် နွားတွေများ ကျုပ် မြင်ရလေမလားလို့
ကျုပ်-နွားကျောင်းရင်း-ရင် ထိပ် ထိပ် နေရပါရဲ့
သိပ်ဆိုးဝါးတဲ့ သွေးချင်းချင်း ဆိတ်တဲ့ နာကျင်မှုနဲ့ဗျာ။ ။
သုအိုင်စံ
-
-
( ၀၀၆ )
((( နောက်ဆုံးညစာ )))
မြစ်ဆုံ....................... .........၀၅ ကျပ် (ရောင်းပြီး)
ဧရာဝတီ........................ .....၁၀ ကျပ် (ရောင်းပြီး)
ကချင်ကျောက်စိမ်းတွင်း......... ၀၅ ကျပ် (ရောင်းပြီး)
ကြေးနီတောင်နဲ့ ပုပ္ပါးတောင်..၁၀ ကျပ် (ရောင်းပြီး)
ဒေါနတောင်တန်း................. ၁၀ ကျပ် (ရောင်းပြီး)
တနသာရီသတ္ထုမိုင်း.............. ၀၅ ကျပ် (ရောင်းပြီး)
သံလွင်ရေကာတာ................၀၅ ကျပ် (ရောင်းပြီး)
ရခိုင်ဓါတ်ငွေ့တွင်း........... ....၁၅ ကျပ် (ရောင်းပြီး)
ပဲခူးရိုးမကြိုးဝိုင်း......... ..........၁၀ ကျပ် (ရောင်းပြီး)
ကမ်းလွန်ပင်လယ်ပြင်...........၁ ၀ ကျပ် (ရောင်းပြီး)
------------------------------ ------------------------
စုစုပါင်းရောင်းရငွေ..........၈ ၅ ကျပ် (နိုင်ငံဘဏ္ဍာ)
-
ပြည်တွင်းစစ်.................. ......၃၅ ကျပ် (နှုတ်ရန်)
ပညာရေး........................ .....၀၅ ကျပ် (နှုတ်ရန်)
ကျန်မားရေး.................... ......၀၅ ကျပ် (နှုတ်ရန်)
စီးပွားရေး.................... .........၁၅ ကျပ် (နှုတ်ရန်)
တည်ဆောက်ရေး..................၀ ၅ ကျပ် (နှုတ်ရန်)
လစဉ်ကြွေး..................... ......၀၅ ကျပ် (နှုတ်ရန်)
စုငွေ......................... ...........၀၅ ကျပ် (နှုတ်ရန်)
စားစရိတ်...................... ........၁၅ ကျပ် (နှုတ်ရန်)
ဖျော်ဖြေရေး................... ........၀၅ ကျပ် (နှုတ်ရန်)
ကုလအသင်းဝင်ကြေး.............၀၅ ကျပ် (နှုတ်ရန်)
------------------------------ ------------------------
စုစုပေါင်း ကုန်ကျစရိတ်.........၁၁၀ ကျပ် (နှစ်စဉ်)
------------------------------ -------------------------
စုစုပေါင်း လိုအပ်ငွေ.......၂၅ ကျပ် (ရရန်လမ်းမရှိ)
ဝင်ငွေနဲ့ထွက်ငွေက မမျှ၊ နိုင်ငံခေါင်းဆောင်တွေ သိပ်စိတ်ညစ်ရ၊
ထပ်သီးနိုင်ငံတွေက ငွေ ၁၀၀ ချေးပေးမယ် တဲ့၊ နှစ် ၁၀၀ ကျွန်ခံရေးမူနဲ့၊
ဒါတော့ မဖြစ်သင့်ဘူး၊ အမျိုးသားရေးမာနကလည်း အစော်ကားခံလို့ မဖြစ်ဘူး၊
သတ်သေတာ မမိုက်ဘူးနော်၊...ထပ်နေတာကရော မိုက်လို့လားဗျာ..တဲ့၊
နောက်ဆုံးတော့ မထူးဇတ်ခင်းလိုက်ကြတယ်"
(ကိုယ့်ကိုယ်ကိုယ် သတ်သေရမယ်)" ဆိုတဲ့လမ်းစဉ်နဲ့
အဲဒီမှာတင် "နောက်ဆုံးညစာကိစ္စ" ပြဿနာ စတက်တော့တာပဲ
ပထမတမျိုးက---တစ်သက်လုံး နစ်နာခဲ့တဲ့ ငါတို့လူမျိုးရဲ့
နောက်ဆုံးညစာဟာ အုန်းထမင်းနဲ့ကြက်သား ဖြစ်သင့်ပါတယ်တဲ့.....
နောက်တမျိုးက---ငါတို့ လူမျိုးရဲ့ရိုးရာ ဓလ့နဲ့ထုံးစံအရ
နောက်ဆုံးညစာဟာ ငါးပိရည်နဲ့ တို့စရာ ဖြစ်သင့်ပါတယ်တဲ့......
နောက်တမျိုးက---တခါတလေ ပေါ့ပေါ့ ပါးပါးလေး သေရတာပဲ
နောက်ဆုံးညစာဟာ မုန့်ဟင်းခါးလေးပဲ ဖြစ်သင့်ပါသတဲ့......
နောက်တမျိုးက---ရှိသမျှ အကြွေး တတ်နိုင်သမျှ အကုန်ဆပ်မယ်ဟေ့
နောက်ဆုံးညစာဟာ လက္ဘက်ရည်နဲ့နံပြားပဲ ဖြစ်သင့်ပါတယ်တဲ့......
နောက်ဆုံးညစာ မရောက်ခင်မှာပဲ
နောက်ဆုံးညစာအကြောင်း ဆွေးနွေး ငြင်းခုန် ရန်ဖြစ်
နိုင်ငံတော်ကြီးက တနေ့တခြား အကြွေးတွေ နင့် နစ် လာ
ကိုယ့်စိတ်နဲ့ကိုယ်သေတော့ရမဲ့ ပြည်သူတွေဟာ
သိပ်ကံကောင်းရှာတာပဲ။ ။
သုအိုင်စံ
၁၆-၀၆-၂၀၁၃
-
-
-
-
( ၀၀၇ )
((( မြန်မာဘုန်းကြီးကျောင်းသားအတုများ )))
ကျောင်းကိုသွားပြီး ပညာသင်ဖို့ထက်
ချောင်းထဲသွားပြီး ရွှေရှာချင်ကြတဲ့ ရင်တွင်းဖြစ်ဆန္ဒဟာကျောင်းကိုသွားပြီး ပညာသင်ဖို့ထက်
အပင်ရင်း အမြစ်ဖြတ်ခံရတဲ့ မျိုးဖျက်ကင်ဆာမှန်းမသိ
ရွှေကျင်ကြတယ်။
ရွာအပြင် ချောင်းဖျားက ထွက်တဲ့အရာ
အစဉ်အလာနဲ့ သဘောပေါက်ထားတော့
နဂိုပိုင်သည့် ရွှေပေါများတဲ့ အောက်ခြေနက် ရှိဆဲရွှေတွင်းထက်
လူ့ လောဘဟာ တကယ် ပို တွင်းနက်မှန်း မသိရှိခဲ့ကြသလို။
စာသင်ကျောင်း သွားမတက်ကြတဲ့အခါ
ပညာမဲ့ တောပျောက်သွားတော့
ကိုယ်ပိုင်အသိတွေဘဘောတရားမဲ့ နေတဲ့ အသိမွဲနေခြင်းထက်
လူကြီးတွေလည်း နက်နက်တူးနေတယ်
အရင်းအနှီး အဆုံးမရှိဘူး
တွင်း အပြီး အဆုံးထိ တူးမယ်
လွယ်လှတဲ့ဒီလမ်းမှာ
ကြွယ်ဝမဲ့ချမ်းသာနည်းဟာ
ဘွဲ့ပညာရပ် တခု မလိုတော့လည်း။
ရွှေကျင်တဲ့အခါ
မြေအပေါ်ယံထက်က မြေသားဟာ
မြေဖျော်ကန်စက်ထဲမှာ ရေစားသွားပြီး
မြေဆီမြေနှစ်ဟာလည်း ရေနီရေညစ်ထဲ မျောပါသွားတယ်
အပေါ်ကို တူးဆွလို့ တက်လာတဲ့ မြေအောက်သားက
ရာသီပေါ်သီးရွက်သီးနှံတောင် ယာယီ စိုက်စားလို့မရပါ
ရေနီရေညစ်ဟာ မြစ်ရိုးတလျှောက်မှာ အဆိပ်ဖြစ်
ငါးတွေ ဖားတွေ ရေနေကောင်တွေ စိတ်ညစ်ရပြီ
ဒီမြစ်ကမ်းတလျှောက်က ရွာသူရွာသားတွေဟာ
ဒီထုံးနောက် မြစ်ရေနီနဲ့ပဲ ထမင်းချက်စားရ
ဒါဟာ...အဆိပ်ကို ဖြေးဖြေးချင်း မျိုချနေကြပါလားလို့
ရွှေတူးသမားတို့ မစဉ်းစားနိုင် အရေးမထားအား
ကျင်ခွက်အလယ်မှာ ရွှေသား အနယ်ထိုင်နေတာပဲ မြင်ချင်ခဲ့
လောဘက အကန့်အသတ်မဲ့တယ်။
သိပ်မကြာလိုက်ပေ
မြေတွေကုန်သွား
ရွှေတွေကုန်သွား
မြစ် ပျက်စီးသွား
ဖားတွေ ငါးတွေ ရေနေကောင်တွေ နယ်ပြောင်းသွား
မြေကလည်း ဟင်းသီးဟင်းရွက် စိုက်စားမရ
ရှိထားတဲ့ရွှေတွေကိုပဲ ရောင်းစားနေကြပြီ
ခဏကြာတော့
ရှိထားတဲ့ရွှေတွေပါ ထပ်၍ ကုန်သွားသည်။
ခလေးတွေ လူကြီးဖြစ်လာခဲ့ပြီ
ဦးနှောက်ထဲမှာ အသိဥာဏ်ပညာ မရှိ
ဂိုထောင်ထဲမှာ ရိက္ခာဝမ်းစာ မရှိ
လုပ်စားဖို့ရာ အတတ်ပညာ မရှိ
ဤ ရွာ၏ ၁၀၉/၁၁၀ ဝေလေလေများ
ရွာလယ် ဘုန်းကြီးကျောင်းမှာ လာစုဆုံမိကြ
တရားနာကြ ဗေဒင်ကြည့်ကြ ချဲတွက်ကြ
ဗုဒ္ဒကျွေးတဲ့ နေ့လယ်စာကလည်း၊ သူ့မေတ္တာ ရေစီးသန်ဆဲပါပဲ။
သယံဇာတအရင်းအနှီးဆိုတာ တရက်စာ ဖြစ်ကြောင်း
ဥာဏ်ဥာဏအရင်းအနှီးဆိုတာ တသက်စာ ဖြစ်ကြောင်း
ဒီ ဘုန်းကြီးကျောင်းသားအတုတွေကို ရှင်းပြလို့ နားမလည်နိုင်ပေမဲ့
မျိုးဆက်တွေကိုတော့ လက်ခံနိုင်လာအောာင် သင်ကြားပေးရမှာပဲ
တို့ရွာရဲ့ စာသင်ကျောင်းလေးထဲ
ကိုယ့်ဦးနှောက်ကိုယ် ဖွင့်ဆောင်းပြီး ဝင်လာခဲ့ပါ ခလေးတို့ရေ...
ရွှေသိပ်ထွက်တဲ့ အဲဒီရွာလိုပဲ
ရွှေသိပ်ထွက်တဲ့ မြန်မာပြည်ကြီး မမွဲခင်
မြန်မာပြည်သားဆိုတာ
စာမြန်မြန် သင်ပေးရမဲ့ကောင်တွေပေါ့ဗျာ။ ။
သုအိုင်စံ
၁၉-၁၀-၂၀၁၃
-
-
( ၀၀၈ )
((( အမှန်တကယ်ညီမျှတဲ့ညီမျှခြင်းတကယ် အမှန် )))
((( အမှန်တကယ်ညီမျှတဲ့ညီမျှခြင်းတကယ်
ဘုန်းကြီး ၃ သိန်းကို
( ဘုန်းကြီး၅သောင်း + အလုပ်သမား၂သိန်း၅သောာင်း) ဖြစ်အောင်လုပ်မယ်
စစ်သား ၁သိန်းခွဲကို
(စစ်သား ၁သိန်း + အလုပ်သမား ၅သောင်း) ဖြစ်အောင်လုပ်မယ်။
ရလာတဲ့ အလုပ်သမား ၃သိန်းကို
အသစ်လာမြှုပ်နှံမဲ့ စက်မှုစီးပွားရေးဗျူဟာ ယန္ဒယားသစ်ထဲ ပစ်ထည့်မယ်။
ရလာဒ်က ဘာလဲ???
(၁) အစာအိမ် ၃သိန်းကို အလကား မကျွေးရတော့ဘူး။
(၂) ဦးနှောက် ၃သိန်း ကနေ အကောက်အခွန်တွေ ရမယ်။
(၃) အမျိုးကောင်းသမီး ၃သိန်းကို ထမင်းဝအောင် လုပ်ကျွေးသွားနိုင်မယ်။
(၄) အသုဘ ၃သိန်းဟာ သူ့ ကုန်ကျစရိတ် သူ တာဝန်ယူသွားမယ်။
(၅) မွေးလာတဲ့မျိုးဆက်တွေကို ဘာသာရေးအတတ် သိပ်မစူးအောင်
အဖြူအစိမ်းသက်သက် ဝတ်ခိုင်းပြီး ဘော်လုံးသမားနဲ့
ITသမားတွေ ဖြစ်အောင် နိုင်ငံတကာ အဆင့်မှီ ပို့ ချမယ်။
ထိုအတွက်ကြောင့် နည်းနည်း ပိုတိုးတက်လာမဲ့ ငါ့တိုင်းပြည်မှာ
များများ ပိုပြီး အသုံးကျတဲ့ တရားမျှတသော အစိုးရပဲ လိုတယ်။
တင်စားပြောရရင် ၁ကျပ် ကို ၂ကျပ် ဖြစ်အောင် သုံးနိုင်မယ်
လူတယောက်ဟာ ကိုယ့်ဘဝအတွက်
ကိုယ်တိုင် အလုပ်သမား ဖြစ်ခွင့်ရတာဟာ တရားတဲ့ လူ့ အခွင့်အရေးပဲ။
ရဲတယ် မဟုတ်လား မြန်မာ့ရှင်ရဟန်းနဲ့  မြန်မာ့ရဲဘော်စစ်သား တို့ ရေ...။
နွားတွေကို ခိုင်းစားတဲ့ခေတ် ကုန်ပြီ
လူတွေကို ခိုင်းစားကြစို့ .... တို့ နိုင်ငံ။ ။
သုအိုင်စံ
၀၅-၀၉-၂၀၁၃
-
-
-
-
( ၀၀၉ )((( စောဒေါန၊ အသက် ၃၄၊ လွင့်နေသေးတယ် )))
(အိပ်မက် (၁))
အလယ်တန်းကျောင်းဘော်လုံးပွဲမှာ အလယ်တန်းက ကစားပေမဲ့ကျနော်က အနိုင်ဂိုးကို အကောင်းဆုံး သွင်းခဲ့တဲ့ကျောင်းသားတဲ့
တကျောင်းလုံးရဲ့ လက်ခုပ်သံ အများဆုံးရခဲ့ (အိမ်မက်ထဲမှာ)
(အိပ်မက် (၂))
(အိပ်မက် (၃))
အိမ်ရှေ့က ပိတောက်ပင်ပျိုဟာ ဒီမနက်မှာ စ ပွင့်လာတယ်
ကျနော် အပင်ပေါ်ကို တက်၊ ပိတောက် လေး ငါးခက်ကို ခူးပြီး
အိပ်ချင်မူးတူးသူမရဲ့ အိပ်ယာပေါ်ကို သွားပစ်ချခဲ့တယ် (အိမ်မက်ထဲမှာ)
-
-
(အိပ်မက် (၁))
အလယ်တန်းကျောင်းဘော်လုံးပွဲမှာ အလယ်တန်းက ကစားပေမဲ့ကျနော်က အနိုင်ဂိုးကို အကောင်းဆုံး သွင်းခဲ့တဲ့ကျောင်းသားတဲ့
တကျောင်းလုံးရဲ့ လက်ခုပ်သံ အများဆုံးရခဲ့ (အိမ်မက်ထဲမှာ)
(အိပ်မက် (၂))
မြို့နယ်ပေါင်းစုံ လူရည်ချွန် စာမေးပွဲပြိုင်ပွဲမှာ
အားကစားနဲ့ ကျောင်းစာမှာ ကျနော် အထူး အောင်မြင်ခဲ့ပေမဲ့
အထွေထွေဗဟုသတနဲ့ လူမှုနိုင်ငံရေးမှာ ကျခဲ့တယ် (အိမ်မက်ထဲမှာ)
(အိပ်မက် (၃))
ကျနော် အပင်ပေါ်ကို တက်၊ ပိတောက် လေး ငါးခက်ကို ခူးပြီး
အိပ်ချင်မူးတူးသူမရဲ့ အိပ်ယာပေါ်ကို သွားပစ်ချခဲ့တယ် (အိမ်မက်ထဲမှာ)
( အိပ်မက် (၄))
ကျနော်တို့ ၈ တန်းကျောင်းသားတွေ ကျောင်းပြေးပြီး
ကျိုက်ထီးရိုးဘုရားသွားဖို့ ဘော်ဒါတွေ လာခေါ်နေတယ်
ဟေ့ရောင်..ဒေါန..ထတော့ ထတော့ စောစောသွားကြမယ်
(အပြင်မှာ )
မနက်၎ နာရီကြီး ကျနော် အိပ်ခန်းထဲမှာ အိပ်ပျော်နေတုန်း
ထတော့ ထတော့... ညီလေး အကိုတို့နဲ့ ခဏ လိုက်ခဲ့လို့ ခေါ်နေတယ်
ထတော့ ထတော့... ညီလေး အကိုတို့နဲ့ ခဏ လိုက်ခဲ့လို့ ခေါ်နေတယ်
ကြည့်လိုက်တော့ သူတို့ဟာ သေနတ်ကိုင် ပျောက်ကြားစစ်သားတွေ
၁၄ နှစ်အရွယ် ၈တန်း ကျေးလက်ကျောင်းသားငယ်လေး ကျနော်ဟာ
သွားနေတဲ့ သူတို့ စစ်ကြောင်းအလယ်မှာ ယာယီ အကျဉ်းသား ဖြစ်ခဲ့တယ်
သွားနေတဲ့ သူတို့ စစ်ကြောင်းအလယ်မှာ ယာယီ အကျဉ်းသား ဖြစ်ခဲ့တယ်
တပတ်လောက် လျှောက်တော့ မာနယ်ပလော ဆိုတဲ့နေရာ ရောက်တယ်
၆ လလောက် စစ်သင်တန်းတက်ပြီးနောက် ကျနော် စစ်သားဖြစ်သွားတယ်
ရိုးရိုးစစ်သား မဟုတ်ဘူးဗျ
ကရင့်လူမျိုးလွတ်မြောက်ရေးတော်လှ န်ရေးသမားတိုက်ခိုက်ရေးစစ်သား
လွမ်းတယ်ဗျာ
အိပ်မက် ၄ ခု မက်ခဲ့တဲ့ ညက ကျနော့်ဘဝ စခဲ့တာလား
အိပ်မက် ၄ ခု မက်ခဲ့တဲ့ ညက ကျနော့်ဘဝ ဆုံးခဲ့တာလား
အိပ်မက် ၄ ခု မက်ခဲ့တဲ့ ညက ကျနော့်ဘဝ စခဲ့တာလား
အိပ်မက် ၄ ခု မက်ခဲ့တဲ့ ညက ကျနော့်ဘဝ ဆုံးခဲ့တာလား
အခုချိန်ထိ အိမ်ပြန်မရောက်သေးတဲ့ ချစ်သော အမိုးရဲ့ ဖိုးခွား
နှစ် ၂၀ ကျော် ကြာတဲ့အခါ ဂျိုင်းထောက်နဲ့ သွားနေရတဲ့ စစ်သား
သွားနေလျှက်ပါ
ကရင့်ရဲ့ကံကြမ္မာ ကရင့်ရဲ့အနာဂတ် လွတ်မြောက်ရေးဆီလား
အိမ်မက်တို့ရှိခဲ့ဖူးရာ အမိုးရဲ့အိမ် တံစက်မြိတ်အောက်ဆီလား
ခရီးကဝေး ဂျိုးထောက်ကလေးတော့ အခုချိန်ထိ ဝေးနှင့်ဦးပေါ့
ခု-- ကျနော့် အသက် ၃၄၊ လွင့်နေသေးတယ်--ထော့နဲ့--ထောနဲ့ ။ ။
ခု-- ကျနော့် အသက် ၃၄၊ လွင့်နေသေးတယ်--ထော့နဲ့--ထောနဲ့
သုအိုင်စံ
၁၁-၀၄-၂၀၁၆
-
-
( ၀၁၀ )
((( ဒေါ်ခင်ဝင်းသချိုင်းလုပွဲ )))
((( ဒေါ်ခင်ဝင်းသချိုင်းလုပွဲ )))
ဘော်ဒိုဇာက-- Made In China
ထန်းရည်ပင်က--- Made In Burma
တိုက်ပွဲနေရာက မြေလတ်အညာဒေသ
တိုက်ပွဲ တိုက်ပွဲ တိုက်ပွဲ
ဘော်ဒိုဇာနဲ့ ထန်းရည်ပင်တို့ရဲ့တိုက်ပွဲ
ထန်းရည်ပင်က ပဒေသရာဇ်စနစ်ကို
အမြစ်တွယ် အားယူလာခဲ့တဲ့
မြေအောက်က ရာစုချီ မြေစိုက်အားနဲ့
ဘော်ဒိုဇာက လူသန်းတထောင်ရဲ့လောဘတွေကို
မောင်းတံတပ် မြှားဦးချွန်ယူလာတဲ့
ဘာရရအကုန်ယူ ကျူးကျော်အားနဲ့
ဘော်ဒိုဇာနဲ့ ထန်းရည်ပင်တို့ရဲ့တိုက်ပွဲ
( တိုက်ပွဲ ကြိုးဝိုင်းအလယ်ခေါင်မှာ
ဝိညာဉ်ဒေါ်ခင်ဝင်း အလံထောင်ပြ)
ဘော်ဒိုဇာက ပက်ခွက်နဲ့ ပြေးဆောင့်တယ်
ထန်းရည်ပင် ခေါင်းနဲ့ တောင့်ခံတယ်
ဘော်ဒိုဇာက ပက်ခွက်နဲ့ ပြေးဆောင့်တယ်
ထန်းရည်ပင် ခေါင်းနဲ့ တောင့်ခံတယ်
ထန်းရည်ပင်ဟာ ဂျွမ်း ၃ ပတ်လည်ပြီးဦးစိုက်သွား
ထန်းပင်ပေါ်က ထန်းတက်သမားက
ဝါး ၃ ပင်စာ အဝေးကမှာ ခေါင်းစိုက်လဲပုံသေသွား
ဘော်ဒိုဇာကြီး ပါးပြင်းတောင် မြည်ဟီး တဟားဟား
လောင်းကြေးအားလုံးကို ဦးပိုင်ကုမ္ပဏီက စားသွား
အညာသားတွေ ကားကားကြီး
မြေလတ်မှာ အစိမ်းသေသေ
မြန်မာပြည်သူတွေ အမျှမဝေနိုင်သေးဘူး။ ။
သုအိုင်စံ
၀၂-၀၅-၂၀၁၆-
-
-
-
-
( ၀၁၁ )((( ရောင်နီခေါင်းစိုက် )))
တဝက်တံတားတွေက
ဆက်သွားလို့ မရတော့ဘူး... သမ္မတကြီး
တဝက်လမ်းတွေက
ဆက်လှမ်းလို့ မရတော့ဘူး... သမ္မတကြီး
သားသမီး အစာအိမ် ၂ခုနဲ့
မိဘ အစာအိမ် ၂ခု ထိန်းပေးနိုင်ရုံကလွဲ
အမေ့အပ်ချုပ်ဆိုင်ဟာ
ထပ်လုပ်နိုင်တာ ဘာမှ မရှိဘူး
သားသမီး ၂ဦး လက်ရှိပညာရေးနဲ့
မိဘ ၂ဦး လက်ရှိကျမ္မာရေး ထိန်းပေးနိုင်ရုံကလွဲ
အဖေ့ ဘတ်စကားအစုတ်ဟာ
ထပ်ပွားထုတ်နိုင်တာ ဘာမှ မရှိဘူး
၈ တန်းအောင်သွားတဲ့ သမီးငယ်
အဆင်ပြေသေးတယ်ဆိုပေမဲ့
၁၀ တန်းအောင်သွားတဲ့ သားကြောင့်
ပြသနာအသစ် ရောက်လာတယ်
၅၁၅ မှတ်နဲ့ ၁၀တန်းအောင် ကျောင်းသားက
ဘာဆက်ရလုပ်ရမှန်း မသိအောင် ခေါင်းစားရ
တက္ကသိုလ်ထဲမှာက ထိုက်တန်တဲ့ ပညာတွေရှိပေမဲ့
မိသားစုထဲမှာက ပိုက်ဆံနဲ့ အသပြာငွေ မရှိလေခဲ့
ရင်မှာ မျော်လင့်မိ
ပညာတော်သင်ခေတ် ရှိ/ မရှိဆိုတာ
မသေချာပေမဲ့
အသပြာပုံထပ်ထားနိုင်ခဲ့ရင်
ပညာစုံတတ်သွားနိုင်တဲ့အပြင်
အလုပ်လည်းမိုက်နိုင်ရဲ့ အထုပ်လည်းပိုက်နိုင်တဲ့
ခေတ်ပျက် ချအုံနဲ့ လာဘ်တွင်းတွေ
ချပုံလျှက် ပြခင်းထားတဲ့ နိုင်ငံတော်ရေ....
တဝက်လမ်းတွေက
ဆက်လှမ်းလို့ မရတော့ဘူး... သမ္မတကြီး
တဝက်တံတားတွေက
ဆက်သွားလို့ မရတော့ဘူး... သမ္မတကြီး
------------------------------ -------------------
ရပ်ပြီး...ကြည့်မနေနဲ့ဗျာ...။ ။
သုအိုင်စံ
၀၄-၀၇-၂၀၁၆
-
-
-
-
( ၀၁၂ )
(((( စစ်ဆေးကွက်များ )))
အရိုးခေါင်းတွေလည်း မျိုးကောင်းနေဆဲ/ သွေးညှီနံ့တို့ ဆေးမညီ ပြန့်လို့/
သေနတ်တွေရဲ့မိုက်တွင်းနက်ရာ/ ဘဝသေရဲ့စိုက်ခင်းပျက်မှာ/
အထိန်းအမမဲ့ ပေါက်ဖွားတဲ့ သစ်ပင်လေးတို့/ မိန်းမနဲ့ယောကျားရဲ့ ချစ်ရင်သွေးတို့/
အညွန့်ပြတ်ဆွေးလို့ ခေါင်းကိုငိုက်စွာ သူ့နေမင်းသည် အစောကြီး ထွက်လာသေခဲ့သည်/
မလွပ်လပ်သေးလို့ အခေါင်းကိုပိုက်ကာ လူ့သေတွင်းဆီ အလောတကြီး ဆက်လာနေခဲ့ပြီ/
ယာယီပေမဲ့ အမြဲတမ်း ဖြစ်နေသော စစ်ပန်းချီကားဟောင်းထဲမှာ သုသာန်များကိုဖွဲ့တည်/
နာရီတွေရဲ့ ငရဲလမ်းပွင့်နေသော ခေတ်အလီလီများ ပြောင်းလဲကာ မြှုပ်နှံထားသိုခဲ့သည်/
ဒီပန်းချီမှာ မြန်မာတိုင်းရဲ့ မျက်လုံးဝိုင်းထဲက အပျော်သေ/ မျက်နှာတွေပေါ်ကသချိုင်းရိပ်များ /
ကဗျာပြုထားသောအနိဌာရုံ
(ပုံရိပ် ၁)
တာဝန်ကြေ စပါးတွေ အခွန်ဆောင်လိုက်ပြီးတဲ့အခါ
စပါးကျီဟာ အခွံပဲ ကျန်ခဲ့ပါသတဲ့
ဝမ်းစာမဲ့ လယ်သမားဟာ ဆွဲယူ ချေးငှား အတိုးလျှောက်စား ပေါင်နှံ
နောက်တမိုးရောက်သွားတော့ သောကတွေပဲဗွက်ပြန်ထ ဒုက္ခတွေပဲရေလျှံကျတယ်။
(ပုံရိပ် ၂)
တနေကုန်အလုပ်ကြမ်းဆင်းမှ အဲဒါကို တနေ့စား တောင်ယာခင်းနေ့စားဟာ
အမေ့ပုံနွမ်း အဆင်းမလှတာကို မတွေ့အား၊ နာခြင်းကိုပါ မေ့ထားပါရဲ့
အဲဒီ ကိုယ်ကာယယန္တယားကြီး အဖျားတက်တဲ့အခါဝယ် ဆေးဖိုးဆေးခ မရှိ
ဘယ်လိုရှာရမှန်းမသိ တအားမျက်နှာငယ် အကြွေးတိုးချေးရမိပြန်ရှာတယ်
သံသရာလည်နေတဲ့ ဒုက္ခသုက္ခဝဲလည်စုပ်ဆွဲ အလုပ်ကလည်း ပြုတ်ရပြန်တယ်။
(ပုံရိပ် ၃)
ဒီလောကမှာ ကိုယ်ထိုင်နင်းနေတဲ့ ဆိုက်ကားကို ကိုယ်မပိုင်ကြဘူး
ဆိုက်ကားစားဦးပြီးမှ ဆိုက်ကားသမားစားရတဲ့ လုပ်အားခကိုမှ
ဝမ်းစာထမင်းအတွက်တဝက်သုံး ခါးနာခြင်းအတွက်တဝက်သုံး
ဘဝက မူလီပြုန်း ကျွတ်ပါး
ဘယ်လိုကြောင့်မှ ဂွေခွင်သွားလို့မရတဲ့ ဘီးဟာမှောက်တယ်
ဘဝက မူလီပြုန်း ကျွတ်ပါး
ဘယ်လိုကြောင့်မှ ဂွေခွင်သွားလို့မရတဲ့ ဘီးဟာမှောက်တယ်
ဒီလောကထဲ ကျင်လည်နေတဲ့ ဒီခြေထောက်တွေ
ဘယ်လောက်လျှောက်လျှောက် ဘယ်ကိုမှ မရောက်ဘူး။
ဘယ်လောက်လျှောက်လျှောက် ဘယ်ကိုမှ မရောက်ဘူး။
(ပုံရိပ် ၄)
အလုပ်ထဲမှာ အုပ်ခဲပြားတွေ ကုန်သွားမှာကြောက်ကြတဲ့ ပန်းရံသမတွေဟာ
အထုပ်ထဲမှာ ပြုပ်ခဲထားတဲ့ ဆန်ကျိုးထမင်းတွေ ကုန်သွားမှာလည်းကြောက်တတ်တယ်
တခြားမြေမှာ ဒါတွေက စက်ဝန်ချီအားနဲ့ပြီးတဲ့ကိစ္စ၊ ဒီမှာတော့ သနပ်ခါးပြင် ချွေးစီးဖြတ်တယ်
တနေကုန်ရင် ဗွက်ထူထူ လမ်းတွေပေါ်လျှောက်ပြန် ပင်ပန်းဒဏ်ကို တဲအိုနံရံမှာချိတ်...အိပ်စက်
အိပ်မက်ဆိုးထဲမှာ ဆောက်ခဲ့ဖူးတဲ့ တိုက်မြင့်မြင့်ဖြူဖြူကြီးတွေပေါ် ဝဲပျံပျော်ပါးလျှက်
ကိုယ်ဟာ ကိုယ့်အတွက်တောင်မှ အုပ်တချပ် သဲတပွင့် ဖြစ်ခွင့်မရခဲ့တဲ့ ဗိသုကာတွေ။
(ပုံရိပ် ၅)
သူလိုကိုယ်လို သာမာန်ဘဝတွေရဲ့ ဒီချည်မျှင်နဲ့အထည်စက်ရုံထဲမှာ
ကိုယ်ဖြစ်ချင်တာက ဆက်ပန်းထိုးအကျီတစရဲ့ ဖွဲ့စည်းပုံနဲ့ အတွဲအစပ် အလှအပ
ကိုယ်ဖြစ်နေတာက ယက်ကန်းထိုးသွင်းချည်တစရဲ့ ပျက်စီးကုန်တဲ့ အကွဲအရှ အစအန
ဒီလိုပါ ဘဝကို ပြန်ပြန်ကောက်ရင်း လွန်းတင်းယက်ငင် ဘုံဒုက္ခထဲ အသက်ဝင်ရှင်ပေးထားရ
ငယ်စဉ်က ဆေးသားစပျယ်လွင့် အထည်မဖြစ်သော ကြီးရင့်ခဲ့တဲ့ ပြည်တွင်းဖြစ်ဘဝတွေ။
(ပုံရိပ် ၆)
ကျုပ်မှာက ဆေးပညာရှိတယ် ဆေးဝါးမရှိဘူး
ခင်ဗျားမှာက ရောဂါရှိတယ် ပိုက်ဆံမရှိဘူး
ဆေးရုံမှာက ပြဿနာရှိတယ် ဖြေရှင်းချက်မရှိဘူး
ကဲ ခင်ဗျားရဲ့ ရှင်သန်နိုင်ရည်အား ရှိသလောက် ရှင်နိုင်ပါတယ်
ကျုပ်ရဲ့ သေနေတဲ့အကြင်နာတရားအတွက် ဝမ်းနည်းပါတယ်။
(ပုံရိပ် ၇)
အလုပ် မလုပ်ရတဲ့ သံဃာတော်တွေဟာ အခွန်မပေးရဘူးပေါ့
ဆွမ်းဦးလေးတော့ ဘုန်းတော်မူပါ ဘုရား
ဤသံသရာ ဝတ်ဆင်းရဲမှ လွတ်ကင်းလွဲရပါလို၏
တပည့်တော် တပည့်တော်မတို့ အမြဲတမ်း အငတ်ခံထားသည့် သည်သဒ္ဒါကြောင့်
ဘုရား မ စောင့်မ ရင်နေပါ ငရဲ မကျရောက်ရင် တော်ပြီ။
(ပုံရိပ် ၈)
သေနတ်ပိုက်ပြီး စစ်မတိုက်ရတဲ့ စစ်သားဟာ အခွန်မပေးရဘူးပေါ့
ပြည်သူ့မသဋာရေစာတော့ အမုန်းခံ လုယူသိမ်းဆောင် ဓါးပြတိုက်ရတယ်
တပ်မတော်မိုက်ကြီးကို ပိုမိုထွားကြိုင်းမိုက်ရိုင်းအောင် ကြံဆောင် ပျိုးထောင်
လူ့အခွင့်အရေးလို့ အော်တဲ့ အဲဒီကောင်တွေကို တစ်ယောက်မကျန် ပစ်သတ်ထား
ဟား ဟား ဟား ကျည်ဆံဆိုတာ အဲဒီကောင့် လုပ်အားခနဲ့ ဝယ်ထားတာ။
(ပုံရိပ် ၉)
၁၀ တန်း တံခါးတွေ အလုံးအရင်း ပွင့်ပြိုလို့ ထွက်လာတယ်
တက္ကသိုလ် တံခါးတွေ လုံးလုံးငြင်းဆို ပိတ်ဆို့လို့ ထားတယ်
ဘယ်သွားရမှန်းမသိတဲ့ ကျောင်းသားလူငယ်ဟာ အရက်ဆိုင်ထဲ ဝဲလည်နေတယ်
ဘာလုပ်ရမှန်းမသိတဲ့ ဘဝပညာရေးဟာ အရက်ဆိုင်ထဲ ပစ်ပုံ လဲနေတယ်
ဘာကြောင့်လဲ လူ့ငယ်ဦးနှောက်နဲ့ စဉ်းစားလိုက်တော့ သူပုန်ဖြစ်တယ်။
(ပုံရိပ် ၁၀)
ငါတို့က လက်ရှိခေါင်းဆောင်တွေပဲ ငါ့တို့ခေတ် ငါ့တို့လက်ထက်မှာ ငါတို့ လုပ်ချင်တာလုပ်သွားမယ်
ငါတို့က အတိုက်အခံပဲ အစိုးရ မှန်မှန် မှားမှား ဘာဖြစ်ဖြစ် ပြောင်းပြန်ပဲ လုပ်ဆောင်သွားရမယ်
ငါတို့က သာမာန်ပြည်သူတွေပဲ ဘာလုပ်လုပ် ဘာဖြစ်ဖြစ် ခေါင်းလွှဲမျက်ပိတ်နေလိုက်မယ်
ငါတို့လား အဲဒါဟာ မှားနေမှန်းသိတယ် ငါတို့ဘဝကို မထိသေးတော့ ရပ်ကြည့်နေလိုက်မယ်
ငါတို့တိုင်းပြည်လား...မွဲလို့ မဝသေးလို့ ပြည်သူလူထုပိုင် ရှိတာတွေကို ရောင်းစားပစ်ကြမယ်။
အထက်ပါ ပုံရိပ် (၁၀) ခု သည် အောက်ပါ ဝါကျ (၁၀) ခု တို့အား ဆက်ဖြစ်စေ၏
(၁) တိုင်းပြည်ထဲမှာ အလုပ်ကြမ်းဒဏ်ပိတဲ့ ခလေးအဖေတွေ
အမြန်သေလျှက် ပျောက်သွားရှာတယ်။
အမြန်သေလျှက် ပျောက်သွားရှာတယ်။
(၂) တိုင်းပြည်ထဲမှာ ရုပ်ကြမ်းသဏ္ဍာန်ရှိတဲ့ ခလေးအမေတွေ
ကျန်နေခဲ့ မြောက်များလာတယ်။
ကျန်နေခဲ့ မြောက်များလာတယ်။
(၃) တိုင်းပြည်ထဲမှာ အစားအစာ ရှားပါးနေတဲ့အခါ မွေးလာသူတွေဟာ
မဖြစ်သင့်ပဲ မျိုးဆက်လိုက် အရပ်ပုကုန်တယ်။
မဖြစ်သင့်ပဲ မျိုးဆက်လိုက် အရပ်ပုကုန်တယ်။
(၄) တိုင်းပြည်ထဲမှာ အဖျားအနာ များပြားနေတဲ့အခါ ဖျားနာသူတွေဟာ
မသေသင့်ပဲ မျိုးဆက်လိုက် အသေမြန်ကုန်တယ်။
မသေသင့်ပဲ မျိုးဆက်လိုက် အသေမြန်ကုန်တယ်။
(၅) တိုင်းပြည်ထဲမှာ ဘုရားမရှိတဲ့ကျောင်းဆောင်တွေလည်း ခြစားနေတယ်
တရားမရှိတဲ့ ခေါင်းဆောင်တွေလည်း ခြစားနေတယ်။
တရားမရှိတဲ့ ခေါင်းဆောင်တွေလည်း ခြစားနေတယ်။
(၆) တိုင်းပြည်ထဲမှာ ဆေးကျောင်းက ဆရာဝန်တွေ မွေးထုတ်ပြီး
နိုင်ငံက ဆေးဝါးမထုတ်တော့ နိုင်ငံခြား အငှားလိုက်ကုန်တယ်။
နိုင်ငံက ဆေးဝါးမထုတ်တော့ နိုင်ငံခြား အငှားလိုက်ကုန်တယ်။
(၇) တိုင်းပြည်ထဲမှာ သံဃာတော်တွေဟာ အပျင်းကြီပြီး
တရားဂေါက် ဂေါက်ကာ မျိုးစောင့်ဥပဒေတွေ လျှောက်လုပ်ကုန်တယ်။
တရားဂေါက် ဂေါက်ကာ မျိုးစောင့်ဥပဒေတွေ လျှောက်လုပ်ကုန်တယ်။
(၈) တိုင်းပြည်ထဲမှာ စစ်သားတွေဟာ စစ်မတိုက်ပဲ အပျင်းကြီပြီး
အာဏာသုံး အချောင်ရမဲ့ အကွက်တွေကိုပဲ ဂွင်ရှာနေတော့တယ်။
အာဏာသုံး အချောင်ရမဲ့ အကွက်တွေကိုပဲ ဂွင်ရှာနေတော့တယ်။
(၉) တိုင်းပြည်ထဲမှာ တိုးတက်တဲ့ ပညာရေးမလုပ်ရတဲ့
လူလေကျောင်းသားက တိုးတက်တဲ့ နိုင်ငံရေးလုပ်တယ် သူပုန်လုပ်တယ်။
လူလေကျောင်းသားက တိုးတက်တဲ့ နိုင်ငံရေးလုပ်တယ် သူပုန်လုပ်တယ်။
(၁၀) တိုင်းပြည်ထဲမှာ အာဏာရထားသူက အာဏာပဲပြတယ်
အတိုက်အခံက တိုက်ပဲတိုက်တယ် အလုပ်မလုပ်ပဲ ညာနေကြတယ်။
အတိုက်အခံက တိုက်ပဲတိုက်တယ် အလုပ်မလုပ်ပဲ ညာနေကြတယ်။
အထက်ပါတို့သည်
စစ်အစိုးရ ပစ်ချချိုးထားရစ်သာ အနှစ်ဆိုး ၂၀ ကျော် မြန်မာပြည်ဖြစ်၍
စစ်အစိုးရ ပစ်ချချိုးထားရစ်သာ အနှစ်ဆိုး ၂၀ ကျော် မြန်မာပြည်ဖြစ်၍
အောက်ပါတို့သည်
အသစ်အစိုးရ ချစ်မြတ်နိုးသွားသင့်သော အကျင့်မျိုး ၁ အနာဂတ် ဖြစ်သည်။
အသစ်အစိုးရ ချစ်မြတ်နိုးသွားသင့်သော အကျင့်မျိုး ၁ အနာဂတ် ဖြစ်သည်။
(၁)
ကြီးပွားရေးဖြစ်မဲ့ စီးပွားရေးစနစ်မျိုး ကျန်းမာရေးစစ်တဲ့ ကျန်းမာရေးစနစ်မျိုး
ဒီနိုင်ငံ ဒီလူမျိုးအတွက် အစချပျိုးပါ တည်ဆောက်ပါ
ဒီနိုင်ငံ ဒီလူမျိုးရဲ့ ဘဝကဆိုးတာ ဒီလောက်မှာပဲ ရပ်ပစ်ပေးပါ
ချစ်နိုင်ငံကြီးခွေးဖြစ်ခဲ့တဲ့ စစ်နိုင်င်ငံရေးစနစ်ကြီးရဲ့ အသုဘမှာ
လူ့ဘဝသစ်တခု စမည် (တည်တည်ကြည်ကြည်) (မှန်မှန်ကန်ကန်)
(စိမ်းစိမ်းလန်းလန်း) (ငြိမ်းငြိမ်းချမ်းချမ်း)
(စိမ်းစိမ်းလန်းလန်း) (ငြိမ်းငြိမ်းချမ်းချမ်း)
အရမ်းလိုအပ်လာရင်
ပြည်သူ့ရဟန်းတို့ သင်္ကန်းချွတ် အလုပ်လုပ်ကြမှာလား
ပြည်သူ့စစ်သားတို့ ယူနီဖောင်းချွတ် အလုပ်လုပ်ကြမှာလား
ပြည်သူ့စစ်သားတို့ ယူနီဖောင်းချွတ် အလုပ်လုပ်ကြမှာလား
တရားသဖြင့်။ ။
သုအိုင်စံ
၃၁-၀၈-၂၀၁၃
-
--
Comments
Post a Comment