((( ဝဋ်တေးများ )))

((( ဝဋ်တေးများ )))

တခါတခါမှာ
ဖြုတ်ပြီး ပစ်ထုတ်လိုက်တဲ့ ကြိုး ၅ ချောင်းဟာ
လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး ဖြစ်နေတယ်
ကြိုးတစ်ချောင်းတည်းနဲ့ ကိုယ်ဟာ
ရှိတာလေးနဲ့ ရအောင်ထွက်ခဲ့တဲ့ သံစဉ်ပါ
ဒါဟာ-- အရေးမကြီးမှုတစ်ခုပေပဲလား။

တခါတခါမှာ
ထောက်ကနဲ ပြတ်ထွက်သွားတဲ့ ကြိုး ၁ ချောင်းဟာ
ကိုယ် ဖြစ်နေတယ်
ကြိုး ၅ ချောင်းရဲ့ သံစဉ်ကို အသံစုံလင်ပါတယ် လို့
လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးက ဘာလို့ ကြေငြာတာလဲ
ဒါဟာ-- အရေးမကြီးမှုတစ်ခုပေပဲလား။

ကျုပ်ကိုယ်ကျုပ်လည်း မကြားချင်တော့ပါ-လို့-
အသံတိုင်းက တအားအော်စဉ်-
ခင်ဗျားတို့ကိုလည်း နားမဆင်ချင်တော့ပါ-လို့-
အသံတိုင်းက တအားအော်စဉ်-
ဂစ်တာများကို အရင် ရိုက်ခွဲပေးမလား
နားအုံများကို အရင် ရိုက်ခွဲပေးမလား
တောင်းဆိုထားချက်များကို အစဉ်ထာဝရ ပယ် ပယ် ချသွားတဲ့
ကိုယ်တော်ရဲ့ ဖန်ဆင်းချက်ဒီမိုကရေစီဘောင်လမ်း
စဉ်ထဲ
ဝဋ်ကောင်တွေ ကိုယ်စီ ငရဲနန်းစံထားပုံက
အသံတူသလား--- ရန်သူများလိုပဲ
အသံကွဲသလား--- ရန်ပွဲများလိုပဲ
အသံ အောင် သလား--- ရန်စောင်ထားသလိုပဲ
အသံ အ သလား--- ရန် စ ထားသလိုပဲ
တကယ် ကျိန်စာကလည်း ပွဲပြီးမှာ မဟုတ်လို့
ဘယ်အချိန်မှာမှလည်း တွဲတီးမှာ မဟုတ်ကြောင်း
ကြိုး ၁ ချောင်းရဲ့သံစဉ်ဟာလည်း အရေးမကြီးလောက်တော့
ကြိုး ၅ ချောင်းရဲ့သံစဉ်ဟာလည်း အရေးမကြီးလောက်တော့
ကြိုးပေါင်းများစွာရဲ့သံစဉ်ဟာလည်း အရေးမကြီးလောက်တော့
တစ်ယောက်တစ်ပေါက်ပေါ့
ပေါက်ကရ အော်ဟစ် ပေါက်ကွဲ ကျူးရင့် တေးဆိုနေမည်
လူညီရင် ဘုရားသခင် သေခဲ့တာ ကြာပြီ။   ။

သုအိုင်စံ
၂၁-၁၁-၂၀၁၄

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))