((( ဘော်လုံးမကန်ကြေး )))

((( ဘော်လုံးမကန်ကြေး )))

ပြည်နယ် ၇ ခု၊ တိုင်း ၇ ခု
အသင်း ၂ခု ဗိုလ်လုတဲ့ပွဲ
အမြဲပုံမှန်၊ ဘော်လုံးကန်အားကစား

ပြည်နယ်အသင်းက ၂ ဂိုး
တိုင်းအသင်းက ဂိုး မရှိ
ပြည်နယ်ကဒိုင်းရရှိ၊ မနှစ်ကကြည့်တဲ့ပွဲ

ပြည်နယ်အသင်းက ၁ ဂိုး
တိုင်းအသင်းက ၂ ဂိုး ရရှိ
တိုင်းကဒိုင်းရရှိ၊ ဒီနှစ်ကြည့်တဲ့ပွဲ

ဘယ်သူနိုင်မလဲ၊ ဘယ်သူရှုံးမလဲ
နောက်နှစ်ပွဲအား၊တရားသဖြင့်
ကစားဖြစ်မည်၊ မြန်မာပြည်ထဲ
ဘော်လုံးကန်တဲ့ အားကစားပွဲ

ပြည်နယ်နဲ့တိုင်းအသင်း-တွဲ
ဝိုင်းခြင်းပွဲနိုင်ငံရေးမှာ
ရှုံးလို့မရစွာ၊ နိုင်လို့မရပါ
အပြိုင်အဆိုင်ခတ်-သပ်သပ်ရပ်ရပ်
ပရိသတ်အမြင်မှာ လှပ နေရန်

နိုင်ငံရေးသမားတို့၊ နိုင်ငံရေးကစားဖို့
ကြိမ်ခြင်းအလံတော်ကြယ်ဟာ၊
အိမ်ကွင်းယံအပေါ်အလယ်မှာ၊
တည်ပြီး မြောက်ပြီး လွင့်ပြီး မြင့်ပြီး
တဦးတည်း အလှမပြဖို့ ပူးတွဲခတ်စို့
ပွဲဆက်ပြိုင်နွှဲဖို့ တွဲလက်ခိုင်မြဲစို့
ဘော်လုံးမကန်ဖို့တော့ လိုမယ်
အာဏာရဲ့အလုပ်နဲ့ နိုင်ငံရေးလုပ်ရပ်ဟာ
မာယာနဲ့ဖြုတ်တဲ့ အနိုင်ကန်ရေး အပြုတ်ချတာ
မဟုတ်ပါ
မယုတ်မာကြေးခတ်မယ် ဒီဝိုင်းညီညာရေး
အလုပ်မှာပေးဆပ်မယ် ဒီတိုင်းပြည်သာရေး
ခြင်းဝိုင်းထဲဘော်လုံးမကန်ကြေးဟေ့
( ပြည်နယ်သစ်တခု ထပ်တိုးလာတဲ့နေ့
အရင်လို့ပဲရွေ့မယ်)။   ။

သုအိုင်စံ
၁၂-၀၁-၂၀၁၆

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))