((( စက်ဝိုင်းပေါ်က ဖြစ်တည်မှုပဓါန )))

((( စက်ဝိုင်းပေါ်က ဖြစ်တည်မှုပဓါန )))

ကျမ်းစာမြတ်ကို လမ်းတကာပတ်ပြီး ရေးခဲ့ရ၏။

(အနမ်း+အလွမ်း) ဝေဆာ
(ပင်ပန်းခြင်း+ရွှင်လန်းခြင်း) ကွန့်မြူး
(အတွေးချည်းဖက်ပွေ့+အရေးကြီးလက်ေ
တွ့) ရှုပ်ထွေး
(မိတ်/ရန်+စိတ်/သဏ္ဍာန်) ပူးလိမ်
ပုံပြင်မှာ ဂုဏ်အင်္ဂါ စုံလင်စွာ။
သက်သေပြအဖြေမှန် ဤလူ့ဗေဒ
ကြက်ခြေခတ်အခြေခံ ပန်းချီဥပဒေသနဲ့
အမှန်တရားရဲ့ပုံတူ/ အမှန်တရားရဲ့အရိုးစု/ အမှန်တရားရဲ့ပြာလွင်ပြင်
ဘောင်နဲ့လည်းဆွဲလို့ရတယ်/ ဘောင်မဲ့လည်းဆွဲလို့ရတယ်
ဒီနေရာမှာ/ ဟိုနေရာမှာ/ နေရာတကာမှာ
နောက်ဆုံးခြေရာဟာ အရောက်ဆုံးနေရာမှာ ပျောက်ဆုံးနေမှာပဲ။

ဝလုံးလမ်းကြောင်းမှာ တရစပ် အစဉ်ထာဝရ
တစ်ဘဝလုံး ရမ်းမောင်းလာ မရဏ သင်္ခါရ ယာဉ်ကြောကြီး
လမ်းတကာပတ်ပြီး ကျမ်းစာမြတ်ကို ရေးခဲ့ရ၏။  ။

သုအိုင်စံ
၀၃.၀၇.၂၀၁၂

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))