((( လိပ်ပြာသန့်ခြင်း မသန့်ခြင်း )))

((( လိပ်ပြာသန့်ခြင်း မသန့်ခြင်း )))

ဟိုတုန်းက
ADSDF စစ်ကြောင်းတွေ စစ်ဆင်ရေးဆင်းရင်
ရန်ကုန် / မုတ္တမ ကားလမ်း ပေါ်ကို ရောက်တဲ့အခါ
ငါတို့ ရဲဘော်တွေဟာ ခဏလောက် လှိမ့် လှိမ့်ပြီး အိပ်ကြည့်တယ်
(တောထဲမှာ အနေကြာ..မြို့ပြ၏ အရသာ ဝေးကွာနေရလို့လေ)
---
အခုတော့
မနေ့က
ရန်ကုန်ရဲ့ နာမည်ကြီး ဟော်တယ် တစ်ခုပေါ်မှ
ဗိုလ်မှူးမိုက်မိုက်ရဲ့ မင်္ဂလာပွဲကနေ အပြန်မှာ
ငါ့ ကိုယ် ငါ မေးကြည့်မိ
ငါဟာ လက်ရှိ ဘာကောင်လဲ
ငါဟာ လက်ရှိ ဘာကောင်းလဲ
ဆိုင်ကယ်ကို အမှောင်ထဲ လီဗာကုန် မောင်းနှင်နေမိတဲ့အထိ
မသိတော့ဘူးကွာ
ဖောက်ပြန်ခဲ့တာလား---အရောက်ပြန်ခဲ့တာလား
အမေ့အိမ်တော့ သားပြန်ဝင်ခဲ့မိပေါ့
မသိတော့ဘူး- -ရဲဘော်ရေ---မသိတော့ဘူး။ ။

သုအိုင်စံ
၁၅-၀၁-၂၀၁၅

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))