((( ၃ ယောက် ၁ ယောက် ပွဲ )))

((( ၃ ယောက် ၁ ယောက် ပွဲ )))

ဘော်လုံး ၁ ကွင်း
ဘော်လုံး ၁ လုံး
ဂိုးပေါက် ၄ ခု
အသင်း ၄ သင်း ပြိုင်တူကစားတယ်

ရန်သူ ၃၃ ယောက်
ကိုယ် ၁၁ ယောက်
လူ့ဘဝဆိုတာ
ကိုယ်က ဘယ်နှဂိုးသွင်းတာ
မဟုတ်ပါ
ကိုယ့်ကို ဘယ်နှဂိုးသွင်းတာလည်း
မဟုတ်ပါ

ကိုယ် ၁ ယောက်
ရန်သူ ၃ ယောက်
ရှုံးလောက်ပေမဲ့
လုံးဝမကြောက်တဲ့ယှဉ်ပြိုင်မှု
ဘဝတစ်ခုပဲ

လူ့ဘဝဆိုတာ
အရပ် ၄ မျက်နှာအတွင်းမှာ
ပိတ်မိနေရတဲ့ တစုံတရာပဲ
ခြေထောက်ဆိုရင် ကန်မယ်
ဘော်လုံးဆိုရင် ကန်ခံရမယ်

အနိုင်အရှုံးလည်း မလိုသလို
ဒိုင်သုံးဖို့လည်း မလိုအပ်ပါ
၃ ယောက် နဲ့ ၁ ယောက် ပွဲ
ယှဉ်ကန်ရဲတဲ့ ခြေထောက်တွေနဲ့
လှမ်းလျှောက်နေတဲ့လူများ
အချိန်ကွင်းထဲမှာ

လူတယောက်မှာ
ပြိုင်ဘက် ၃ ယောက်ရှိတယ်
၁-အတိတ်ယူနိုက်တက်အသင်း
၂-ပစ္စက္ခယူနိုက်အသင်း
၃-အနာဂတ်ယူနိုက်တက်အသင်း

ဘယ်သူနိုင်နိုင်ပါ
လူ့အဓိပ္ပါယ်ဖလားဟာ ဘယ်သူနဲ့မှ မဆိုင်ဘူး။ ။

သုအိုင်စံ
၁၂-၀၅-၂၀၁၄

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ