((( ပြီးသွားတဲ့ အခန်းမှာ မီးဖွားတဲ့ အလွမ်းတွေနဲ့ )))

((( ပြီးသွားတဲ့ အခန်းမှာ မီးဖွားတဲ့ အလွမ်းတွေနဲ့ )))

ရှင်လျှက်နဲ့ မစောင့်နိုင်တော့ဘူး...သားရေ...
သေလျှက်နဲ့ပဲ စောင့်နေတော့မယ်
အမေတော့
အခု တခြားဖက်ခြမ်းကို သွားနှင့်ပြီ
အဲဒီကို သားရောက်လာတော့မှပဲ
ပြန်ဆုံကြတာပေါ့
ဘဝကို ကြိုး လျော့ပြီးတော့လည်း မတီးပါနဲ့
ဘဝကို ကြိုး တင်းပြီးတော့လည်း မတီးပါနဲ့
သားတီးနေကြ ဂစ်တာသံလေးပဲ အမေကြိုက်တယ်

အမေဟာ
အဲဒီလို လွမ်းပြီး အဲဒီလို တွေးပြီး အဲဒီလို မှာပြီး
အဲဒီလို ဆွေး လွင့် ကြွေကာ ပြီးဆုံးသွားတဲ့ မနုသဗိသုကာမယ်
ဒါ.. အသစ် ဝေဖြာ စတင်သွားမှု တစ်ခုလို့လည်း ပြောရင်ရတယ်

အမေ့ အလွမ်းတွေ
မြေကြီးအောက်မှာ အားသန်စွမ်းပျို နေဆဲပဲ
အမေ့စကားတွေ
မြေကြီးအောက်မှာ အားမာန်လန်းစို နေဆဲပဲ
မြေပုံဘေးမှာ ရပ်နေတဲ့ ကျနော့် နားထဲ
သားရေ... သားရေ...သားရေ....လို့...
မြင့်မိုရ်တောင်တို့ရဲ့ မပြိုလဲသော မဟာအားတွေနဲ့
တအား ခုန် ခုန် ပစ်ဝင်လာ ညံနေတော့တယ်
လူသံဆူသံတိတ်ဆိတ်...ဒီသချိုင်း
ရိပ်မှာအောက်မှာ
တနေ့နေ့တော့ သား ရောက်လာမှာပါ..အမေ
မြေကြီးထဲမှာ ငြိမ်းငြိမ်းလေးနေတော့...။

သုအိုင်စံ
၁၈-၀၂-၂၀၁၄

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ