((( ခွေးထက်မိုက်သောအရှင်သခင်နှင့် ရေကြည်ရာမြက်နုရာယဉ်ကျေးမှု )))

((( ခွေးထက်မိုက်သောအရှင်သခင်နှင့်
ရေကြည်ရာမြက်နုရာယဉ်ကျေးမှု )))

(နွား)
သူစားဖို့ မြက်
သူစိုက်နေတယ်
သစ်ပင်နဲ့ မလှမ်းမကမ်းမှာ
လူကလည်း မြက်ခင်းပေါ် သွားသွားလာလာ

(သစ်ပင်)
သူ့ဘာသာ အသက်မသေဖို့
သူ့ဘာသာ အရွက်ဝေလို့နေတယ်
မြက်ခင်းရဲ့အလယ်ခေါင်မှာ မင်းမူလျှက်
လူနဲ့လောကကိုတောင် အရိပ်တွေပေးလို့

(လူ)
သစ်ပင်အောက်မှာ မှီတယ် ထိုင်တယ် အိပ်တယ်
မြင်ခင်းပေါ်လမ်းလျှောက်တယ်
နွားနို့ညစ်တယ်

(အစာအိမ်)
နွားတွေ ဆာတော့
မြက်စားတယ်-- လောက်တယ်
သစ်ပင်တွေဆာတော့
မြေဆီကိုစုတ်သောက်တယ်-- လောက်တယ်
လူတွေ ဆာတော့
နွားနို့ ညှစ်သောက်တယ်-- ဒါပေမဲ့ မလောက်ဘူး

(ယန္တယား)
သစ်ပင်ကို လှဲလိုက်တဲ့အခါ
ထင်း ဖြစ်လာတယ်
နွားကို သတ်လိုက်တဲ့ အခါ
အမဲသား ဖြစ်လာတယ်
မြက်ခင်းကို ရိပ်လိုက်တဲ့အခါ
အိပ်ယာ ဖြစ်လာတယ်
လူဟာ အဲဒီ ၃ မျိုး လုံးကို လုပ်ပစ်လိုက်တယ်

စားပြီးသောက်ပြီးလို့ အိပ်စက်
နောက်တစ်နေ့မနက် အိပ်ယာထတဲ့ အခါ
နောက်တနေရာကို ထပ် ထွက်ခွာသွားတာပေါ့
လူကိုတော့ ဘယ်ကောင်မှ ကျောလို့ မရဘူး မဟုတ်လား
ဟား ဟား ဟား...

အဲဒီ အပေါ်က ပန်းချီကားကို ဆွဲတဲ့ လူဟာ
ခွေး ဖြစ်သွားတယ်လို့ ပြောရင် မယုံဘူး မဟုတ်လား
မယုံရင် ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါလား။ ။

သုအိုင်စံ
၂၀-၀၈-၂၀၁၅

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ