((( ၃ သင်း ၁ သင်း ချန်ပီယံလိဒ်ပွဲ )))
((( ၃ သင်း ၁ သင်း ချန်ပီယံလိဒ်ပွဲ )))
ဘော်လုံး ၁ ကွင်း
ဘော်လုံး ၁ လုံး
ဂိုးပေါက် ၄ ခု
အသင်း ၄ သင်း
ပြိုင်တူကစားခြင်း
ရန်သူ ၃၃ ယောက်
ကိုယ် ၁၁ ယောက်
ရန်သူ ၃ သင်း
ကိုယ် ၁ သင်း ကန်ရ
လူ့ဘဝဆိုတာ
ကိုယ်က ဘယ်နှဂိုးသွင်းတာ
မဟုတ်ပါ
ကိုယ့်ကို ဘယ်နှဂိုးသွင်းတာလည်း
မဟုတ်ပါ
ကိုယ် ၁ ယောက်
ရန်သူ ၃ ယောက်
ရှုံးလောက်ပေမဲ့
လုံးဝမကြောက်တဲ့ယှဉ်ပြိုင်မှု
ဘဝတစ်ခုဟာ
လူ့ဘဝဆိုတာ
အရပ် ၄ မျက်နှာအတွင်းမှာ
ပိတ်မိနေရတဲ့ တစုံတရာပဲ
ခြေထောက်ဆိုရင် ကန်မယ်
ဘော်လုံးဆိုရင် ကန်ခံရမယ်
အနိုင်အရှုံးလည်း မလိုသလို
ဒိုင်သုံးဖို့လည်း မလိုအပ်ပါ
၃ ယောက် နဲ့ ၁ ယောက် ပွဲ
ယှဉ်ကန်ရဲတဲ့ ခြေထောက်တွေနဲ့
လှမ်းလျှောက်ပြေးကစားနေတဲ့လူများ
ပေးထားတဲ့၉၀မိနစ်အတွင်းမှာ
ပေးထားတဲ့ဂိုးအကျယ်အဖွင့်အတွင်း မှာ
လူတယောက်မှာ
ပြိုင်ဘက် ၃ ယောက်ရှိတယ်
-
၁-အတိတ်ယူနိုက်တက်အသင်း
၂-ပစ္စက္ခယူနိုက်အသင်း
၃-အနာဂတ်ယူနိုက်တက်အသင်း
ဘယ်သူနိုင်နိုင်ပါ
လူ့အဓိပ္ပါယ်ဖလားဟာ
ဘယ်သူနဲ့မှ မဆိုင်ပါ
ဒါပေမဲ့--ဘော်လုံးပွဲဟာ
အပျော်သုံးစွဲစရာ မဟုတ်သလို
လူလုပ်မယ်ဆို လူလို တွေးခေါ်လေးနက်
နားလည်မှုဟာ ဘော်လုံးလို အနားမဲ့ ဘက်မဲ့
တရားနဲ့ ဝိုင်းစက်ရတယ်။ ။
သုအိုင်စံ
၁၂-၀၅-၂၀၁၄
Comments
Post a Comment