(((လေ)))

(((လေ)))

အချိန် မပေါ်ခင်မှာ
လေဟာ ဘော်လုံးကွင်း ပတ်ပြေးတယ်
အချိန်ကို ထုတ်ညှစ်သုံးစွဲရန်
တိမ်လို ခုတ်ထစ်တုံးခွဲခံရပြီးနောက်
လေဟာ ဘော်လုံးထဲ ပတ်ပြေးတယ်

စကြဝဠာအတိ
လေထုဟာ ရှိနေတယ်
ဖြစ်တည်မှုဆိုတာ
လည်နေတဲ့ ဝဋ်ဘဝသံသရာထဲက
ခုန်ထွက်သွားလို့လွတ်တတ်လား

ပွဲပြီးသွားတဲ့ အခါမှ
ငရဲမီးအားပျက် ပြာကျ
ကွင်းလယ်မှာ ဘယ်သူမှ မကျန်ပါ
အချိန်နဲ့ညီညာ
လေဟာ ဘော်လုံးကွင်း ပြန် ပတ်ပြေးတယ်
အချိန်နဲ့ညီညာ
လေဟာ ဘော်လုံးထဲ ပြန် ပတ်ပြေးတယ်

လေဟာ
ဘော်လုံးသမားတစ်ယောက်ပေါ့
ခြေထောက်တွေတော့ မရှိဘူး
လေဟာ
ဘော်လုံးတစ်လုံးပေါ့
အဝိုင်းခွံသားရေပြားခုံးတော့ မရှိဘူး

လေရေ...
မင်းအသက်ရှူ နေသလား
မင်းအဓိပ္ပါယ်မင်းဖြစ်သွားရန်
လေဟာ လေထဲမှာပျံ ရှင်သန်နေရမှာပဲ
မြင့်မြင့်ပျံကြည့်...ဝေးဝေးရောက်ရှိ...
အားလုံးပျောက်သွားသည့်တိုင်၊
ချည်တိုင်ကို နွားပြန်လာခဲ့တယ်... တွေ့လား။ ။

သုအိုင်စံ
၂၆-၀၁-၂၀၁၄

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ