((( ငရဲအနမ်းခံ သံသရာရဲ့ နိုင်ငံရေးဂီတ )))
((( ငရဲအနမ်းခံ သံသရာရဲ့ နိုင်ငံရေးဂီတ )))
သံလွင် စစ်တောင်း ချင်းတွင်း ဧရာဝတီ
သောက်လို့ သုံးလို့ ရသော ရေချို မြစ်ကြီး ၄ သွယ်သည်
ပင်လယ်ထဲသို့ အလဟသ အမြဲတမ်း စီးဝင်နေသည်
၁၂ရာသီစာ သိုလှောင်ရေတိုင်ကီ မရှိသော တိုင်းပြည်တွင်
ပဲခူးကျေးလက်နယ်နဲ့ အထက်အညာဒေသတွေဟာ
နွေမှာ ပူလောင် ခြောက်သွေ့ ရေခမ်း
အို...လွမ်းလိုက်တာ မြစ်ရေချို တွေရယ်.....
ကျောင်းထိုင်ဆရာတော်က ဦးစီး၊ အဝီစိတွင်းတူးပြီး ရေဝေတယ်၊
မလောက်ငပေမဲ့
မသောက်ရတာထက်စာရင် တော်သေးတယ် မဟုတ်လား
ကျေးဇူးပါ ဘုန်းဘုန်းဘုရား...
ထေရတရားရဲ့ ယဉ်ကျေးသော .ရွာသူရွာသားတွေ...၊
နေစမ်းပါဦး...ခင်ဗျာတို့ အစိုးရက
(မိုးရွာတုန်းရေခံ) စကားပုံကို အသုံးမချတတ်ဘူးလား
သိပ်တတ်တာပေါ့ဗျ...ကျုပ်တို့မှာ ကလည်း
(သူတောင်းစားခွက်ပျောက်လမ်းစဉ်) ကို
ရုပ်လုံးဖော်နေရသေးတယ်လေ
ဤသို့နှယ်
လူထုရဲ့ အစာအိမ် အပေါက်အပြဲကို မဖာထေး၊ မချုပ်သီနိုင်ခဲ့
လွှတ်တော်ထဲက သမ္မတထိုင်ခုံ ယိုင်နဲ့နဲ့ကို
လုယူနေခဲ့၊ ပြု ပြင်နေခဲ့။
နိုင်ငံတော် ပရောဂျက်ကြီး/ငယ်ရဲ့ ရေအားလျှပ်စစ်တွေ
တမြေခြားကို တင်ပို့ရောင်းစား၊ ဒီ ဝင်ငွေဟာ နိုင်ငံ့ဘဏ္ဍာ ဖြစ်ခဲ့လား၊
လျှပ်စစ်မီး မဝတဲ့ နိုင်ငံသားအား၊ ဖယောင်းတိုင် အစားထိုးစေခဲ့
တိုင်းပြည်ဟာ ဒုက္ခသွေးဆူ အကြွေးပူခေါင်ခိုက် အပြုံလိုက်မွဲတေ
ကဲလေ...ထမင်းတစ်နပ် လျော့စားလိုက်ကြရအောင် လူထုကြီးရဲ့
ကီလိုမီတာ ၂၈၀၀ ရှည်တဲ့ ငွေရောင်ကွေ့ကောက်သတ္ထုပိုက်လို င်းဟာ
ရခိုင်ကမ်းရိုးတန်းက ဓါတ်ငွေ့ကို နဂါးသွေးသောက်သလို ဆွဲစုပ်
တရုတ်ပြည်ရဲ့ မီးဖိုချောင်ခန်းထဲမှာ သွား ထွေးထုတ်လိုက်တယ်
ဒါဟာ မြန်မာ့ဂုတ်သွေးကို တရုတ်က စုတ်ယူလိုက်တာ မဟုတ်လား
ဒီ စီးပွားရေးမှာ၊ ငွေသားဟာ ရခိုင်ပြည်နယ်ကို ဝင်ရောက်မလာပေမဲ့
ပဋိပက္ခတွေ အပင်ပေါက်လာခဲ့တာကို ပြဿ နာ အပင်ရှည်စေခဲ့
ဤကဲ့သို့ ပြောင်မြောက်ပေသော မြန်မာ့ဗျူဟာ ဖြေရှင်းနည်းများ
လက်ရှိ လွှတ်တော်ဝန်ကြီးများ ဦးနှောက်ထဲက လာခဲ့ပါသည်၊
ဓါတ်ငွေ့မရှိပြီ၊ လျှပ်စစ်မရှိပြီ၊ ဘာလုပ်ရမည်ကိုသိသော ရွာသားသည်
သစ်ပင်ကို ခုတ်လှဲ၊ ချက်ပြုတ်ရန် ထင်း မီးသွေးအတွက် ၁ ပင်တည်းပါ
ဟောဒီ လွင်တီးခေါင်မှာ သစ်ငုတ်တိုက ၁၀၀
အဲဒီ ပျောက်သွားတဲ့ သစ်ပင် ၉၉ ပင်မှာ တရားခံ ဘယ်သူလဲ
ရွာသားကို တရားစွဲတယ်
(သိပ်လွယ်တယ် မဟုတ်လား အာဏာမင်းရယ်)။
ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ မလွတ်တဲ့ လယ်မြေမှာ
စပါးပင်တွေဟာ အရင်လိုပဲ ရွှေဝါရောင်လင်း၊ ဝင်းမှည့်နေပြီ
ဒီ စပါးခင်းလေး ပြီးအောင် ရိပ်သိမ်းပါရစေလား မြို့နယ်မှူးရယ်
လယ်သမား ထားဝယ်သားက တိုးလျှိုးတောင်းပန်ပေမဲ့
ဘော်ဒိုဇာ ဆိုတဲ့ ပိုးဆိုးကောင်ကြီးတွေက အတင်းမောင်းဝင်လာ
ရိုးသားရိုးစင်းစွာသော စပါးခင်းကို ဖျက်ဆီးပစ်လိုက်လေရဲ့
ပျက်သွားတာက လူထုဘဝ၊ သေသွားတာက လူထုအနာဂတ်၊
(ဤကိစ္စကို လေ့လာပတ်သက်ရလျှင်)
လူဆင်းရဲအဖိနှိပ်ခံ လက်ထဲက ကိုင်းခုတ်ဓါးသည်
အာဏာရှိဖိနှိပ်သူ လည်တိုင်ကို ပိုင်းဖြတ်သွားသင့်ပေပြီ
ဘုရားသခင်ရေ...ခွင့်ပြုလိုက်တော့ ... ခွင့်ပြုလိုက်တော့။
ဧရာဝတီ မြစ်ဆုံ၊ လ၊ မြစ်ဝကျွန်းပေါ်နုံးမြေထဲက ရေနံတွင်းများ
ဘီးလင်းချောင်းဖျားက ရွှေမိုင်း၊ တောင်ပိုင်းက ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့
အေးစက်ကျောင်ဆောင်လှိုင်းတွေနဲ့ သံလွင်ရဲ့ဟတ်ကြီး လျှပ်စစ်ရေကာတာ စတဲ့
အရောင်းအဝယ် စာချုပ်တွေ ချုပ်တုန်းမှာ လူထုဆန္ဒတွေ မပါပေမဲ့
လုပ်ငန်းတွေ စတဲ့အခါ လူထုဘဝဟာ အရေဆုတ် အသဲနှုတ် လှီးထုတ်ခံရ
ပုဒ်ထီးပုဒ်မ မရှိသော အနိုင်ကျင့်ဗိုလ်ကျ တရားလက်လွတ် ဝါကျတွေ
မြန်မာ့လွှတ်တော်ရဲ့မူဝါဒကြီးက ဆက်ရေးနေရဲ့
လူမျိုး ဘုံ ပျောက်မဲ့ ဝတ္ထု ကြီးဟာ သွေးပွက်ပွက် လျှံထွက်အန်ထွက်နေခဲ့။
ကမ္ဘာ့သမိုင်းမှာ
လက်နက်ကိုင် တော်လှန်ရေးဟာ ၂၆% ပဲအောင်မြင်ခဲ့တယ်
အဲဒါကို အဲဒီကောင်တွေ ဦးနှောက်မရှိ မသိခဲ့လို့လား
ဟား ဟား ဟား...
သိပ်သိတာပေါ့ ဂန္ဒီလိုလို၊ လူသာကင်းလိုလို ကောင်တို့ ရေ...
ရင်ဝတည့်တည့် ဝင်လာတဲ့ အာဏာရှင် ကျည်ဆံအမိုက်ယုတ်ကို
အကြင်နာပန်းပွင့်သိုင်းကွက်နဲ့ ရိုက်ပုတ်ထုတ်လို့ မရဘူး
ကျုပ်တို့
လုပ်ပစ်သင့်တာကို သေသေချာချာ လုပ်ပစ်တယ်
ဖူးပွင့်သင့်တာကို ဝေဝေဆာဆာ ဖူးပွင့်ပစ်တယ်။
ဟောဒီ လောက အနယ်နယ်က လမ်းတွေပေါ် လျှောက်လှမ်းပြီး
ငရဲမင်းလည်း ဘုန်းကြီးကျောင်းသွား ဥပုဒ်စောင့်ဖူးသလို
ဖန်ဆင်းရှင်လည်း ပြည့်တန်ဆာရုံသွား အကြောလျှော့ဖူးတာပဲ
ရဲရင့်စွာ ရည်မှန်းယုံကြည်ချက်ထားလျှက်
ဖူးပွင့်တဲ့အားစွမ်းအင်နဲ့ လွပ်လပ်ရေးအစစ် ကြိုးစားချက်ဟာ
စွဲနစ်ကာ သီတန်းဆုံညီဖွဲ့ထားတဲ့ ထူးသစ်ချက်များလမ်းစဉ်နဲ့
ညွတ်ကျဘေးသင့်ဆိုးဝါးခဲ့တာ
ဒဏ်ရာ ကံကြမ္မာနဲ့ သဘာဝအချိန်က
စိတ်ကျင့်စဉ်အားကို ဂျမ်းဖြစ်စေခဲ့လို့လား
ပြန်ကာ ပြန်လာတဲ့ ကမ္ဘာပတ်အရှိန်က
အတိတ်ဖြစ်စဉ်များကို နွမ်းရင့်စေခဲ့လို့လား
ဂျမ်းဖြစ်ငုတ်လျှိုးသွားတဲ့ သေနတ်တစ်လက်ဟာ
ကျုပ်၊ ခင်ဗျား၊ ကျုပ်တို့၊ ကျုပ်တို့နဲ့၊
ကျုပ်တို့ရဲ့ တော်လှန်ရေးသာမက
သူတို့၊ သူတို့နဲ့၊ သူတို့ရဲ့မိစ္ဆာအင်ပါယာလည်း
ဖြစ်နိုင်တာပဲ
နွမ်းရင့်ပုတ်သိုးသွားတဲ့ ကျည်ဆံတစ်ထောင့်ဟာ
ကျုပ်၊ ခင်ဗျား၊ ကျုပ်တို့၊ ကျုပ်တို့နဲ့၊ ကျုပ်တို့ရဲ့
တော်လှန်ရေးသာမက
သူတို့၊ သူတို့နဲ့၊ သူတို့ရဲ့မိစ္ဆာအင်ပါယာလည်း
ဖြစ်နိုင်တာပဲ
ကဲ....နိုင်ဖဲက ဘယ်သူ့ဆီမှာလဲ
မဖြောင့်မှန်သော ရန်သူသည် မကောင်းဆိုးဝါးကို
ရစ်ပတ်ပုံဖျက် ၂၀၀၈ မှာ သိမ်တက်စေခဲ့၏
ဖောက်ပြန်သော ရန်ဘက်၏ အကြောင်းအကျိုးများကို
ထပ်ဆင့်ပုံလျှက် ကောက်ကျစ်စွာ အိမ်ဖွဲ့နေခဲ့၏
ကြည့်ကြပါ... သေသေချာချာ ကြည့် ထား ကြ စမ်းပါ
အဲဒါ ခင်ဗျားတို့
ကိုးကွယ်သွားရမဲ့ ဒီမိုကရေစီဘုရားစေတီတော်ပဲ
ငရဲအသဲကို ဌာပနာတော်ထဲ ထည့်ထားတယ်
ငရဲအသားကို အုပ်ချပ်များ စီသွင်းထားတယ်
ငရဲအရိုးနဲ့  ထီးတော်မိုး တင်ထားတယ်
ငရဲသွေးကို ထုံးသင်္ကန်းစေးကပ် လှူထားတယ်
ငရဲအတွေးအခေါ်နဲ့  ဘာသာ့ကျမ်းစာတော် ရေးထားတယ်
ရှိခိုးကြ ရှိခိုးကြ
ရန်သူကို ရန်သူလို့ မမြင်တော့တဲ့ သူတွေ ရှိခိုးကြ
ကိုးကွယ်ကြ ကိုးကွယ်ကြ
မိစ္ဆာသဘက်များကို ရိက္ခာဆက်သွားတဲ့ သူတွေ ကိုးကွယ်ကြ။
အမြဲတမ်း ပြန် ပြန်လာနေတဲ့
ငရဲအနမ်းခံ သံသရာ ဆိုတာ
ဖောက်ပြန်အရှုံးပေး
လမ်းပျောက်တံတားပျက် စရိုက်မမှန်ခဲ့မှု ဝါဒအတွက်
တစ်ယောက်မကျန်
နှလုံးသွေးခမ်းခြောက်သွားတဲ့ ထိုက်တန်တဲ့ ဆုလဒ်ပါ
ရယူလက်ခံလိုက်ကြဟေ့ ရယူလက်ခံလိုက်ကြဟေ့ ( ပြုံးပျော်ရွှင်မြူး )
နိုဗယ်ဆုရှင်မကြီး ဆုတွေ တသီတတန်းကြီးရ
ဆွတ်ခူး ချီးပန်းပြ လိုက်သလိုမျိုး ပြည်သူလူထုကပဲ ပိုက်ဘောမိ
တာဝန်ယူလိုက်ရသည့် ဆင်းရဲမွဲတေနိုင်ငံရေးဒုက္ခတွေ။
((( အထက်ပါတို့သည် လူကြိုက်များ၍ လူသိလိုက်သော ကိစ္စများဖြစ်၍
အောက်ပါတို့သည် လူကြိုက်နည်း၍ လူမသိလိုက်သော ကိစ္စများ ဖြစ်၏)))
ငါ့ဆံပင်တွေ ၂ ပေအထိ ရှည်လာရင်
၂ သိန်းလောက် ရနိုင်တယ် ဆိုတဲ့ အတွေးနဲ့
မြို့ ပြဆင်းရဲသူမဟာ ညစဉ် ညစဉ် ဆံပင်ကို ဂရုစိုက်သန့်စင်
အိပ်ယာဝင်ခဲ့တယ်
တစ်ခုသောမနက်မှာ ပေါ့ပါးနေတဲ့ ဦးခေါင်းဟာ
အိပ်ပျော်နေစဉ် ဆံပင် ခိုးဖြတ်ခံခဲ့ရပြီ
သူမသည်
ဒီတိုင်းပြည်ထဲမှာ ငါ့ထက် ငတ်ပြတ်ဆိုးဝါးနေသော ဘဝတွေ
ရှိနေသေးသည်ဟု
သူ့ဘဝအတွက် စိတ်ဓါတ်ခွန်အားတွေကို ရရှိ ပျော်ရွှင်ခဲ့လေသည်။
ဘဝအတွက် လိုအပ်လို့
အလှနဲ့ ဖာ ဖြစ်သွားတဲ့ အဲဒီဆံတိုမလေးကို
နဂိုက အဟောင်း အာဏာ တန်ခိုးနဲ့
အပို ထပ်တောင်းကာ အကြွေးနဲ့ လိုးသွားခဲ့တာ
အငြိမ်းစား နိုင်ငံခေါင်းဆောင် လူ(ရုပ်) ယုတ်ကြီးပေါ့ကွာ။ ။
သုအိုင်စံ
၂၉-၁၁-၂၀၁၃
Comments
Post a Comment