((( ၅လောင်းပြိုင်ကွက်မျက်မှု (သို့မဟုတ်)- ကမ္ဘာကြီးက သူ့အကြွေးသူဆပ်ခြင်း )))

((( ၅လောင်းပြိုင်ကွက်မျက်မှု (သို့မဟုတ်)-
ကမ္ဘာကြီးက သူ့အကြွေးသူဆပ်ခြင်း )))
-
ကြိုးစင်ပေါ်မှာ
ကမ္ဘာလုံးကျွတ် လေးစားရသော ဘိုလိုကျွမ်းကျင်တဲ့ ပုပ်ရဟန်းမင်းကြီးတစ်ပါး
ကြိုးစင်ပေါ်မှာ
လူရော သတ္တဝါပါ လေးစားကြည်ညိုကြတဲ့ ဓမ္မစရိယအောင်ဆရာတော်တစ်ပါး
ကြိုးစင်ပေါ်မှာ
လည်လှီးဓါးကိုင်ထားတဲ့ အသားမဲမဲ ကန္တာရဆန်ဆန် ပရောဟိတ်တစ်ပါး
ကြိုးစင်ပေါ်မှာ
ဆာဒူးစတိုင်နဲ့ နွားနို့ဗူးရော မုန့်ပြောင်းရော ကိုင်ထားတဲ့ ကိုယ်တော်တစ်ပါး
ကြိုးစင်ပေါ်မှာ
ဦးနှောက်ထဲ ဘာမှ ထည့်မထားတဲ့ သာမန်လူတစ်ယောက်လို အတွေးသမား။
ကြိုးစင် ခလုပ်ကို နှိပ်သူက ထာဝရဘုရား။
တွေ့လား........
ကျေနပ်တယ် မဟုတ်လား........
ကမ္ဘာကြီး ပျောက်သွားပြီလေ။ ။
-
သုအိုင်စံ
၀၈-၀၄-၁၃

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ