((( ပေါလောပေါ်ရုံလေးလမ်းစဉ် )))
((( ပေါလောပေါ်ရုံလေးလမ်းစဉ် )))
(မိသားစု)
အဖေနဲ့ အမေ ၂ ဦးရဲ့ အထွေထွေ လစဉ်ရရှိငွေက ၆ သိန်း
မိသားစုဝင် ၆ ဦးရဲ့ အထွေထွေ လစဉ်ကုန်ကျငွေက ၆ သိန်း
လက်တော့၊ ဖုန်း၊ လူကြီး/ကလေး ဝတ်စုံသစ် အသစ်ဝယ်ခွင့် မရပေ
ကျောင်သား ၄ ဦးဟာ ကိုယ်စီမုန့်ဖိုး ဖောသီလွပ်လပ်စွာ သုံးခွင့် မရပေ
မိဘ ၂ ဦးဟာ စိတ်အလှူသဒ္ဒါကြေး ဖောသီလွပ်လပ်စွာ လှူခွင့် မရပေ
(ဘိုးသွားပိုင်အရာများ-မပါ) မိသားစုဟာ-မနစ်မြုပ်သွားပေမဲ့
ပေါလောပေါ်ရုံလေးနဲ့--- ခ-ရီး-မ-ဆက်...။
(မူလတန်းကျောင်း)
အစိုးရချပေးတဲ့ ရွာ-မူလတန်းကျောင်းရဲ့ လစဉ်ဘတ်ဂျက်ငွေက သိန်း-၅၀
သူငယ်တန်းမှ စတုတ္ထတန်းအထိ အထွေထွေ လစဉ်ကုန်ကျငွေက သိန်း-၅၀
ကွန်ပြူတာသစ်၊ ကျောင်းအလံသစ်၊ သင်ကြား-ကရိယာသစ် အသစ်ဝယ်ခွင့် မရပေ
ကျောင်သား ၁၅၀ ဦးဟာ ကျောင်းငွေနဲ့ လေ့လာရေး Excursion သွားခွင့် မရပေ
ဆရာ / ဆရာမ ၁၅ ဦးဟာ ကျောင်းရံပုံငွေနဲ့ ကျောင်းပျော်ပွဲစားပြုဖို့ သုံးခွင့် မရပေ
(နိုင်ငံပိုင်အရာများ-မပါ) ရွာ-မူလတန်းကျောင်းဟာ-မနစ်မြုပ် သွားပေမဲ့
ပေါလောပေါ်ရုံလေးနဲ့--- ခ-ရီး-မ-ဆက်...။
(ဆေးပေးခန်း)
အစိုးရချပေးတဲ့ ရွာ-ဆေးပေးခန်းရဲ့ ကျန်းမာရေး လစဉ်ဘတ်ဂျက်ငွေက သိန်း-၂၅၀
သားဖွားခြင်းမှ-သည်းခြေထုတ်ခြင်း-အထိ-စသဖြင့် လစဉ်ကုန်ကျငွေက သိန်း-၂၅၀
လူနာကုတင်သစ်၊ ခွဲစိတ်ဓါးသစ်၊ အရန်ဆေး၊ ကုသ-ကရိယာသစ် ဝယ်ခွင့် မရပေ
လူနာပေါင်း မြောက်မြားစွာဟာ ဆေးရုံငွေအားကိုးနဲ့ ကုသ ပျောက်ကင်းခွင့် မရပေ
ဆရာဝန်နဲ့ သူနာပြု ၁၀ ဦးဟာ လူနာများနှင့် နလံထမိတ်ဆုံစားဖို့ ငွေ သုံးခွင့် မရပေ
(နိုင်ငံပိုင်အရာများ-မပါ) ရွာ-ဆေးပေးခန်းဟာ-မနစ်မြုပ်သွားေ ပမဲ့
ပေါလောပေါ်ရုံလေးနဲ့--- ခ-ရီး-မ-ဆက်...။
(တပ်မတော်)
ကာကွယ်ရေးဌာနက ချပေးတဲ့ တပ်မတော်အတွက် လစဉ်ဘတ်ဂျက်ငွေက သိန်း-၅၀၀၀၀
လစာ၊ မွန်းမံမှ အိမ်ပြန်လည်ရန်-စားရိတ်အထိ၊ စသဖြင့် လစဉ်ကုန်ကျငွေက သိန်း-၅၀၀၀၀
ယူနီဖောင်းသစ်၊ ဖိနပ်သစ်၊ အီကွေးမင့်သစ်၊ တပ်သား-တကိုယ်ရည်အသုံးအဆောင်- မရပေ
ရဲဘော် ၂.၅ သိန်းဟာ တပ်ရံပုံငွေနဲ့ တပ်သား+အရာရှိ တွေ့ဆုံ ဖျော်ဖြေပွဲကျင်းပခွင့် မရပေ
အရာရှိ ၁.၅ သိန်းဟာ တပ်ရံပုံငွေနဲ့ အရာရှိ+တပ်သား တွေ့ဆုံ ဖျော်ဖြေပွဲကျင်းပခွင့် မရပေ
(လက်နက်ခဲယမ်းကိစ္စအရာများ-မပါ) တပ်မတော်ဟာ-မနစ်မြုပ်သွားပေမဲ့
ပေါလောပေါ်ရုံလေးနဲ့--- ခ-ရီး-မ-ဆက်...။
(အစိုးရ)
လွှတ်တော်က ချမှတ်ပေးတဲ့ အစိုးရအတွက် လစဉ်ဘတ်ဂျက်ငွေက သန်း-( အတိအကျမရှိ )
( သမ္မတ+ဝန်ကြီး+ဝန်ထမ်း) လစာ၊ ခရီးစရိတ် လစဉ်ကုန်ကျငွေက သန်း-( အတိအကျမရှိ )
အလံသစ်၊ ရုံးသစ်၊ ရုံးနယ်မြေသစ်၊ ရုံး-ကရိယာသစ်၊ ယာဉ်သစ်၊ ဝန်ထမ်းလက်စွဲသစ် မရပေ
အမတ် ၅၀၀+ ဝန်ထန်း ၅၀၀၀၀၀ ဟာ အစိုးရပုံငွေနဲ့ ပျော်ပွဲစားနဲ့၊ ဘုရားဖူးသွားခွင့် မရပေ
အမတ် ၅၀၀+ ဝန်ထန်း ၅၀၀၀၀၀ ဟာ အစိုးရရံပုံငွေနဲ့ပျော်ပွဲစားနဲ့ ၊ ဘုရားဖူးသွားခွင့် မရပေ
(အစိုးရစဉ်ဆက်ပိုင်အရာများ-မပါ) အစိုးရဟာ-မနစ်မြုပ်သွားပေမဲ့
ပေါလောပေါ်ရုံလေးနဲ့--- ခ-ရီး-မ-ဆက်...။
(အရာရာ)
အရာရာဟာ အပေါ်က ဥပမာ ၅ ခု လိုပါဗျာ။
ဓမ္မအချိန်သည်၊ ဘဝအရှိန်သည်၊ ခေတ်သမိုင်းသည်၊ မြစ်အရိုင်းသည်၊ လူသည်၊ မူသည်
စီးဆင်း+ရှေ့ဆက်+ရှင်သန်-နေရမည် ၊ ကြီးပြင်း+ရွေ့တက်+အမြင်မှန်-ေ နရမည်၊
မစီးဆင်းပြီ+မမြုပ်ကွယ်သေး- (ပေါလောပေါ်ရုံလေး) -လုပ်ထားရတဲ့-တိုင်းပြည်ဟာ-----
လှိုင်းမညီတာနဲ့---မြုပ်မှာပဲ
စစ်ပွဲတွေက လှေဝမ်းဗိုက် ထိုးဖွင့်နေ / ပဋိပက္ခတွေက လှော်တက်ကို ရိုက်ချိုးပစ်နေ၊
ပေါလောပေါ်ရုံလေး-ဆိုတာလေ--
ချက်ချင်း မစီးဆင်း+မခုတ်မောင်းရင်-- ချက်ချင်း ပြီးဆုံး+နစ်မြုပ်မည် ဖြစ်ကြောင်း
ကျောင်းမှာ မသင်ခဲ့မိရင်တောင်မှ၊ ခေါင်းပါရင် တွက်သိလောက်ပါရဲ့၊
လှိုင်းအညီ စီးကာ ဆက်စီးမလား---၊ တိုင်းပြည်ကြီး-ငါ-ဖျက်ဆီးမလား- --၊
ကဗျာရေးသူဟာ ဒါကို ရေးပြီး မေ့သွားသလို... ကဗျာဖတ်သူလည်း ဒါကို ဖတ်ပြီး မေ့သွားကွာ၊
ဟား ဟာ ဟား ဟား....<<< ဒီမှာ >>> ဝင်လာကြတဲ့ ကုလားနဲ့ တရုတ်မျက်နှာတွေမှာ
ကြင်နာတတ်တဲ့ သနားတဲ့ ရုပ်လက္ခာဏာတွေ--- မပါဘူး..ဟေ့ရောင်။ ။
သုအိုင်စံ
၂၆-၁၂-၂၀၁၆

Comments
Post a Comment