((( ထွက်ခွာချိန် )))
((( ထွက်ခွာချိန် )))
( ၁- က )
မျက်ရည်တွေကို ခဲဝေယူကြတာပေါ့လို့ ပြောပြီး
သူက နောက်ဆံတင်းခြင်းတွေကိုေ လယာဉ်ပေါ် ပစ်တင်လိုက်တယ်
(စင်းလုံးပြည့်)။
သူမက သူ့ရင်ဘတ်ထဲက မျက်ရည်တွေကို တစ်ခွက်ပြီးတစ်ခွက် လှမ်းခပ်
၄၉ ခွက်ပြည့်မှ အားလုံးကို သူမရဲ့ရင်ဘတ်ထဲ လောင်းချလိုက် တယ်
(ကသောင်းကနင်းဆင်းသွား)။
ထွက်ခွာသွားရမဲ့ ခြေလှမ်းတစ်စုံ ကလည်း လှည့်ထွက်မသွားရက်
ထားခဲ့ခံရမဲ့ နှုပ်ခမ်းတစ်စုံကလည်း
"သွား.. တက်တော့လေ" လို့ ပြောမထွက် ဖြစ်နေတုန်း
သူတို့ဘဝရဲ့ နောက်ဆုံးစကန့်လေးက
ရင်ခွင် ၂ ခုရဲ့ ဆက်ကြောင်းကို တည့်တည့်ကြီး ခုတ်ခွဲချလိုက်တယ်
(တိကနဲပြတ်)။
တဆတ်ဆတ်တုန်ခါကျန်ခဲ့တဲ့ နှုပ်ခမ်းပါးကို
မြေပြင်က တအား ဖမ်းချုပ်ထားပြီး
ဂျစ်ကန်ကန်လုပ်နေတဲ့ ခြေလှမ်းကိုေ တာ့
လေယာဉ်က ကောက်ယူ ပျံထွက်သွားလေရဲ့
(မြန်လိုက်တာ)။
( ၂- က )
တိမ်တွေထဲက တဖြေးဖြေး ဝေး ဝေး မှုန်သွားတဲ့
စက်ရုပ်ငှက်တစ်ကောင်ရဲ့ ကိုယ်ထဲမှာ
သူဟာ မျက်ရည်တစ်ခွက်ကို အကြိမ်ကြိမ် နေရာချရင်း
လေယာဉ်မယ်လေးပေးတဲ့ ရမ်ပြင်းပြင်းတစ်ခွက်ကို သောက် ချလိုက်တယ်
(ရင်ကျွမ်းလောင်မြိုက်)။
( ၂- ခ )
အပြန်ခရီးမှာတော့ သူမကိုယ်သူမ မျက်ရည် ၉၉ ခွက်နဲ့ ခုတ်မောင်းလာရင်းနဲ့
သူမကိုယ်တိုင် အနွေးအကျီမဲ့နေတဲ့ ဆောင်းရာသီ ကြီး ဖြစ်သွားလေရဲ့
(အဖော်မဲ့စွာ)။ ။
သုအိုင်စံ
(၂၀၀၀ )
Comments
Post a Comment