((( ငွေ+မိန်းမ=ဒဂ်ါး )))

((( ငွေ+မိန်းမ=ဒဂ်ါး )))

အ၀တ်မဲ့မိန်းမပုံဒီဇိုင်းတွေပါ
တဲ့ဖဲထုပ်ကိုဝယ်တယ်
အမေရိကန်ဒေါ်လာတစ်ရာတန်ဒီဇိုင်းနဲ့ဖဲထုပ်ကိုတီထွင်တယ်
၂ ထုပ်စလုံးကိုအချိန်ဆိုတဲ့ကုလားဖန်ထိုးစက်ထဲထဲ့မွှေတယ်
ပြိုင်ဘက်နဲ့သူပြုတ်ကိုယ်ပြုတ်ကစားတယ်
ကစားနည်းကရှင်းတယ်
ပိုက်ဆံဖဲပဲဖြစ်ဖြစ် မိန်းမဖဲပဲဖြစ်ဖြစ်
တစ်ဘက်ဘက်ကိုသီးသန့်အများဆုံးဖြစ်သွားရင်နိုင်တယ်
တခါတခါမိန်းမတွေအများကြီးကိုင်ထားရာက
ပိုက်ဆံအဆင်ကပိုလှတဲ့ဖဲထလာတဲ့အခါ
ပိုက်ဆံကိုမိန်းမနဲ့ဝယ်လိုက်ရတာလည်းရှိရဲ့
တခါတခါပိုက်ဆံတွေအများကြီးကိုင်ထားရာက
မိန်းမအဆင်ကပိုလှတဲ့ဖဲထလာတဲ့အခါ
မိန်းမကိုပိုက်ဆံနဲ့ဝယ်လိုက်ရတာလည်းရှိရဲ့
သူမနိုင်ကိုယ်မရှုံး၊ ဖဲဝိုင်းကတစ်ဘ၀လုံးကြာ။

ငွေတစ်သိန်းနဲ့မိန်းမတစ်ယောက်
ဘ၀ထဲကနေပြိုင်တူပျောက်သွားတော့မှ
ဒီပွဲအရှုံးအနိုင်မပေါ်နိုင်မှန်းသိတယ်
ကိုယ့်ပြိုင်ဘက်နာမည်ကိုလည်းကြည့်ဦး
"လောကဓံ"ံ တဲ့
သူ့လုပ်သက်ကြီးနဲ့တောင်မနိုင်တာ
ကိုယ်လိုကောင်....
ဘယ်ခံစားမှုကို ဘယ်ဒါဏ်ရာနဲ့အာဂုံဆောင်နေရဦးမှာလဲ
ဘ၀ဟာ
ဒဂ်ါးတစ်ပြားထက်ပိုတယ်ဆိုတာသိပ်သေချာတယ် လစ်သီရားနာ။ ။

(Lytheana Rosefield သို့)
သုအိုင်စံ
၁၉၉၅

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))