((( တရားအလောင်းလိုလို/ အမှားအပေါင်းလိုလို )))

((( တရားအလောင်းလိုလို/
အမှားအပေါင်းလိုလို )))

စိတ်မပျက်ပါနဲ့
အကျီဖြူ ဖြူ ဟာလည်း
ခင်ဗျားဘဝနဲ့အတူ
ခင်ဗျားဘဝလိုပဲ
အရောင်ပျယ်မှိန်လွင့်ပါး
ပျက်စီးချိန်တွင်ပျက်သွားခဲ့ပါတယ်
ကိုထူးအိမ်သင်

ခင်ဗျားရဲ့ သီချင်းတွေ
ရှင်ကျန်ခဲ့သလို-ဟုတ်မယ်ထင်ပါရဲ
အကျီတထည်ရဲ့အမည်
ထင်ကျန်ခဲ့သလိုပေါ့-ဟုတ်မယ်ထင်ပါရဲ့
တရားပေါင်းချုပ်
ဘုရားခေါင်းထဲမှာ မြှုပ်ထားတာလား..
အမှားပေါင်းချုပ်
ဘုရားအခေါင်းထဲမှာ မြှုပ်ထားတာလား

ဘုရားက မဖြေထားခဲ့တော့
အများက လေသွားခဲ့ပေါ့..။  ။

သုအိုင်စံ
၂၄-၀၈-၂၀၁၄

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))