((( အိမ်ပြန်ချင်တယ်ကွာ )))

((( အိမ်ပြန်ချင်တယ်ကွာ )))

ကျွန်ပုခုံးဟာလည်း
ကျွဲပုခုံးထနေပါပြီ

ရေဝေး မြေဝေးမှာ
မြေလေး လေလေးဆဲ

ဆန်လည်းကုန်ခဲ့
အကြံလည်းအကုန်ပျက်

အမိမြေမှာလည်း
အသိတွေသေသွားကြရဲ့

ပုလိပ်ကားအပစ်ခံရတယ်
ဘယ်သူမှမကျေကွဲဘူး

အရေးပေါ်ယာဉ်မှောက်တယ်
ဘယ်သူမှဝိုင်းမကူဘူး

ရုံးတော်ထဲလူသတ်မှုထပ်ဖြစ်တယ်
ဘာမှမထူးဆန်းဘူး

အိမ်ပြန်ချင်တယ်
အိမ်မရှိဘူးကွာ

လူဆိုတာ
ဘယ်ခွေးပေါက်ဖို့မှ ထပွင့်တဲ့
ခွေးသေးပန်း မဟုတ်ပါ။ ။

သုအိုင်စံ
၂၀၀၉

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))