((( လေမှုန်များ )))

((( လေမှုန်များ )))

ရည်ရွယ်ထားတဲ့ အိမ်မက်လှိုင်း ထ ပွက်ရင်း
မှီတွယ်ထားတဲ့ အိမ်ဖွဲ့ သိုင်း ကကွက် နင်း
ချီသယ်သွားတဲ့အချိန်စက်ဝိုင်းဖြတ်တဲ့မျဉ်းတစ်ခု
သူ့ အလိုလို ထစ်ချင်ရာထစ် ကောက်ရမ်းနေတာလား
သူ့ အလိုလို ဖြစ်ချင်ရာဖြစ် ဖြောင့်တန်းနေတာလား
သူ့ အလိုလို ရောက်ချင်ရာရောက် လျှောက်နေတာလား
သူ့ အလိုလို ပျောက်ချင်ရာပျောက် ရောက်နေတာလား
ဘဝရဲ့ အမှုန်အစများနဲ့ အနှစ်သာရ ပုံသဏ္ဍာန်များဟာ
အစမဲ့ သုံညများရဲ့ အစစ် ထာဝရ ပုံမှန်တရားမှာ
လွင့်ထားမယ်--- ဘယ်ရောက်ရောက်--- ဘာဖြစ်ဖြစ်
လေ၏လမ်းစဉ်နှင့်အတူ...လေနဲ့တူတဲ့...လူ။   ။

သုအိုင်စံ
၂၂-၀၄-၂၀၁၅

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ