((( ကာဗွန်ငွေ့များရဲ့မညီမျှခြင်း )))


((( ကာဗွန်ငွေ့များရဲ့မညီမျှခြင်း )))

လူ ၁၀ ယောက်ဟာ
ကား ၁၀ စီး ပေါ်ကို တက်ကာ
သုသာန်ဘက်ကို မောင်းထွက်သွားပါတယ်

လူ ၁၀ ယောက်ဟာလည်း
ကား ၁ စီး ပေါ်ကို တက်တာ
သုသာန်ဘက်ကိုပဲ မောင်းထွက်သွားပါတယ်

ဒီ-ကမ္ဘာပေါ်က
ကာဗွန်နဲ့ ရွေ့လျားသွားလာနေတဲ့ ဒီ-ညီမျှခြင်းဟာ
အစကတည်းက မှားနေခဲ့တယ် မဟုတ်လား

လူမှုဝဋ်ကျွေးဒုက္ခကြောင့်
သေဖို့ သချိုင်းကုန်း အရင်ရောက်သွားတာက
၁၀ ယောက် စီးတဲ့ ကား တစီး ဖြစ်ပြီး
လူမှုသုခစည်းစိမ်ကြောင့်
သေရန် ဝေ့လည်ကြောင်ပတ် လုပ်နေခဲ့တာက
၁၀ ယောက် စီးတဲ့ ကား ၁၀ စီး ဖြစ်နေလေရဲ့

ကာဗွန်ငွေ့နဲ့ ရွေ့လျားသွားလာနေတဲ့
သဘာဝပတ်ဝန်းကျင်ရဲ့ ညီမျှခြင်းများဟာ
မညီမျှစွာ
အစတည်းက မှားနေပါတယ်--- လို့
ကျွန်နပ်ြတို့ နားလည်ထားခဲ့တာပဲ

ရေနံတွင်းတို့ ခမ်းသွေ့သွားရင်
ကမ္ဘာဟာ ပြန်လန်း၍ လာနိုင်သေးရဲ့
( အတတ်မဆန်းနဲ့တော့ သိပ္ပံရေ..)...

ကား ၁၁ စီး နဲ့ လူ အယောက် ၂၀ သည်
သွားတဲ့ ခရီးဆီ သူ ရောက်သွားခဲ့တာတော့
သေချာတဲ့ ညီမျှခြင်းပေါ့ကွာ ။ ။

သုအိုင်စံ
၂၁-၀၉-၂၁၀၇



Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ