((( မြစ်ဝ )))

((( မြစ်ဝ )))

ကုန်းရေကို စုချုပ်
ပင်လယ်ထဲ အံထုတ်။

ပင်လယ်ရေကို ဆွဲစုပ်
ကုန်းမြေပေါ် ထွေးထုတ်။

မြစ်ရဲ့ သချိုင်းမှာ
ပင်လယ်ကခိုင်းသမျှ လုပ်ရင်း
ရေချိုနဲ့ ရေငန်ကို
လိပ်စာ မှားပို့မိတဲ့အခါ
စိတ်နာစွာ အိပ်ယာကို
ပြောင်းရွေ့ပေးလိုက်ရ
သောင်ထွန်းခွင့်မရတဲ့
သုဘရာဇာ။ ။

သုအိုင်စံ

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ