((( "ခွေးမီးကောက်စရိုက်များ" နှင့် "ဒီမိုကရေစီ"၊ ကိုက်ညီနိုင်ပြီလားမေးတော့၊ တကောင်ဘို့ညီညွတ်ရေးအားတွေ ဖျားနေသေးတယ်လို့ ဖြေတယ်။" )))

((( "ခွေးမီးကောက်စရိုက်များ" နှင့် "ဒီမိုကရေစီ"၊ ကိုက်ညီနိုင်ပြီလားမေးတော့၊
တကောင်ဘို့ညီညွတ်ရေးအားတွေ ဖျားနေသေးတယ်လို့ ဖြေတယ်။" )))

(ပင်ကိုယ်ယဉ်ကျေးမှုတွင်
"မင်္ဂလာပါ" ဆိုတဲ့စကား
သေသေချာချာရှိထားပါလျှက်
တယောက်မှ မပြောကြတဲ့လူမျိုးတွေဟာ
သူတို့ အမှန်တကယ် ကြိုက်ပစ်လိုက်တဲ့ အရာတွေနဲ့
သူတို့ အမှန်တကယ် ထိုက်သင့်ခဲ့ပါ၏လော.......)

ဆိုးမွေတွေကိုကျ ရိုးမြေကျ စောင့်ရှောက်နေကြတယ်
အကောင်းစားအမွေတွေကိုကျ ရောင်းစားနေကြတယ်
ဘဝတန်ဖိုးအလှတွေလည်း မတောက်ပ
ချောက်ကျခဲ့ပြီ ပျောက်ရှခဲ့ပြီ ဒီတိုင်းပြည်
တယောက်တပါတီ ဆယ်ယောက်ဆယ်ဝါဒီနဲ့အညီ
တည်ဆောက်ထားပေမဲ့
တယောက်တအားအရောင်နဲ့ ဆေးဖွဲ့စီပြီး
ယောက်ျားဖောင်ဖျက်ရေးတဲ့ ပန်းချီ
"ဒီမိုကရေစီ" လို့အမည်ရတဲ့ သွေးသမိုင်းဆေးထူ Oil On Canvas ကို
လူမျိုးစုံသဘောကျ ထပ် ကြိုးစား ပြင်ဖို့
မူမျိုးစုံစောရ ခဏ ခိုးသွားစဉ်က
အများကညီညွတ်ပြီး တရားဓမ္မသီရွတ်တဲ့နေ့ကျ
လာပြန်အပ်မယ်လို့ ပြောခဲ့တာပဲ
မလောဖို့လည်းလိုတယ်
ကိုယ့် အရည်အချင်း မမှန်ကန် မလင်းတောက်ခဲ့လို့
တို့ မသေမချင်း ဒဏ်ခံ နင်းလျှောက်လိုက်ခဲ့တဲ့ လမ်းမှာ
နောက်လိုက်နဲ့ ခေါင်းဆောင် ပေါင်းပြီး
ဆောက်လိုက်တဲ့ ကျောင်းဆောင်ကောင်းကြီးကလည်း
၂၀၀၇ ဘုန်းကြီးတစ္ဆေတွေ သရဲခြောက်ပြီး
အကြောက်လွန် အမုန်းမီးတွေ စွဲတောက်ခဲ့သည့် အမှားလွင်တီးခေါင်မှာ
လက်ရှိဘုရားသခင်ကြီးတောင် ဗီဇာမရထားတဲ့မြေရဲ့
အများဘက်လိုက်တဲ့ သူရဲကောင်းတွေအားလုံးအတွက်
တရားနဲ့ရိုက်တဲ့ ဖဲကောင်းတွေအများဆုံး တက် တော့မယ်
ဒီအပတ်အပိုင်ကိုင်မဲ့ "တမျိုးသားလုံးအင်ပါယာ" လောင်းကြေးကြီးနိုင်တဲ့အခါ
ပီသမြိုင်ဆိုင်တဲ့ အရိုးသားဆုံး "မင်္ဂလာပါ" လို့ပြောတတ်အောင် ကျင့်ထားကြကွာ။   ။

သုအိုင်စံ
၂၇-၁၂-၂၀၁၂

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))