((( မြန်မာ့နဒီ ကဗျာ့နရီ ငါတို့ဧရာဝတီ )))

((( မြန်မာ့နဒီ ကဗျာ့နရီ ငါတို့ဧရာဝတီ )))

စီးဆင်းသွင်သွင်
ခရီးပြင်းနှင်
ဒိုက်အမှိုက်ညစ်
တိုက်စားပစ်တယ်
သက္ကရာဇ်ရဲ့သည်သမိုင်း
ဘဝအစစ်နဲ့နဒီရိုင်း

အတားအဆီးနင်းဖြတ်တက်၍
တအား စီးဆင်းရတဲ့ အကွေ့အစုန်တိုင်းဟာ
ခါးသီးပြင်းရှတဲ့ အတွေ့အကြုံရိုင်းပါ

ရှေ့နောက်အညီ
ကွေ့ကောက်သည်
အနိမ့်အမြင့်အတိုင်း
စိတ်ကျင့်စဉ်လှိုင်းနဲ့
အရင်အတိုင်းမြစ်သည်
သခင်သမိုင်းခေတ်တည်

စာအုပ်တစ်အုပ်လို ခေတ်ထဲမှာပဲ
ကမ္ဘာကို ဖျက်ပယ်သလို စစ် ဖြစ်ခဲ့တယ်
ကဗျာတစ်ပုဒ်လို မြစ်ထဲမှာပဲ
ဘာသာကို ဖက်တွယ်သလို အချစ် ချစ်ခဲ့တယ်

သစ္စာတရားရဲ့ ဂုဏ်အင်များ
မြစ်မှာကြားတဲ့ ပုံပြင်များထဲမှာ
ကျင့်ကြံသွားကြသူတွေရှိသလို
ပစ်ကန်သွားကြသူတွေလည်းရှိတယ်

ရိုးသားသွေးအေးတဲ့ မူ လမ်းစဉ်နဲ့ မြစ်ဟာ
အသုံးမတဲ့တဲ့ လမ်းတွေပေါ်မှာ ဘယ်မှ မရောက်ခဲ့ဖူးသလို
အမျိုးသားရေးအတွက် သူ လမ်းထွင်တဲ့ မြစ်ဟာ
အဆုံးမဲ့တဲ့ လမ်းတွေပေါ်မှာ တကယ်ဖြတ်လျှောက်ခဲ့ဖူးတယ်

မြောက်အစွန်းမှ ခရီးစတည်
တစ်ယောက်မက ထွန်းပေးခဲ့တယ် သခင်အောင်ဆန်းမှသည်
တောင်အစွန်းထိ ခရီးပြင်းချီ
သောင်ထွန်းပေးခဲ့တဲ့တယ် ခေတ်အဆက်ဆက်သမိုင်း မြန်မာပြည်

မြန်မာတို့ရဲ့ဧရာဝတီ ငါတို့ရဲ့မြန်မာပြည်
ကဗျာနရီ ကာရန်ညီသည့် အမှန်တရား
ဧရာတီမြစ်အား ကာကွယ်ထိမ်းသိမ်းစောင့်ရှောက်ကြ
မြန်မာပြည်အစစ်အား ကာကွယ်ထိမ်းသိမ်းစောင့်ရှောက်ကြ
အရိုးသားဆုံး အနီးဆုံးမှာ ပေါင်းစပ်တိုင်ပင်ညှိနှိုင်းကြ
တမျိုးသားလုံး  စည်းလုံးစွာ ခေါင်းမတ်အနိုင်ယှဉ်အရှိအတိုင်း
ဘဝ။   ။

သုအိုင်စံ
၂၉.၀၇.၂၀၁၂

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ