((( ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် )))
အလုပ်လုပ်ကြတဲ့-လူ့ဒဏ်ရာတွေ ထမင်း မဝပေမဲ့
အလုပ်မလုပ်ရတဲ့-သူ့သံဃာတွေ အဆင်းလှနေခဲ့တယ်...
ကဗျာရယ်..။
-
((( ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် )))
-
ရွာရဲ့တောင်မြင်ြ့မင့်ထိပ်မှာ စေတီတော်ဟာ လင်းထိန်ဝင်းပ၊
တောင်ခြေ ရွာလယ်ခေါင်မှာ လူအိုနဲ့ခလေးတွေ ငတ်နေကြ၊
စာသင်ကျောင်းက ကကြီး ခခွေး ရွတ်သံတွေက နွမ်းယဲ့ယဲ့ပေမဲ့၊
ဘုန်းကြီးကျောင်းက ပရိတ်ကြီးရွတ်သံတွေ ဌာန်ကရိုင်းကျ မှန်နေလျှက်ပဲ၊
-
ဘုန်းကြီးကျောင်း ၆ ကျောင်း
ရဟန်းနဲ့ကိုရင် ၂၄ ပါး
ရဲစခန်း ၁ ဌာန
ရဲတပ်သား ၁၀ ယောက်
စာသင်ကျောင်း ၂ ကျောင်း
ကျောင်းသားကျောင်းသူ ၂၀၀ ယောက်
စေတီကြီး/ငယ် ၁၅ ဆူ
ဆေးပေးခန်း ၁ ခု
ရွာလယ်ဇရပ် ၁ ခု
ရွာသူရွာသား စုစုပေါင်း ၁၀၀၀ ယောက်
၁၅၀ ယောက်က ၁၆ နှစ်အောက်
နောက် ၁၅၀ ယောက်က မိန်းမ
နောက်ထပ် ၁၅၀ ယောက်က အသက် ၆၀ ကျော်
ရွာလေးမှာ
စေတီနဲ့ ဘုန်းကြီးကျောင်းတွေ များနေပေမဲ့
အလုပ် လုပ်မဲ့ ယောက်ျားတွေ ရှားနေခဲ့တယ်
ပျောက်သွားတဲ့ ယောက်ျားတွေ မပြန်လာပေမဲ့
သူတို့ ပို့လိုက်တဲ့ ပိုက်ဆံတွေ ပြန်လာခဲ့တယ်
ရဟန်းသံဃာတွေကတော့ သန်မာဝဖြိုးဆဲပါ
ထေရဝါဒ သာသနာ ကြီးစိုးတဲ့ရွာ မဟုတ်လား
အလောင်းဘုရားခေတ် မြေပုံထဲမှာ
အလောင်းဘုရား နတ်ရွာစံခဲ့တဲ့ရွာဟာ
ဒီမိုကရေစီခေတ်ရဲ့ မြေပုံထဲမှာ
ပထဝီညံလာတဲ့ အစိုးရတွေကြောင့်
စာလုံးပေါင်းမှန်မှန်နဲ့ ပီပီသသ မဖော်ပြထားနိုင်လောက်ပေမဲ့
ဒီရွာထဲရဲ့ ဘုန်းကြီးကျောင်းအုန်းမောင်းခေါ က်သံ
ရွာပတ်ပတ်လည်က လူသားတိုင်းကို ထိမှန်နေခဲ့တယ်...
-
ဘုန်းကြီးကျောင်းက ပရိတ်ကြီးရွတ်သံတွေ ဌာန်ကရိုင်းကျ မှန်နေလျှက်ပဲ၊
စာသင်ကျောင်းက ကကြီး ခခွေး ရွတ်သံတွေက နွမ်းယဲ့ယဲ့ပေမဲ့၊
တောင်ခြေ ရွာလယ်ခေါင်မှာ လူအိုနဲ့ခလေးတွေ ငတ်နေကြ၊
ရွာတောင်မြင်ြ့မင့်ထိပ်မှာ စေတီတော်ဟာ လင်းထိန်ဝင်းပ၊ ။ ။
သုအိုင်စံ
၂၅-၀၁-၂၀၁၃
Comments
Post a Comment