((( လွပ်လပ်ခြင်းဗလာ )))

((( လွပ်လပ်ခြင်းဗလာ )))

ဒီလမ်းကို အရင်က
ဘဝလမ်းလို့ ခေါ်တယ်
အခုတော့ လဒလမ်းတဲ့

ဒီပန်းကို အရင်က
ဘဝပြုအလှပန်းလို့ ခေါ်တယ်
အခုတော့ အသုဘပန်းတဲ့

ဒီတောင်ခြေကို အရင်က
ဘုရားခြေရင်းလို့ ခေါ်တယ်
အခုတော့ အများသေတွင်းတဲ့

ဒီပန်းခြံကို အရင်က
အချစ်ရဲ့ပျိုးပင်လို့ ခေါ်တယ်
အခုတော့ အပြစ်ရဲ့ကြိုးစင်တဲ့

ဒီနာရီကို အရင်က
အလွတ်ပြေးမဲ့ အချိန်အခါလို့ ခေါ်တယ်
အခုတော့ မလွတ်သေးတဲ့ ကျိန်စာတဲ့

ဒီအသံတွေဟာ
အရင်က အလာ၊ ဂျေးဆက်၊ ဗုဒ္ဓလို့ မြည်တယ်
အခုတော့ ဗလာ၊ သွေးပွက်၊ ဒုက္ခလို့ မြည်တယ်
ဘယ်သူက ဘာမြင်ချင်၊ ဘာကြားချင်၊
ဘာသိချင်သေးလို့လဲ
အတူတကွ မျက်လုံး မရှိ၊ နား မရှိ၊
ဦးနှောက် မရှိတဲ့ နေရာမှာ
ပါးစပ်လည်း မရှိ၊ စကားလည်း မရှိ
ဘုရားလည်း မရှိတဲ့ နေရာမှာ
စေတန်တောင်မှပဲ သေဒဏ်ထောင်ကျမြဲ
အမဲနက်ဆုံးမဟူရာ ဖြူ ဖြာလင်းဝင်းနေပ
တကယ့်လွပ်လပ်ခြင်းဗလာ။   ။
သုအိုင်စံ
၃၀-၀၃-၂၀၁၄

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))