((( ပြသဒါး )))
((( ပြသဒါး )))
ဂိုးတိုင်ထိပြီး ထွက်လာတဲ့ ဘောလုံးတွေက
တင်းနစ်ကွင်းမှာ အမြဲပိုက်တိုးပေမဲ့
အဲဒီတင်းနစ်ဘောတွေက
ဘောလုံးပွဲမှာ ဘယ်တော့မှ ပိုက်မတိုးဘူး
ဆယ်ပူးနဲ့လည်းရှူံး
ကင်းပူးနဲ့လည်းမနိုင်
ဘ၀ပွဲမှာ ဘေးထွက်ထိုင်နေရတော့မလား
ကိုယ်ဟာ
ဖွဲအိပ်ပေါင်း တစ်သန်းလောက် မ နိုင်သေးတဲ့ အဖိုးအိုပါ
နှစ်မိုင်ရှည်တဲ့မီးစာနဲ့ ဆယ်တိုင်ကီစာအပြည့်ရှိတဲ့ မီးခွက်ပါ
ဒိုင်အိုဂျီးနီးစ်ထက်တောင် ပိုတွေးဆနိုင်တဲ့ သောက်ရူးပါ
စက်လတ်ကို တစ်တောင့်ချင်းပစ်နိုင်တဲ့ လက်ညိုးပါ
ဟစ်တလာထက်ပိုမိုက်ရဲတဲ့ အမေရိကန် သမ္မတပါ
ဈေးခွေးထက် ပိုပြီးအပေအတေခံတဲ့ ဂျစ်ပစီပါ
ဘုရားသခင်ထက် ပိုပြီးမော်ဒန်ဖြစ်တဲ့ ဒိဌိပါ
ဆယ်ပွဲကစား ဆယ်ပွဲရှူံးတောင် မမွဲတဲ့ ဖဲသမားပါ
အဲဒီလောက် တောင့်ခိုင်မှုတွေနဲ့တောင်
ကုန်းမြေမှာကြိုးစားခဲ့သမျှ
အရှူံးတွေသာ တိုးပွားခဲ့ရလေရဲ့
စားကျက်ကို သမုဒ္ဒရာဆီ ရွေ့ခဲ့တယ်။
ပုလဲငုတ်ဖို့ ဒိုင်ပင်ထိုးချ
ငမန်းပါးစပ်ထဲ တည့်တည့်ကျတယ်ဗျာ။ ။
သုအိုင်စံ

Comments
Post a Comment