((( စိတ်ကိုးမား(COMA) )))
((( စိတ်ကိုးမား(COMA) )))
“ ကမ္ဘာမှာ ခင်ဗျားလိုစိတ်လူနာတွေ များများလာပြီးဗျ
အေးဗျာ၊ ဆေးပညာဟာကိုယ်ခံအားကျဆင်းတဲ့ရော ဂါကို တွေ့သလိုပဲ
စိတ်ပညာဟာကိုယ်ကျင့်တရားကျဆင်း တဲ့ရောဂါကို တွေ့ခဲ့တယ်
အဲ .. မတွေ့တာကတော့ကုသနည်းတွေပဲ၊
လူဟာရိုးသားခွင့်ကိုရခဲ့တယ်
အဲဒါကိုလူမှုရေးမှာချသုံးရတာကို လူတွေကကြိုက်တယ်
လက်ဆွဲနှုတ်ဆက်နေတဲ့ညာလက်မှာ ရိုးသားမှုတွေစီးပါလာတာမျိုး
တစ်ဦးစကားကိုတစ်ဦးက သံသယနဲ့တွက်ချက်စရာမလိုတာမျိုး
အကြည့်ချင်းဆုံတဲ့မျက်လုံးတွေမှာရိုးသားမှုဟာလက်ပနေတာမျိုး
သိပ်လှတဲ့လူ့ရိုးရာတွေပေါ့ဗျာ
ခက်တာက၊
လူညစ်သက်သက်လောကမှာ အဲဒါကသုံးမရဘူး
နီတိနဲ့လက်တွေ့တွေလွဲချော်လာတဲ့ ဒီဘက်ခေတ်မှာ
ဘုရားသခင်ကိုကိုးကွယ်ရမှာ ပျင်းလာသလိုမျိုး
လူတွေဟာရိုးသားမှုကိုချသုံးရမှာ ပျင်းလာကြတယ်
အဲဒါဟာရောဂါရဲ့အစပဲ၊
အရွယ်ရောက်ပြီးသူတွေရဲ့စိတ်ကို စိတ်ဖြာကြည့်လိုက်တဲ့အခါ
တချို့ဟာ တိမ်ကောသွားတဲ့ရိုးသားစိတ်နေရာ မှာ
ဆိုးစိတ်ညစ်စိတ်တွေဝင်ရောက်လာေ တာ့တယ်
မျောက်ကနေလူကိုကူးစက်တဲ့ရောဂါလို ပဲ ကူးစက်လွယ်တယ်
ဥပမာ .. ဟစ်တလာရဲ့စိတ်ရူးဟာ စတာလင်ကိုကူးတယ်
စတာလင်ရဲ့စိတ္တဇဟာ ဆတ်ဒန်ဟူစိန်ကိုကူးတယ်
ခင်ဗျားရောဂါဟာ လူအားလုံးဆီကကူးတာဖြစ်နိုင်တယ်
တကယ်တော့လူဟာ
ကလေးတယောက်လို သောကကင်းရတာကိုဝမ်းမြောက်ပေမဲ့
ကလေးတစ်ယောက်လို ပုံသွင်းခံရမှာကိုတော့ကြောက်တယ် ဗျာ
ဆိုတော့ကာ
မတတ်နိုင်ခြင်းဆေးခါးတွေ မျိုချရုံကလွဲလို
့ဒီအသိတရားလွဲကိုဘာနဲ့ဆက်ကုနို င်ဦးမှာလဲ
ခင်ဗျားလည်း နောက်ထပ်ဆေးခန်းမလာနဲ့တော့
အဲ...ဖြစ်နိုင်ရင်၊အခုကျနော်ရှ င်းပြခဲ့တာတွေအားလုံး
ကျနော်ကိုပြန်ပြောခဲ့ပါလား
အဲဒါတွေကိုသဘောပေါက်ဆင်ခြင်နို င်ဖို့
ကျနော်ကိုယ်တိုင်လည်း တကယ်လိုအပ်နေတယ်ဗျာ” ။ ။
သုအိုင်စံ
၁၉၉၉
“ ကမ္ဘာမှာ ခင်ဗျားလိုစိတ်လူနာတွေ များများလာပြီးဗျ
အေးဗျာ၊ ဆေးပညာဟာကိုယ်ခံအားကျဆင်းတဲ့ရော
စိတ်ပညာဟာကိုယ်ကျင့်တရားကျဆင်း
အဲ .. မတွေ့တာကတော့ကုသနည်းတွေပဲ၊
လူဟာရိုးသားခွင့်ကိုရခဲ့တယ်
အဲဒါကိုလူမှုရေးမှာချသုံးရတာကို လူတွေကကြိုက်တယ်
လက်ဆွဲနှုတ်ဆက်နေတဲ့ညာလက်မှာ ရိုးသားမှုတွေစီးပါလာတာမျိုး
တစ်ဦးစကားကိုတစ်ဦးက သံသယနဲ့တွက်ချက်စရာမလိုတာမျိုး
အကြည့်ချင်းဆုံတဲ့မျက်လုံးတွေမှ
သိပ်လှတဲ့လူ့ရိုးရာတွေပေါ့ဗျာ
ခက်တာက၊
လူညစ်သက်သက်လောကမှာ အဲဒါကသုံးမရဘူး
နီတိနဲ့လက်တွေ့တွေလွဲချော်လာတဲ့ ဒီဘက်ခေတ်မှာ
ဘုရားသခင်ကိုကိုးကွယ်ရမှာ ပျင်းလာသလိုမျိုး
လူတွေဟာရိုးသားမှုကိုချသုံးရမှာ ပျင်းလာကြတယ်
အဲဒါဟာရောဂါရဲ့အစပဲ၊
အရွယ်ရောက်ပြီးသူတွေရဲ့စိတ်ကို စိတ်ဖြာကြည့်လိုက်တဲ့အခါ
တချို့ဟာ တိမ်ကောသွားတဲ့ရိုးသားစိတ်နေရာ
ဆိုးစိတ်ညစ်စိတ်တွေဝင်ရောက်လာေ
မျောက်ကနေလူကိုကူးစက်တဲ့ရောဂါလို
ဥပမာ .. ဟစ်တလာရဲ့စိတ်ရူးဟာ စတာလင်ကိုကူးတယ်
စတာလင်ရဲ့စိတ္တဇဟာ ဆတ်ဒန်ဟူစိန်ကိုကူးတယ်
ခင်ဗျားရောဂါဟာ လူအားလုံးဆီကကူးတာဖြစ်နိုင်တယ်
တကယ်တော့လူဟာ
ကလေးတယောက်လို သောကကင်းရတာကိုဝမ်းမြောက်ပေမဲ့
ကလေးတစ်ယောက်လို ပုံသွင်းခံရမှာကိုတော့ကြောက်တယ်
ဆိုတော့ကာ
မတတ်နိုင်ခြင်းဆေးခါးတွေ မျိုချရုံကလွဲလို
့ဒီအသိတရားလွဲကိုဘာနဲ့ဆက်ကုနို
ခင်ဗျားလည်း နောက်ထပ်ဆေးခန်းမလာနဲ့တော့
အဲ...ဖြစ်နိုင်ရင်၊အခုကျနော်ရှ
ကျနော်ကိုပြန်ပြောခဲ့ပါလား
အဲဒါတွေကိုသဘောပေါက်ဆင်ခြင်နို
ကျနော်ကိုယ်တိုင်လည်း တကယ်လိုအပ်နေတယ်ဗျာ” ။ ။
သုအိုင်စံ
Comments
Post a Comment